Ten's POV
ကျနော်သာသူ့ကိုပိုင်ဆိုင်နိုင်မယ်ဆိုရင်ဘာမဆိုလုပ်ရဲတယ် ဘာလို့လည်းဆိုတော့ကျနော်သူ့ကိုသေလောက်အောင်ချစ်လို့
Jaehyun 's POV
ကျနော်သူ့ကိုဒုက္ခပေးနေရတာက်ုကြိုက်တယ် သူပျော်နေမှာကိုကျနော်မလိုလားဘူး ဒီခံစားချက်ကကျနော်သူ့ကိုမုန်းနေတယ်လို့ပြောတာလား
Taeyong 's POV
ကျနော်မေတ္တာကိုလိုလားတယ် အချစ်ကိုငတ်နေတဲ့သူတယောက်ပါ ဒါပေမယ့် အချစ်ရဲ့နွေးထွေးမှုဆိုတာကိုကျနော်ကြောက်တယ် ဘာလို့လဲဆိုတော့အဲ့နွေးထွေးမှုကထွက်ခွာသွားရင်အထီးကျန်မှုကသေမတတ်အေးခဲတတ်လို့ပဲ
***********
Taeyong 's POV
မနက် ၄ နာရီ
ဒီအချိန်ဟာကျနော့်အတွက်တော့အိပ်ရာထချိန် စောလွန်းတယ်ဆိုရင်တောင်ကျနော်ဘယ်လိုမှမထလို့မရတဲ့အချိန်ပါ
မျက်နှာသစ် သွားတိုက်ပြီးကျောင်းသွားဖို့ပြင်ဆင်လိုက်တယ်ကျောင်းမသွားခင်အိမ်သားတွေအတွက်မနက်စာလုပ်ပေးရတယ်ဒါကျနော့်ရဲ့မနက်ခင်းပါ
"ထွီးးးး"
"ဘာဖြစ်လို့လဲငင်?"
"ဒါကိုမင်းမနက်စာလုပ်ထားတယ်လို့ပြောတာလားးး နောက်မင်းဘယ်တော့မှငါ့အတွက်မလုပ်ပေးနဲ့"
ကျနော့်ကိုအမြဲနိုင်နေတဲ့Jaehyun
ပြောပြောဆိုဆိုနဲ့ကျနော်ပြင်ပေးထားတဲ့ထမင်းပန်းကန်ကိုကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်တယ်
"ခွမ်းးးး"
"သူတောင်းစားတောင်မင်းပြင်ပေးတာစားမှာမဟုတ်ဘူး စောစောစီးစီးကျက်သရေကိုယုတ်တယ် တောက်"
ကြမ်းပြင်ပေါ်ပြန့်ကြဲနေတဲ့ထမင်းလုံးတွေနဲ့ပန်းကန်ကွဲစတွေကိုကျုံးရင်းကျနော့်ဘဝကိုမုန်းမိတယ်
***flash back ***
"အမေ"
ဒီနာမ်စားလေး၁ခွန်းကိုခေါ်လိုက်တာနဲ့ကျနော့်ရဲ့လိုအင်ဆန္ဒတွေရော ဝမ်းနည်းမှုတွေပါပြေပျောက်သွားတယ်

YOU ARE READING
I Can See Your Love Through Your Eyes
Romance"ကျနော့်ဆန္ဒဟာ သူ့ရဲ့အရှင်သခင်လိုနေနေရမယ်ဆိုရင်ကျေနပ်ပြီ သူပျော်ရွှင်နေမှာကို မလိုလားဘူး" -Jaehyun "Taeyong ah ဘာလို့မင်းငါ့ကိုမချစ်နိုင်ရတာလဲ ငါ့ကိုသနားတဲ့စိတ်လေးတောင်မင်းဆီမှာရှိမနေတော့ဘူးလား" -Ten "ကျနော်သူ့ချစ်တယ် အနစ်နာခံတယ်ဆိုတာသူ့ကိုကျေ...