ပြစ်ချက်တွေ......... ပြစ်ချက်တွေ.........
ဘယ်အတိုင်းအတာထိသူလက်ခံပေးနိုင်မလဲ။ ခါးတာလူတိုင်းကြိုက်တတ်ပေမယ့် အတိုင်းအတာတစ်ခုအထိတော့ ကြိုက်ဦးမှာပေါ့။ ဘယ်သူမဆို ချိုတာလေးဖောက်ထည့်လိုက်လို့ အရသာတွေ့သွားရင်ကော ဘယ်သူကကြိတ်မှိတ်ပြီး ဆက်လတ်ရသာခံနေဦးမှာလဲ။"ငါ့အတွက် မလွယ်ကူဘူး Suhoရေ။ ဒီအတိုင်းလက်ခံပေးလိုက်ဖို့...."
"ဘာကိုမလွယ်တာလဲ..... မင်းကိုပြန်ချစ်လိုက်ပါလို့လည်း ငါပြောနေတာမဟုတ်ဘူး.... ဒါပေမယ့် သူ့အတွက် အခွင့်အရေးတစ်ခုလောက်တော့ ထိုက်တန်လောက်ပါတယ်ကွာ...."
ကဲ ဟုတ်ပါပြီရဲ့ လက်ခံလိုက်ပါပြီ ဆိုပါဦးစို့။ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာမယ့် ခံစားချက်တွေရဲ့ ပြင်းထန်မှုကို ကျွန်တော့်ရဲ့နုရွှလှသော နှလုံးသားက ပညာသားပါပါကိုင်တွယ်နိုင်ဦးမှ။ အချစ်မပါပဲ ဖြတ်သန်းဖို့ ရည်မှန်းထားပေမယ့် ကံကြမ္မာကိုက ကျွန်တော့်ကို အလွှတ်မပေးဘူးထင်ရရဲ့။ ဒီအသက်အရွှယ်နဲ့ အချစ်ရေးကြောင့် ခေါင်းပူနေရတာလည်း လူတကာမကြားကောင်းဘူး။ နောက်ထပ်တစ်ခုက ငါ့လိုလူမျိုးကိုမှ ကြိုက်မိတဲ့ သူ့ကိုကော ဘယ်လိုသံသယတွေခဝါချပြီး ရော့့အင့် ငါ့ဒဏ်ရာတွေကုစားပေးဆိုပြီး ပေးလိုက်မလဲ။
"မင်း မိဘတွေ သတင်းကော ကြားမိသေးလား..."
ဘုမဆိုင် ဘမဆိုင် မေးလာတဲ့ Suhoရဲ့အမေး။ အနာအပေါ် တုတ်ထိုးလိုက်သလို လူဟာ တစ်ချက် စိတ်ပေါက်သွားတယ်။ ဘာကိစ္စသူတို့တွေက ပါလာရပြန်တာလဲ။
"မသိဘူး လာမမေးနဲ့......"
"ငါထင်သားပဲ.... အဲ့ဒါက အကြောင်းပြချက်ပဲမလား Kris hyungတင်မကဘူး မင်းမိဘကပါ မင်းကိုပစ်သွားတာမို့......."
"တော်တော့ Suho.... ငါမကြားချင်တော့ဘူး...."
ပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေက ကောင်းကွက်တစ်ကွက်မှ ရှိသည်မဟုတ်။ ချစ်ရတဲ့သူကို လက်လွှတ်လိုက်ရတဲ့ တစ်နေ့ထဲမှာပဲ အိမ်အပြန်ရောက်တော့ စာလေးတစ်စောင်နဲ့ ကျွန်တော့်ကိုပစ်သွားခဲ့သော မိဘနှစ်ပါး။ အစကတည်းက အချစ်မပါပဲ အိမ်ထောင်တစ်ခုကို တည်ဆောက်ခဲ့ကြပြီး မေတ္တာငတ်ခဲ့သူ ကျွန်တော်ဟာ ကျွဲနှစ်ကောင်ကြား မြေစာပင်ဖြစ်ခဲ့ရတယ်။ အသည်းတွေလည်းကွဲ မျှော်လင့်ချက်တွေလည်း စုတ်ပြတ်သတ်ခဲ့တဲ့ နေ့ရက်တွေ။ အမေကတော့ အမေရိကမှာ သူ့ဘက်ကအမျိုးတွေနဲ့ နေနေပြီး အဆက်အသွယ်ရှိပါသေးတယ်။ အဖေကတော့ သတင်းမကြားရတာကြာပါပြီ။
YOU ARE READING
Piece by Piece
Fanfiction"တစ်ချို့သောနှလုံးသားအပိုင်းအစများသည် ချစ်ရသောသူအတွက်ကြွှေလွှင့်ပေးရသလို တစ်ချို့သောနှလုံးသားအပိုင်းအစများသည် အချစ်ခံရသောသူအတွက် ဆေးလည်းဖြစ်နိုင်သလို ဒဏ်ရာလည်းဖြစ်လေသည်"