She Is My Lady

1.8K 105 2
                                    

Zawgyi
အထက်တန်းလွှာတွေသာတက်ရောက်ကြတဲ့ပွဲတစ်ခု မှာကောင်လေးတစ်ယောက်ကတော့ ဘယ်သူနဲ့မှစကားမပြောပဲဟိုကြည့်ဒီကြည့် လုပ်နေပါတယ်။သူ့ နာမည်ကတော့Kim Chenပါ။သူကတော့အသက်၂၂နှစ်အရွယ်တ က္ကသိုလ်ကျောင်းသားလေးပါ။မိဘတွေ ကတော့အရမ်းချမ်းသာတဲ့အပြင်Chenကိုလည်းအရမ်းအလိုလိုက်ကြပါတယ်။ပြီးတော့အစ်ကို ဖြစ်တဲ့Kim Chanyeolကလည်းညီငယ်လေး မို့အရမ်းချစ်တော့နေချင်သလိုနေနေတာပေါ့။တက္ကသိုလ်မှာလည်းKingဖြစ်ပေမယ့်မာနမကြီးပဲပျော်ပျော်နေတတ်လို့အားလုံးကခင်ကြပါတယ်။ဒါပေမယ့်Chenက အလုပ်ကိစ္စတွေကိုစိတ်မဝင်စားပါဘူး။အဲဒါကြောင့်တက္ကသိုလ်ဆက်တက် ရင်းအလုပ်ကိုရှောင်ဖို့စဉ်းစားနေပါတယ်။သူအတွေး တွေလွန်နေတုန်း-

Yeol-"Chennie..."

Chen-"အောင်မလေးဗျ ...ဘုရားကြီးငုတ် တုတ်ကြွ!!! လန့်ထှာHyungရယ်...လိပ်ပြာ လေးပြန်လာပါ...ကလူ..က..."

ပြောနေဆဲစကားများပင်ရပ်သွားပြီးChenတစ်ယောက်ပါးစပ်အဟောင်းသားနှင့်ငေးနေမိလေ သည်။အကြောင်းမှာပွဲခင်းထဲသို့ဒူးအထက်နားထိခွဲထားသောရင်ပြတ်ကိုယ်ကျပ်ဂါဝန်အနီရောင်ကိုမှရင်ဘတ်နားတွင်လိပ်ပြာပုံရင်ထိုးလေး ချိတ်ထားသောသူမ၊ ဆံပင်တို့ကိုဣနြေ္ဒရှိစွာ ထုံးဖွဲ့ထားကာလူကြီးဆန်စွာပြင်ဆင်ထား၍ကျက်သရေရှိနေသောသူမ၊ ပါးဖောင်းဖောင်း လေးတွေ....အနီရောင်နှုတ်ခမ်းတွေနဲ့တင့်တယ်လွန်း သောသူမ...ထိုထိုသောအရာများနှင့် ပြည့်စုံနေသောသူမကိုတွေ့လိုက်ရ၍ဖြစ်သည် ။Chen၏နှလုံးသားသည်လည်းအပြင်သို့ ထွက်သွားမတတ်ခုန်နေလေသည်။

Yeol-"Chen....Chennie..."

Chen-"ဟုတ်ကဲ့လိပ်ပြာလေး...အဲလေ...hyung"

ကြောင်တောင်တောင်ဖြစ်နေသောChenကိုကြည့်၍Chanyeolစိတ်ပူသွားကာနှဖူးကိုလက်နှင့် စမ်း၍-

Yeol-"ဟင်...ဘာတွေဖြစ်နေတာလဲ။နေမကောင်းလို့ လား။"

Chen-"အင်း...ကျွန်တော်ဖျားနေပြီထင်တယ်။"

Yeol-"ဟုတ်လား။ဒါဆိုပြန်ရအောင်။ဆေးခန်းသွားမယ်။"

Chen-"မလိုပါဘူး။Love sickဖြစ်နေတာ။"

Lay-"သားတို့ရယ်...ommaရှာလိုက်ရတာ။ဒီရောက် နေတာကိုး။လာ...အိမ်ပြန်ရအောင်။"

She Is My Lady (Completed)Where stories live. Discover now