" Appa !!! "
အသံသေးသေးလေး အော်သံအဆုံးမှာ နှစ်ခြိုက်စွာပြုံးရင်း လက်နှစ်ဖက်ကိုဆန့်တန်း ဒူးတစ်ဖက်ထောက်ကာ ပြေးဝင်လာမယ့် ကျွန်တော်ရဲ့ အချစ်ရဆုံး သားလေး Byun Young Xing ကို စောင့်ကြိုလိုက်သည်......
အင့်ခနဲနေအောင် ရင်ခွင်ထဲတိုးလာပြီး ပါးတစ်ဖက်ကို နမ်းရှိုက်လိုက်တော့ ကျွန်တော် ပြုံးလိုက်သည်.......
" သားရယ် ဖြေးဖြေးမလာဘူး ချော်လဲလို့ ဒဏ်ရာရရင် Appa ရင်ကျိုးရချေရဲ့ "
ပြောလိုက်တော့ ချစ်စဖွယ်အပြုံးလေးနဲ့
" လဲပါဘူး Appa ရဲ့ Appa သားက လူကြီးဖြစ်နေပြီကို 😁"
သားရဲ့  စကားအဆုံးမှာ ကျွန်တော် အားပါးတရ ရယ်မိသည်.
.
ငါးနှစ်အရွယ် စကားတတ်လွန်းလှသည့် သားက ကျွန်တော့ရဲ့ ဘဝ.......ကျွန်တော့ဘဝကြီးက အခုဆို သားကြောင့် ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပြီ ........
သားကို ချီလိုက်ပြီး ကျွန်တော်တို့ရဲ့ ရိပ်မြုံလေးဆီ လမ်းလျှောက်ကာ ပြန်လာခဲ့သည်........
တီတီတာတာ စကားလေးတွေကို တစ်လမ်းလုံး ဆိုရင်း ချစ်စဖွယ်ကောင်းအောင်ပြုမူနေသည့် သားကိုကြည့်ရင်း ပြုံးမိပြန်သည်..
*xxxxxxxxxxx*xxxxxxxxxxx*xxxxxxxxxx*xxxxxxx
မြင်ကွင်းထဲမှ တရိပ်ရိပ်ဝေးကွာသွားသည့် ပုံရိပ်သေးသေးလေးကို ကြည့်ရင်း နာကျင်မိသည်......
မေ့ပျောက်လုဆဲဆဲ အပြုံးလေးတွေက စိတ်လှုပ်ရှားအောင် ပြုလုပ်နိုင်ပေမယ့် .........
ငါ မရှိပဲ ရပ်တည်နေတဲ့ မင်းကိုကြည့်ရင်း မုန်းတယ် ....
မင်းဆိုတာ ငါ့အပိုင်ပဲ
ငါ့ရင်ခွင်နဲ့ ဝေးရာကို ထွက်ပြေးလို့ လွတ်မြောက်ပြီလို့ထင်နေလား
?မင်း ဘယ်နေရာမှာပဲ ပုန်းနေနေ ငါ့လက်က မလွတ်မြောက်နိုင်ပါဘူး ...