"ဘာပြောလိုက်တယ်...!!!!Sehun..."
"ကျနော် Jongin နဲ့ လက်ထပ်တော့မယ်လို့ပြောတာပါ.."
"Ooh Sehun..!!! မင်းရူးနေလား...ဟမ်.!! ကွာရှင်းပြီးသား လူနဲ့ ပြန်လက်ထပ်ရအောင် မင်းရူးနေပြီလား..! လူတွေက Ooh Group ကိုလက်ညိုးထိုးပြောစရာဖြစ်အောင် မင်းလုပ်နေတာလား.."
Mr.Ooh ရဲ့ မျကိနှာသည် မယုံနိုင်မှူ အံ့သြမှူတွေနဲ့ ပြည့်နှက်နေလေသည်...Sehun စကားကြောင့် သူမမည်မျှ တုန်လှူပ်သွားသလဲ ဆိုတာ သူမသာ အသိဆုံးဖြစ်မည်...Sehun လက်ကလေးကို Mr.Ooh ကကိုင်လိုက်ကာ...
"သား..Hunnie..မဖြစ်နို်င်ဘူးလေ...ဆုံးသွားတဲ့ သား appa ရဲ့ ဂုဏ်သိက္ခာရှိသေးတယ်လေ...သားတို့ကွာရှင်းလိုက် လက်ထပ်လိုက်ဆို လူတွေက omma တို့ကို ဘယ်လိုမြင်ကူန်ကြမလဲ...လက်လျှော့လိုက်ပါနော်..."
Mr.Ooh ဖြောင်းဖျပေမယ့် sehun က
"သားတောင်းပန်တယ်..omma..သား Jongin အပေါ်အပြစ်တွေများခဲ့တယ်...သားကြောင့်နစ်မွန်းခဲ့တဲ့ သူ့ဘဝလေးကို သားပြန်စောင့်ရှောက်ချင်တယ်..ပြီးတော့ သားသူ့ကို ချစ်တယ် "
Mr.ooh က သူမဆုပ်ကိုင်ထားတဲ့ Sehun လက်တွေကို ဖြုတ်ချလိုက်ကာ.....
"Omma တို့ Jongin လေးကို သားလေးတစ်ယောက်လို စောင့်ရှောက်နိုင်တယ် ..ချစ်နိုင်တယ်..ဒါပေမဲ့ သားရဲ့ လက်တွဲဖော်အဖြစ်တော့ ပြန်လက်မခံနိုင်တော့ဘူး..ပြီးတော့ Jongလေးက. မသန့်ရှင်းတော့ဘူးလေ.."
"Omma.!!!!!"
Mr. Ooh. စကားကြောင့် sehun ထိတ်လန့်စွာ အော်လိုက်မိတယ်...
"Omma..အခုဘယ်လိုစကားမျိုးပြောလိုက်တာလဲ..! JONGIN ကိုဘာလို့ ဒီလို မြင်နေတာလဲ...Jongin အဲ့လိုဖြစိသွားရတာရော ဘယ်သူ့ကြောင့်လဲ...!ကျနော်သာသူ့ကိုအပန်းဖြေအိမ်မှာပစ်မထားခဲ့ရင် ..."
Sehun စကားသံဟာ ရှိုက်သံတွေကြောင့် တိမ်ဝင်သွားရတယ်....သူဒိီကိစ္စကို ဘယ်လောက်ကြာကြာ အစပြန်မဖော်ချင်ပါ.....

YOU ARE READING
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi