I Can See Your Love Through Your Eyes. Ch-5

1.2K 113 3
                                    

Ten's POV

Taeyong ကိုလူမဆန်သလိုနိုင်နေတာကြောင့်ကျနော်လည်းမနေနိုင်တော့ဘဲပြေးကန်ချလိုက်တယ်

ဒေါသကလည်းအရမ်းထွက်နေတော့ကျနော့်ကန်ချက်ပြင်းသွားတယ်နဲ့တူတယ်
ပက်လက်လန် လဲကျသွားတဲ့Jaehyun အပေါ်ကိုကျနော်တက်ထိုင်ပြီး သူ့မျက်နှာကိုအားရပါးရထိုးမိတယ်

"မင်း နောက် Taeyong ကိုထိရဲထိကြည့် "

ကျနော့်ရဲ့ထိုးနှက်မှုကြောင့်မထနိုင်တော့တဲ့Jaehyun ရဲ့အကျီင်္ကော်လံကိုကိုင်ပြီးဒူးထောက်ခိုင်းလိုက်တယ်

"Taeyong ကိုအခုချက်ချင်းတောင်းပန်လိုက် တောင်းပန်လေ(*shout*)"

ကျနော်ပြောတာကို မတောင်းပန်ဘဲတင်းခံနေတဲ့သူ့ကိုကျနော်ဆက်ထိုးမလို့ရွယ်နေတဲ့အချိန်မှာ အတန်းပိုင်ဆရာမတွေနဲ့ကျောင်းအုပ်တွေရောက်လာကြတယ်

"ခုချက်ချင်းရပ်လိုက်စမ်း"

"Ten ရုံခန်းလိုက်ခဲ့  Jaehyun ကိုသူနာပြုအခန်းကိုပို့လိုက်ပါ"
*********
Ten's POV

ရုံခန်းထဲကထွက်လာပြီးကျနော်ကျောင်းဝင်းထဲမှာစိတ်ငြိမ်အောင်ခဏထိုင်နေတယ်

အရာရာပြီးဆုံးသွားပေမယ့်လည်းကျနော်ရင်ထဲမှာတစ်ဆို့ဆို့နဲ့တခုခုကိုမကျေမနပ်ဖြစ်နေခဲ့တယ်

ကျနော်အရင်ကဒီလောက်ဒေါသမထွက်ခဲ့ဖူးသလို ဒီလိုလည်းရန်မဖြစ်ဖူးဘူး

Taeyong ဆိုတဲ့လူတယောက်ကြောင့် ကျနော်မလုပ်ဖူး မဖြစ်ဖူးတာတွေ ဖြစ်ပျက်ခဲ့တယ်

Taeyong ကြောင့်ဆိုတဲ့ အကြောင်းအရာလေးတစ်ခုကြောင့်ကျနော့်စိတ်တွေလွတ်ထွက်သွားခဲ့တယ်
ကျနော်စိတ်တွေကိုအလွှမ်းမိုးနိုင်ဆုံးသူဟာTaeyongြုဖစ်လာခဲ့မယ်ဆိုတာကျနော်အခုထိမယုံနိုင်ခဲ့ဘူး

ဘာကြောင့်မှန်းမသိပေမယ့်
ဘာအတွက်မှန်းမသိပေမယ့်
သချာတာတစ်ခုကတော့
ကျနော်သူ့ကိုချစ်နေမိပြီ

မျက်နှာကိုလက်၂ဖက်နဲ့အကြိမ်ကြိမ်သက်ချပြီးစိတ်ဆန္ဒတွေကိုဖြေလျှော့နေခဲ့ရတယ်
Taeyong ah ချစ်တယ်

I Can See Your Love Through Your Eyes Where stories live. Discover now