သမီးကြီး xiu လှေကားမှတနုံ့နုံ့ဆင်းသွားသည်ကို
ကြည့်၍ ကျွန်မစိတ်ထဲမှာတော်တော်ကြီးကိုမသက်
မသာဖြစ်လှသည်။လေးလံနေသောသမီးရဲ့နောက်
ကျောပြင်လေးကိုကြည့်ပြီး ကျွန်မတရှုံရှုံနှင့်ငိုမိလေ
သည်။သနားစရာကောင်းလိုက်သည့်ကလေး...
အမေ့ကို xiu ကျောခိုင်းပြီးထွက်လာခဲ့ပေမယ့်
အမေငိုနေတာတော့ကျိန်းသေသည်။မငိုပါနဲ့မေမေ...
မေမေဘက်သို့လှည့်ကြည့်၍ xiu အသာလေးပြုံးပြ
လိုက်သည်။မျက်ရည်တွေကြားမှမေမေကလည်းxiu
ကိုပြန်၍ပြုံးပြသည်။ဒါဆိုရင်ရပြီ..မေမေ့အပြုံးကxiuကိုအားဖြစ်သွား
ရပြီ။"ဟေ့..ကောင်မလေး xiu သွားပြီလား
လှလိုက်တာအေ..နင်အဲ့ဒီဂါဝန်လေးနဲ့သိပ်
လိုက်တာပဲ""အမယ်လေးလေး..မယ်xiuရဲ့ဖိနပ်လှလှအကျီင်္ီ
လှလှတွေဝတ်ပြီး ညည်းကအဲ့ဒီအိမ်ကိုလမ်းလျှောက်
သွားမလို့လား...မသကာညည်းအဖေကိုကားနဲ့
လာခေါ်ခိုင်းပါလားအေ့..ညည်းကလည်းသူ့သမီး
ပဲဟာကို..တကယ်တည်းခွဲခြားခွဲခြားနဲ့တော်""ဟယ်..ဘာလည်း..xiuကသမီးအရင်းမဟုတ်ဘူး
လား။မွေးစားထားတာလား..သူ့အဖေကသေသွားလို့
လား""ဘယ်ကမွေးစားရမှာတုန်း အဲ့ဒီကလေးမကအဖေ
မရှိတော့တာလည်းမဟုတ်ဘူး၊သေသွားတာလည်း
မဟုတ်ဘူး၊သူ့အဖေကချမ်းသာတယ်ဟဲ့။သူဌေးသူဌေး
သူ့ကိုလည်းသိပ်ချစ်တာ။အဲ့ကလေးမကသာသူ့
အဖေကိုမုန်းနေတာလေ..အလကားဘဝင်မြင့်နေ
တာပါလေ..မိဘကဘယ်လောက်ပဲမှားမှား သားသမီးဆိုတာမိဘကိုစိမ်းကားလို့ရရိုးလားအေ့""သြော်..သြော်..ဖြစ်ရလေ..ကိုယ့်အဖေကိုကိုယ်မုန်းရ
တယ်လို့ ဘယ်လိုကလေးမျိုးပါလိမ့်.."ထိုအဒေါ်ကြီးတွေ၏ထင်ရာစိုင်းပြောချလိုက်သော
စကားတွေကြောင့် xiuအံကိုကြိတ်ကာလက်ကိုကျစ်
ကျစ်ပါအောင်ဆုပ်ရင်းခပ်စိမ်းစိမ်းမျက်စောင်းကြီး
ဖြင့်လှည့်ကာဝေ့ကြည့်လိုက်တော့ထိုအဒေါ်ကြီး
နှစ်ယောက်သည်ခါးစောင်းလောက်မြင့်သောအိမ်က
ပြင်ကွပ်ပစ်၌ထိုင်၍လက်ဖက်ရည်ကြမ်းသောက်ကာ
xiuကိုကြည့်၍ကောင်းကောင်းကြီးဝေဖန်ထောပနာ
ပြုနေကြတယ်လေ။
YOU ARE READING
အနားသတ်ကြွေသော..ရွက်ဝေ
FanfictionXiuchen...fic "သောကတွေစိမ့်ဝင် အမှောင်နဲ့တူတဲ့ လောကပင်လယ်၊ပျော်ရွှင်ခြင်းကို မီးဖယောင်းထဲသွပ်သွင်းလို့ မျှော်လင့်ချက်နေရောင်ချည်က တဖြည်းဖြည်းချင်းအရည်ပျော်ကျပြီ နောက်ဆုံး... မျက်ရည်စများဖြစ်သွားရရှာသည်" ...