ဇာမဏီ

1.1K 140 7
                                    

"ဇာမဏီ"


လူမှန်းသိတတ်စ အရွယ်တည်းက လောကကြီးရဲ့ ကန့်သတ်ချက်တွေ စည်းမျဉ်းတွေကို ကျွန်တော် သင်ယူခဲ့ရသည်။ မလိုအပ်ဘဲ တည်ရှိနေသော စည်းကမ်းများက ကျွန်တော့်ကို စိတ်ရှုပ်စေသည်။

အခု ကျွန်တော် ကြီးပြင်းလာသောအခါတွင်လည်း ပတ်ဝန်းကျင်ဆိုသော လူ့အဖွဲ့အစည်းမှ ဆွဲထားသော စည်းမျဉ်းများက ကျွန်တော့်ကို လည်ပင်းလာညှစ်နေပြန်သည်။

"ယောက်ျားလေးချင်း၊ မိန်းကလေးချင်း ချစ်ခွင့်မရှိဘူး" တဲ့...

ဒါဆိုရင် မိန်းကလေးကိုယ်ထဲ ရောက်နေတဲ့ ကျွန်တော်ကရော ဘယ်သူ့ကို ချစ်ခွင့်ရှိပြီး ဘယ်သူ့ကို ချစ်ခွင့်မရှိဘူးလဲ။

ဟုတ်ကဲ့... ကျွန်တော်သည် မိန်းကလေးကိုယ်ထဲ ပိတ်မိနေသော ယောက်ျားတစ်ယောက်သာ ဖြစ်ပါသည်။

------

ကျွန်တော့်ရဲ့ နာမည်ကိုက "ဇာမဏီ" တဲ့။ ဆန်းထွေသော နာမည်အောက်မှာ ကျွန်တော်သည် ထူးခြားသောဘဝကိုပါ ရရှိခဲ့သည်။

"ဟဲ့... ဇာမဏီ။ နင်က မိန်းကလေးလား ယောက်ျားလေးလားဟယ်... ဝတ်ထားတာကိုလည်း ကြည့်ဦး"

"မိန်းကလေးက မိန်းကလေးလိုနေစမ်းပါ"

"နင်က မိန်းကလေး။ ယောက်ျားလေး မဟုတ်ဘူးဆိုတာလည်း သတိထားဦး"

ထိုစကားများကို ကျွန်တော် နားရည်ဝနေခဲ့တာ ကြာပြီ။ တကယ်တော့ ကျွန်တော်က တခြားသူတွေထင်နေသလို မိန်းကလေးဖြစ်လျက် ယောက်ျားလေးလို နေထိုင်နေခဲ့တာမဟုတ်။ ယောက်ျားလေးဖြစ်လျက် မိန်းကလေးကိုယ်ထဲ အသက်ရှင်နေခဲ့ရတာ ဖြစ်သည်။

------

ကျွန်တော့်ဘဝကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားသည့်အချိန်မှာ ကျွန်တော် ဆယ်တန်းပြီးကာစပဲ ရှိသေးသည်။

ယောက်ျားလေးတစ်ယောက်လို ဝတ်စား၊ ယောက်ျားလေးလို ပြောဆို၊ ယောက်ျားလေးပမာ နေထိုင်သည့် ကျွန်တော့်တွင် သာမန်ယောက်ျားလေးတစ်ယောက်လိုပဲ မိန်းကလေးချစ်သူတစ်ယောက် ရှိခဲ့သည်။ သူ့နာမည်က သော်တာနွယ်တဲ့လေ...

PHOENIX (A #TRANSGENDER STORY)Where stories live. Discover now