Eleventh Piece

2.9K 328 21
                                    

Flashback

လွန်ခဲ့သော 10နှစ်ခန့်~

"သား.... မင်း Yeollieနဲ့ စကားပြောဖြစ်လားကျောင်းမှာ...."

အမြဲတမ်း company သွားတဲ့လမ်းကြုံနေသ၍ ကျွန်တော်Kris နေ့စဉ် အဖေနဲ့ကားကြုံလိုက်ရသည်မှာ နေ့တဓူဝဖြစ်စဉ်။ နေ့တဓူဝဖြစ်စဉ်မို့ပေလား ငြီးငွေ့နေသော ကျွန်တော်ဟာ အဖေနဲ့ဒီလို နှစ်ယောက်တည်းအတူရှိနေသော အချိန်မျိုးဆို စိတ်ကျဉ်းကျပ်လွန်းလှတယ်။ ဆက်ဆံရေး မကောင်းသောကြောင့်မဟုတ်... ကိုယ်လည်းကိုယ့်အရေး ... သူလည်းသူ့အရေး... မွေးကတည်းကကိုယ့်ကိစ္စကိုယ်နဲ့နေကြတဲ့ သားအဖဆက်ဆံရေးဟာ ဘယ်လိုများ နွေးထွေးပျူငှာနိုင်ပါ့မလဲ။ အခုလည်း... သွားနေတဲ့လမ်းတစ်လျှောက် တိတ်ဆိတ်နေသည်ကို မကြုံစဖူး စကားအစဖော်နေလေတယ်။

"သူက ခင်တတ်တော့ သားကိုကော စကားခဏခဏလာပြောပါတယ်....."

အရမ်းများယဉ်ကျေးနေတယ်လို့ မထင်မိဘူးလား ကျွန်တော့်စကား။ ချစ်ပွန်းချစ်တီးလည်း မနေဖူးတော့ အပြန်အလှန် မေတ္တာတွေလည်း နည်းပါးကာ စကားလုံးတွေလည်း တစ်ယောက်ကိုတစ်ယောက် ထိမိနိုင်ဖို့ကာ အေးစက်လွန်းပါတယ်။

"သူနဲ့ အဆင်ပြေတယ်မလား...."

ဘာကိုဆိုလိုချင်မှန်းတော့မသိ တစ်ခုခုကိုကြံနေဟန်ရသော လေသံမှာ သံသယတစ်ချို့ကာရံမိပေမယ့် ဖြစ်နေကြပါပဲလေဟူသော စိတ်နဲ့လျစ်လျူရှုမိတယ်။

"ဟုတ် အဆင်ပြေပါတယ်...."

Yeollieဟာ Psychology majorယူထားကာ ထက်ထက်မြတ်မြတ်နဲ့ သွက်လတ်သော မိန်းကလေးတစ်ယောက်။ အဖေ့ရဲ့ Share ဝင်တွေထဲက တစ်ယောက်ဖြစ်တဲ့ အန်တီ Yong Heeရဲ့တစ်ဦးတည်းသော သမီး။ စီးပွားရေးအရ ဆက်ဆံရေးပြေလည်ဖို့ သူနဲအပေါင်းအသင်းကောင်းအောင်နေဖို့ အဖေတစ်ခေါက်ပြောခဲ့ဖူးတာရှိတယ်။ ဒါလည်းကြာလှတာ 3လလောက်ရှိချေကောပေါ့။ အခုမှတစ်ခါ အစဖော်နေသော အဖေ့ရဲ့အတွေးတွေဟာ ကျွန်တော်မလိုက်နိုင်အောင် ချူံးချူံးချ ပျောက်ကွယ်လို့နေလေတယ်။ ဒါကလည်း တစ်ခါတစ်လေမှဖြစ်တတ်တဲ့ သဘောမဟုတ်တော့လည်း~

ကျောင်းရှေ့ရောက်တော့ နှုတ်ဆက်စကားပြောပြီး တက္ကသိုလ်အဝင်လမ်းကို ရှုပ်ထွေးနေသောစိတ်နဲ့ ဝင်ရောက်လာခဲ့တယ်။ ရှုပ်ထွေးနေသောအရာအားလုံးဟာ အမှန်အတွက်ကို ဦးတည်နေတဲ့ အခက်အခဲတွေလို့ ယုံကြည်ထားတယ်။ ဒါကြောင့်လည်း ကျွန်တော့်ခေါင်းထဲ အရှုပ်အယှတ်တွေနဲ့ပဲ။ တစ်ခုမဟုတ်တစ်ခုကိုတော့ စိတ်နှစ်ခွဖြစ်ပြီးမှ ဆုံးဖြတ်ရတာ ကျွန်တော်ပဲ။ ရွှေးချယ်စရာများလွန်းသောကြောင့်တော့မဟုတ် ပြောခဲ့တဲ့အတိုင်း မှန်ကန်တဲ့ရွှေးချယ်မှုအတွက်ဆိုသောကြောင့်ရယ်~

Piece by PieceDonde viven las historias. Descúbrelo ahora