I Can See Your Love Through Your Eyes. Ch-6

1.1K 109 1
                                    

Taeyong 's POV

"ဒီဆိုင်ထဲဝင်စားကြမလား အဆာပြေပေါ့"

"Arni "

Ten ရဲ့ဖိတ်ခေါ်ချက်ကိုကျနော်လေသံအေးအေးနဲ့ငြင်းလိုက်တယ်

"Aish လာပါ စားချင်နေရင်သားနဲ့"

Ten ကျနော့်လက်ကိုအတင်းဆွဲပြီးဆိုင်ထဲဝင်မယ်အလုပ် ကျနော်သူ့လက်ကိုခါချလိုက်တယ်
ကျနော့်ရဲ့စိမ်းကားတဲ့အပြုအမူကြောင့်သူကျနော့်ကိုကြောင်ကြည့်နေတယ်
ကျနော်သူ့ရဲ့အံသြနေတဲ့အကြည့်တွေအောက်မှာ ပြောဖို့စကားကိုထုတ်မပြောနိုင်ဘူးဖြစ်နေခဲ့တယ်

"Ten နောင်မင်းငါနဲ့မပက်သက်ပါနဲ့"

မပြောရဲပေမယ့်လည်း သတ္တိခဲပြီးပြောလိုက်မိတယ်
ကျနော့်စကားကြောင့်သူ့မျက်လုံးတွေအရောင်လက်သွားခဲ့တယ် ကောင်းတဲ့အရောင်လက်မှုမဟုတ်တာမသိပေမယ့်လည်းကျနော်မတတ်နိုင်ဘူးလေ ပြောရမှာပဲ

"အကြောင်းပြချက်ကဘာလဲ အကြောင်းပြချက်မရှိဘဲမင်းတောင်းဆိုတာကိုငါမလိုက်လျောပေးနိုင်ဘူး"

ကျနော့်စကားကို စက္ကန့်မခြားဘဲ ပြန်မေးတာကြောင့်ကျနော်လည်းဖြေချင်ရာဖြေလိုက်မိတယ်

"မင်းက ငါအမုန်းဆုံးလူဖြစ်နေလို့ပဲ"

ကျနော့်အဖြေကြောင့်  ကျနော့်လက်ကိုကိုင်ထားရာကနေဖြည်းဖြည်းချင်းလွှတ်ချလိုက်တယ်

ကျနော့်အတွက်ရော သူ့အတွက်ရောမကောင်းတော့တဲ့အခြေအနေတစ်ခုမှာ ကျနော်လည်းမနေတော့ဘဲ သူ့ကိုကျောခိုင်းပြီးထွက်လာလိုက်တယ်

ကျနော်မှားသွားပြီဆိုတာသိလိုက်ပေမယ့်လည်းကျနော်သူ့ကိုတောင်းပန်ဖို့အားမရှိခဲ့ဘူး
Jaehyun ရဲ့အထင်လွဲမှာကိုကြောက်နေမိတဲ့ကျနော်ဟာ
ကျနော့်အပေါ်ကောင်းတဲ့ Ten ကိုယုတ္တိမရှိတဲ့အကြောင်းပြချက်နဲ့ကျောခိုင်းခဲ့ပြီ

ဒီကိစ္စမှာဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိပေမယ့်  ကျနော့်မှာအပြစ်ရှိတယ်လို့ ခံယူလိုက်မိတယ်
ကျနော့်နှလုံးသား သာJaehyun ဘက်မလိုက်မိရင်အရာအားလုံးဟာကျနော့်အတွက်အေးချမ်းနေမှာ

I Can See Your Love Through Your Eyes Where stories live. Discover now