FINAL
Chanyeol အိမ်ဆီ စောစောပြန်ရောက်တိုင်း Baekhyun ရဲ့ studio ထဲ ဝင်ကာ သူပန်းချီဆွဲတာကို ထိုင်ကြည့်သည့် အလေ့က ထိုနေ့က အစပြုခဲ့တာဖြစ်သည်။ စုတ်တံတစ်ချောင်းစီကို လက်နှင့်စမ်းပြီးမှ ကိုင်သော၊ ဆေးဘူးတွေပေါ်က braille တွေကို သေချာကိုင်ကြည့်ပြီးမှ ရောစပ်သော၊ ကင်းဗတ်စပေါ် ခပ်ကြမ်းကြမ်း၊ တစ်ခါတစ်ရံ ခပ်ဖြည်းဖြည်း၊ တစ်ခါတစ်လေ ခပ်မြန်မြန်စုတ်ချက်တင်သော Baekhyun ကို ကြည့်နေရတာကို Chanyeol နှစ်သက်သည်။ Chanyeol မျက်စိရှေ့မှာတင် တန်ဖိုးကြီးပန်းချီကားတွေကို ခပ်ဖြည်းဖြည်းဆွဲသွားသည့် Baekhyun ရဲ့စွမ်းရည်ကလည်း အံ့မခန်းပင်။
ဒါတင်မဟုတ်၊ Baekhyun ရဲ့အကြားစွမ်းရည်ကလည်း သာမန်မျက်မမြင်တွေထက် ပိုကောင်းပုံပင်။ Chanyeol ဘယ်လောက်ခြေသံလုံလုံ Baekhyun က သူရောက်နေတာကို သိသည်။
သောကြာနေ့၏ ညနေခင်းတစ်ခုမှာတော့ Chanyeol ပြန်ရောက်လာသည့်အခါ Baekhyun က ပုံမှန်လို studio ထဲ ရှိမနေပဲ သူတို့ဧည့်ခန်းထဲက (အလှထားသည်ဟု ChanYeol ထင်ခဲ့သည့်) စန္ဒရားရှေ့မှာ ထိုင်နေခဲ့သည်။ Ode to joy ကို တီးနေသည့် Baekhyun ကို Chanyeol တံခါးဝမှပဲ ရပ်ကြည့်နေမိသည်။ သံစဉ်ဆုံးမှ Baekhyun က ဘေးကိုလှည့်လာသည်။
"မင်းအင်္ကျီသွားလဲမှာလား။ ဒါမှမဟုတ် အဲ့ဒီ့မှာပဲ မတ်တပ်ရပ်နေတော့မှာလား"
သူ့စကားကြောင့် Chanyeol အင်္ကျီလဲပြီး ထွက်လာတော့ Baekhyun က စန္ဒရားရှေ့မှာ မဟုတ်တော့ပဲ စာအုပ်တစ်အုပ်ကို ပိတ်လျက်သား ပေါင်ပေါ်တင်လျက် ထိုင်နေတာ မြင်ရသည်။
"ဒီနေ့ ပန်းချီမဆွဲဘူးလား"
Chanyeol မီးဖိုချောင်ထဲ ဝင်ရင်း အော်ပြောတော့ Baekhyun က ဧည့်ခန်းမှ ပြန်ဖြေသည်။
"ဆွဲလက်စ တစ်ကားကို မနက်က အပြီးသတ်လိုက်လို့"
"ကော်ဖီသောက်ဦးမလား"
YOU ARE READING
Merak [CHANBAEK/BAEKYEOL]
FanfictionMerak (Serbian) A sense of oneness with the universe derived from the simplest of the pleasures ________________ Merak (ဆာဘီးယန်း) အရိုးရှင်းဆုံးသော ပျော်ရွှင်မှုများမှ ဖြစ်ပေါ်လာသော စကြဝဠာတစ်ခုလုံးနှင့် တစ်သားတည်းဖြစ်နေသည့် ခံစားချက်။ ________________...