အချစ်ဆိုတာကိုတွေးလိုက်မိလေတိုင်း ခပ်ဝိုင်းဝိုင်းမျက်လုံးတွေက မြင်ကွင်းထဲနေရာယူလာတတ်တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ ကလေး...။
''''''''''''''''''''''''''''''
"မင်္ဂလာပါ ငါက ဒိုဂျောင်ဆူး..."
ကျောင်းသားသစ်ကို ဆရာမကမိတ်ဆက်ပေးအပြီးမှာ
ိချစ်စဖွယ်ပင်ဂွင်းပေါက်က မျက်လုံးလေးတွေအတန်ငယ်မှေးသည်အထိ အားလုံးကိုရယ်ပြလို့ နှုတ်ဆက်ရင်း အတန်းထဲကို ဝင်ရောက်လာသည်။သူထိုင်လို့ရမယ့်နေရာကို ဝေ့ဝဲကြည့်ရင်းက နားကားကားကောင်လေးရဲ့ဘေးက နေရာလွတ်နေတာမို့ ပင်ဂွင်းပေါက်ကဝင်ထိုင်လိုက်ရင်း သူငယ်ချင်းဖြစ်ခဲ့ကြလေရဲ့...။
နေ့ရက်တွေရဲ့ဖြတ်သန်းမှုကို ရွက်ဆုတ်ပြက္ခဒိန်ရဲ့ ခပ်ပါးပါးကျန်ရှိမှုကဖော်ပြလို့နေသည်။ ဘာလိုလိုနဲ့ ရက်မှ လသို့ပြောင်းရွေ့ခဲ့ပြီလေ။
"ဒိုဂျောင်ဆူး အရူး ပြန်ပြောပါလား ဘာလို့ငြိမ်ခံနေတာလဲ.."
"ငါက သူငယ်ချင်းတွေနဲ့ရန်မဖြစ်ချင်လို့ပါ"
"မင်းအဲ့လို အလျော့ပေးနေရင် အမြဲအနိုင်ကျင့်ခံနေရမှာပေါ့"
"ဒါပေမယ့် ငါ့သူငယ်ချင်းတွေ ငါ့ကိုစိတ်ဆိုးပြီးမခေါ်ရင် ငါမနေတတ်ဘူး"
"ငါကရော... အခုငါမင်းကို စိတ်ဆိုးလို့သေတော့မယ်"
နားကားကားကောင်လေးရဲ့ စကားကြောင့်
"ငါသိတယ်... မင်းငါ့ကို မခေါ်ဘဲနေမှာမဟုတ်ဘူးလေ ချန်ယောလ်ရဲ့"
့ ပင်ဂွင်းပေါက်ဟာပြုံးလိုက်ရင်း လက်ကိုဆွဲကိုင်ကာ ချစ်စဖွယ်ပြောလိုက်တော့ စိတ်ဆိုးနေပုံရတဲ့ကောင်လေးရဲ့ ဒေါသတွေက ရှေ့ဆီကပုတုလေးရဲ့အပြုံးကြောင့် လွင့်စင်သွားခဲ့လေရဲ့။
YOU ARE READING
Someday......
Fanfictionအချစ်ဆိုတာကိုတွေးလိုက်မိလေတိုင်း ခပ်ဝိုင်းဝိုင်းမျက်လုံးတွေက မြင်ကွင်းထဲနေရာယူလာတတ်တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ ကလေး...။