"appa...""Suho...သား ရောက်လာပြီလား?"
"nae..."
"သား မျက်နှာက ဖြူဖပ်နေတာပဲ...
နေမကောင်းဘူးလား""ကောင်းပါတယ် appaရဲ့...ဒီရက်ပိုင်း နည်းနည်းပင်ပန်းနေလို့ ပါ"
appaအတွက် ရှေ့နေငှားပြီးသော်လည်း
လက်ရှိအခြေအနေအရ အမှုကို နိုင်နိုင်ချေမရှိကြောင်း ရှေ့နေဆီက ကြားသည့်အခါ ကျနော် ဘယ်လိုဆက်လုပ်ရမှန်းမသိတော့ပါ...Appaက အလွဲသုံးစားမလုပ်ဖူးဟု အတပ်သိနေသော်လည်း အပြစ်မရှိကြောင်းပြနိုင်မည့်...
သက်သေတွေက ရှိမနေ...
နောက်ဆုံး ခေါင်းထဲဝင်လာသည်ကHyung...
Hyungကို အမှုရုတ်သိမ်းခိုင်း
ဖို့ တောင်းဆိုရင်ရော?
Hyungဘက်က အလွယ်တကူလက်မခံနိုင်မှန်းလည်း သိသည်...
Hyungကျေနပ်အောင် တောင်းပန်ပြီးပဲဖြစ်ဖြစ်...
Hyungစိတ်တိုင်းကျတဲ့အထိ ကျနော်တစ်စုံတစ်ခု လုပ်ပေးတာပဲဖြစ်ဖြစ်...
မရရသည့်နည်းနှင့် Hyungကို တောင်းဆိုကြည့်ရမည် ဟု ကျနော်တွေးပြီး ချိန်းလိုက်သည်...
ကျနော့်ဖုန်းကို တမင်သက်သက်မကိုင်
သည်ပဲလား?
ကျနော့် messageတွေကို seenသာ ပြပြီး
မလာချင်လို့ တမင်သက်သက်
ပြန်မပို့ သည်ပဲလား?ကျနော် မတွေးတတ်ပါ...
အရင်က ကျနော့်ချစ်သူအဖြစ်ရှိနေသည့် Hyungက ကျနော့်အပေါ် ထားတဲ့အချစ်တွေကိုတောင် အတုအယောင်လား...အစစ်အမှန်လား...မခွဲခြားတတ်တာ...အခုလိုHyungစိတ်ထဲအထိ ကျနော်ဝင်တွေးဖို့ ဆိုတာ အဝေးကြီးပေါ့...."သားရယ်...ကျန်းမာရေးဂရုစိုက်ပါကွယ်...
appaမရှိရင် သားommaကို သားပဲစောင့်ရှောက်ရမှာမဟုတ်လား?""appaအမှုနိုင်အောင် ကျနော်တတ်နိုင်သမျှ
ကြိုးစားမှာပါ""သား ကြိုးစားရုံနဲ့ဖြစ်လာမှာမှမဟုတ်တာ သားရယ်...အလကားသက်သက်
အပင်ပန်းမခံပါနဲ့ ..."appaပြောတာလည်း မှန်နေသည်မို့ 
ကျနော် ဘာမှပြန်မပြောမိ...ကျနော်က ရှေ့နေမဟုတ်...ဘာမဟုတ်...အမှုနိုင်အောင် ဘာလုပ်ပေးနိုင်မည်လဲ?ဘာပဲဖြစ်ဖြစ် ချိန်းထားသည့်နေရာမှာHyungမလာမချင်း
စောင့်နေပြီး အမှုကို ရုတ်သိမ်းပေးဖို့  မရရအောင် တောင်းဆိုကြည့်ရမည်...