After Break Time
Taeyong 's POV
Break Time ပြီးရင်သင်္ချာအချိန်
ကျောင်းသားတွေအငြီးငွေ့ဆုံးအချိန်"Ya Math teacher စိတ်မကြည်ဘူးတဲ့နော် မင်းတို့လိမ်လိမ်မာမာနေကြ ဆရာစိတ်ဆိုးရင်ကြောက်ဖို့ကောင်းတာမင်းဆို့အသိ"
အတန်းခေါင်းဆောင်မှကြ်ုတင်အမိန့်ပေးစကားပြောထားတာကြောင့်တစ်ခန်းလုံးဆရာမလာခင်ကတည်းကငြိမ်သက်နေကြသည်
ကျနော်နဲ့အဝေးဆုံးမှာထိုင်နေတဲ့Jaehyun ကိုအမြဲချောင်းကြည့်နေရတာအဆန်းမဟုတ်ပေမယ့် ဒီနေ့တော့ရှက်နေမိတယ် ကျောင်းသားအသစ်ဆိုသူကကျနော်Jaehyun ထိုင်နေတဲ့ဘက်လှည့်တိုင်းကျနော့်ကိုပြုံးပြနေလို့
Aish Lee Taeyong အိမ်မှာလည်းမြင်နေရတဲ့မျက်နှာပဲကိုကြည့်မနေနဲ့တော့ မင်းခံစားချက်တွေကိုဘယ်သူမှပြောလ်ို့မဖြစ်ဘူး
ကျနော့်ကိုယ့်ကိုကိုယ်သတိပေးစကားဖြင့် Jaehyun ကိုခိုးခိုးကြည့်ချင်တဲ့ခံစားတွေကိုတားမြစ်နေမိသည်
" Good Afternoon Teacher "
Math ဆရာဝင်လာချိန်မှာတစ်တန်းလုံးအတန်းခေါင်းဆောင်ကြိုမှာထားတဲ့အတိုင်းငြိမ်နေကြပါရဲ့
အပ်ကျသံတောင်ကြားရင်ကြားရမှာ တစ်ခန်းလုံးတိတ်ဆိတ်နေလို့ဒီနေ့ဆရာသင်တာတွေကကျနော့်အတွက်ယောင်လည်လည်ဖြစ်နေတယ် ဆရာလည်းဒီနေ့စိတ်မကြည်ဘူးဆိုတော့ရှင်းလင်းချက်တွေကိုအသေးစိတ်မပြနိုင်ဘူးနဲ့တူပါတယ်
Taeyong 's POV end
ထိုစဉ်
" ကလင် ကလင်~~"(Ph ring tone)
တိတ်ဆိတ်နေတဲ့အခန်းထဲကနေရုတ်တရက်ထွက်လာတဲ့ဖုန်းသံကကျယ်လောင်လွန်းတယ်
ဖုန်းသံကြောင့်တစ်ခန်းလုံး ကြောက်ကြောက်လန့်လန့်နဲ့အသံလာရာဘက်ကိုစူးစမ်းမိကြသည်"ဘယ်သူ့ဖုန်းလဲ"
Math ဆရာရဲ့ခပ်မာမာမေးသံကြောင့် တစ်ခန်းလုံးပိုတိတ်ဆိတ်သွားသည်
"ဘယ်သူ့ဖုန်းလဲလို့ငါမေးနေတယ်လေ"
ကောက်ရိုးပုံပေါ်မီးစကျသလို ထွက်နေတဲ့ဒေါသကိုပိုဆွပေးသလ်ုဖြစ်သွားတော့သည်

YOU ARE READING
I Can See Your Love Through Your Eyes
Romance"ကျနော့်ဆန္ဒဟာ သူ့ရဲ့အရှင်သခင်လိုနေနေရမယ်ဆိုရင်ကျေနပ်ပြီ သူပျော်ရွှင်နေမှာကို မလိုလားဘူး" -Jaehyun "Taeyong ah ဘာလို့မင်းငါ့ကိုမချစ်နိုင်ရတာလဲ ငါ့ကိုသနားတဲ့စိတ်လေးတောင်မင်းဆီမှာရှိမနေတော့ဘူးလား" -Ten "ကျနော်သူ့ချစ်တယ် အနစ်နာခံတယ်ဆိုတာသူ့ကိုကျေ...