My Miss's Mr

3.3K 250 6
                                    

Baek : Annyeong! Byun Baekhyun ပါ.. ကျွန်မ ကို မသိတာ ရှိရင် သင်ပြပေးကြပါ...

Baek သူမရှေ့က ဆယ်ကျော်သက်တို့ အသည်းစွဲ တမ်းတမ်းတတ ဖြစ်နေသော ကောင်ချောလေး ၄ယောက် ကို နှုတ်ဆက်စကားဆိုရင်း တချက် လှမ်းအကဲခတ် လိုက်မိသည်။....

သူမ ဝင်လာတည်းက ခြေဆုံး ခေါင်းဆုံးကြည့်နေသူက အဖွဲ့ရဲ့ main dance Kai..

ကြည်လင်သော အပြုံးနုနု ဖြင့် ပြုံးပြသူက Main Vocal Suho...

ဆက်တီ ကို ကျောမှီကာ လက်ပိုက်လျက် ခပ်တည်တည် ကြည့်နေသူက Show ပွဲတိုင်းရဲ့ Sexy King. Sehun..

နောက်ဆုံးတယောက်.....သူက အဆိုးဆုံး ပင်.. စာအုပ်ဖတ်နေရာက လှည့်ပင် မကြည့်..
သူက အရေးမလုပ်ပေမဲ့ Baek သူ့ကို သိနေပါသည်။. Heaven ရဲ့ Main rapper Chanyeol..
ဒီမလာခင် လေ့လာဖြစ်သော သူတို့ အကြောင်း တွေ အရ..သူ့ ကိုက ရင်ဆိုင်ရ အခက်ဆုံး ဖြစ်ပါလိမ့်မည်လေ..

Suho : Annyeong!.. ကိုယ့်နာမည် Suho ပါ... အကူအညီ လိုရင်ပြောပေါ့.

Baek : nae.....ကျေးဇူးပါ.....

Baek ခမျာ Suho ရဲ့ ဖော်ရွေ မှု့ကြောင့် သက်ပြင်းချမည် ကြံသေး. သူမ အနား ကပ်လာကာ အပေါ်က ကိုယ် ကိုကိုင်းကာ စီးမိုးကြည့်နေသော Sehun ကြောင့် မျက်လုံးတွေပင် ပြူးမိသည်။..

အနီးကပ် မြင်နေရသော Sehun မျက်နှာချောချောက မထိရက်စရာ.. မျက်တောင်မွှေးလေးတေများ ရှည်ကော့နေကာ မျက်နှာက ဖြူဖွေးလို့..

Sehun : ပုချက်က ကမ်းကုန်ပဲ။.. တပတ်လှည့် ကြည့်.....

Baek : ရှင်...

Sehun : ကြာတယ်ကွာ....

Sehun ပြောရင်း Baek ကိုယ်လေးကို ဆွဲလှည့်လိုက်သည်။.

Sehun : အင်း... အသားအရည် ကတော့ လှသားပဲ. လက်လေးတွေတော့ အတော်လှသား..
လုပ်ကြည့်ပေါ့.ငါတို့ နဲ့ ..

၂ယောက် ပြီးသွားတော့ နောက်တယောက် လာပြန်ပြီ..

Sexy skin လေးနဲ့ Kai..

Kai : wavey တကွက်လောက် လုပ်ပြ..

Baek : အမ်..ဘာ..ဝေ့ဖ်...

Kai : ကျွတ်စ်.. wavey လေးတောင် မရပဲ ဘယ်လို ငါတို့ အဖွဲ့ထဲ ဝင်မှာလဲ။.
Hyung!!!.. Chanyeol Hyung!

My Miss's MrWhere stories live. Discover now