I Can See Your Love Through Your Eyes Ch-9

997 119 0
                                    

Ten's POV

ညအမှောင်ကြီးစိုးလာသလို ကျနော့်ရင်ထဲမှာလဲ ကြေကွဲတဲ့ခံစားချက်ကပိုမှောင်မိုက်လာခဲ့တယ်

ကမ်းခြေဘေးမှာ မရေတွက်နိုင်တဲ့ ဘီယာဘူးတွေနဲ့ ကျနော်ထိုင်နေမိတယ်

💭 Taeyong မင်းအရမ်းရက်စက်တယ် ငါ့ကိုသနားတဲ့စိတ်လေးတောင်မင်းမှာမရှိတော့ဘူးလား မဟုတ်ဘူး မင်းရက်စက်တာမဟုတ်ဘူး မင်းကိုအရမ်းချစ်မိတဲ့ငါကပဲရက်စက်တာ ဘာလိုတွေပြောင်းလဲပြောင်းလဲ ဘာတွေပဲဖြစ်ဖြစ် ငါမင်းကိုဆက်ချစ်နေမှာ💭

ကျနော့်အတွေးရော နှလုံးသားရော ကိုချုပ်ကိုင်နိုင်လောက်အောင် သူ့လိုခပ်အေးအေးနေတတ်တဲ့ Taeyong မှာဘယ်လိုစွမ်းအင်တွေရှိနေခဲ့တာပါလိမ့်

ဆောင်းတွင်းကလည်းဖြစ် ကမ်းခြေနားလည်းဖြစ်တော့ သာမန်ထက်အအေးပိုနေခဲ့တဲ့ည

ဘယ်လောက်ပဲအေးအေး ကျနော့်ရင်ထဲက အသည်းကွဲမီးကိုမငြှိမ်းနိုင်ဘူးလေ

အမြဲတမ်း Taeyong အတွက်ဘယ်လိုပေးဆပ်ရမလဲပဲစဉ်းစားနေခဲ့တာ
ကျနော်သူ့ကို အရူးအမူးချစ်ပြီးနားလည်လိုက်တာက

အချစ်ဆိုတာပေးဆပ်ခြင်းပဲ

"Taeyong ah~~~~~~ Wae...... Wae yo????!!!~~~~~~ ဘာလို့ငါ့ပြန်မချစ်နိုင်ရတာလဲ?????? Ahhhhhhhhhh!!!!!!! ငါမင်းကို အ ရမ်း ချစ် တယ်--- !!!"

ကျနော့်ရင်ထဲက ကြေကွဲမီးကို ပင်လယ်ကြီးကိုရင်ဖွင့်လိုက်တယ် အဲ့အချိန်မှာခပ်ကြီးကြီးလှိုင်းလုံးတခုရွေ့လာပြီး ကမ်းစပ်ကိုအရှိန်နဲ့လာရိုက်ခတ်လိုက်တယ်

သြော်----- ပင်လယ်ကြီးကတောင် ငါ့အချစ်ကိုနားလည်နိုင်သေးတယ် Lee Taeyong မင်းကဘာလို့နားမလည်ရတာလဲ?

သူနဲ့တွေ့ပြီးတဲ့နောက်ပိုင်း ကျနော့်ရင်ထဲသူရောက်လာတဲ့နောက်ပိုင်း ကျနော်အသိစိတ်တွေကင်းမဲ့လာခဲ့တယ်
ကွကိုယ်တောင်မသိတော့လောက်အောင်ကျနော်သူ့ကိုချစ်ခဲ့တယ် ဟုတ်ပါတယ် ကျနော်ဟာသူ့ကိုနှစ်နှစ်ကာကာချစ်ဖို့မွေးဖွားလာတဲ့သူတယောက်ပါ

Ten's POV End

***********

Taeyong 's POV

မျှော်လင့်ချက်မဲ့ နေမှန်းသိလျက်နဲ့ Jaehyun ကိုချစ်ခဲ့တယ် အခုလည်းချစ်နေတုန်းပဲ သူနဲ့ကျနော်ကချစ်နေကြတာလည်းမဟုတ်ဘဲနဲ့သူ့ကိုသစ္စာဖောက်ရမှာအရမ်းကြောက်နေမိတယ် ကျနော် Ten ကိုရက်စက်ရာရောက်သွားပြီလား

I Can See Your Love Through Your Eyes Where stories live. Discover now