Seoul မြို့လယ်ခေါင်မဟုတ်ပေမယ့်လည်း နာမည်ကြီး private school SMCT ကျောင်းရှိရာ အနီးအနားတဝိုက်လမ်းမပေါ်တွင် ramen ထုပ်များပြန့်ကျဲလျက်ရှိသည်
ပြန့်ကျဲနေသောremanထုပ်များဘေးတွင်သွေးဒဏ်ရာတွေနဲ့ပြည့်နှက်နေတဲ့အမည်မသိကောင်လေးတယောက်မေ့လဲနေသည်
Seoul မြို့ရဲ့ည၁၁နာရီအချိန်ဆိုတာလူခြေတိတ်တဲ့အချိန်ဖြစ်နေခဲ့လို့ မေ့လဲနေတဲ့ကောင်လေးအတွက် ကူရာမဲ့အခြေအနေတစ်ခုဖြစ်နေခဲ့သည်
လောကကြီးနဲ့လုံးဝအဆက်အသွယ်ပြတ်နေတဲ့ ကောင်လေးရဲ့မလှမ်းမကမ်းဘေးက ဖုန်းscreen လေးမီးလင်းလာခဲ့တယ်
အကြိမ်ကြိမ်မီးလင်းခဲ့ပေမယ့် ၊ ringtones တွေထပ်ခါထပ်ခါမြည်ခဲ့ပေမယ့် ဖုန်းပိုင်ရှင်ကောင်လေးဘယ်လိုမှနိုးမလာခဲ့ပါ**************
Taeyong 's POV"တင်းးး တောင်" (Door's bell ringtone)
တခါနှိပ်၍တံခါးလာမဖွင့်တာကြောင့် နောက်တခါထပ်နှိပ်လိုက်တယ်
"တင်းးးတောင်"
"Aish Jinja ဘယ်လိုတောင်နားကန်းနေပါလိမ့်"
၂ ကြိမ် ၃ကြိမ်လောက်တီးလို့မှတံခါးလာမဖွင့်သော Ten ကိုကျနော်စိတ်မရှည်စွာ အပြစ်တင်လိုက်မိသည်
"တင်းးးး တောင်"
ကျနော်လက်မလျှော့ပါဘူး ထပ်တီးတယ်
"Hak Ten ah ငါ့ကိုမင်းနောက်စရာကောင်လေးလို့များထင်နေလား မြန်မြန်တံခါးလာဖွင့်"
၅ ကြိမ်လောက်တီးသော်လည်းထွက်မလာသောTen ကို ကျနော်ပြန်ချေပတဲ့စကားပြောလိုက်တယ်
သူက ကျနော်သိသလောက်တော့ အစအနောက်သန်တဲ့သူမဟုတ်ပါ ဒါပေမယ့်ကျနော့်ဆိုရင်တော့ စချင်စမှာပေါ့လေ"တင်းးး တောင်"
"မြန်မြန်လာကွ ငါတကယ်ပြောနေတာ ငါဒေါသထွက်လာပြီ"
သူ့တံခါးရှေ့မှာကျနော်ရပ်ပြီးbellတီးနေတာ ၁၅မိနစ်လောက်ရှိသွားပြီ ကျနော်ဒေါသထွက်သင့်တဲ့ကိစ္စဖြစ်လာပြီလေ
"ဒေါက် ဒေါက်" (knock)
bellတီးလို့မှထွက်မလာတဲ့Tenကိုကျနော်စိတ်မရှည်တော့ဘဲ လက်နဲ့တံခါးခေါက်တဲ့အဆင့်ထိဖြစ်လာတယ်

YOU ARE READING
I Can See Your Love Through Your Eyes
Romansa"ကျနော့်ဆန္ဒဟာ သူ့ရဲ့အရှင်သခင်လိုနေနေရမယ်ဆိုရင်ကျေနပ်ပြီ သူပျော်ရွှင်နေမှာကို မလိုလားဘူး" -Jaehyun "Taeyong ah ဘာလို့မင်းငါ့ကိုမချစ်နိုင်ရတာလဲ ငါ့ကိုသနားတဲ့စိတ်လေးတောင်မင်းဆီမှာရှိမနေတော့ဘူးလား" -Ten "ကျနော်သူ့ချစ်တယ် အနစ်နာခံတယ်ဆိုတာသူ့ကိုကျေ...