Yi Fan တစ်ယောက် ယောက္ခမကြီးတို့က သူ့ကလေးပြန်
ရောက်နေပြီ ဖုန်းဆက်လို့ ဝရုန်းသုန်းကားနဲ့ အပြေးရောက်
လာတယ် .. ရောက်ရောက်ချင်း သူ့ကလေးကို တကြော်
ကြော်ခေါ်နေရင်း အိမ်ထဲပြေးဝင်လာတာကြောင့် ယောက္ခမ
ကြီးက အမူရာနဲ့ အပေါ်ထပ်မှာလို့ပြောတော့ နှုတ်တောင်မ
ဆက်နိုင်ပဲ အပေါ်ထပ်ကိုသာ အပြေးတက်မိတယ် .. အခန်း
တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက အေးချမ်းစွာအိပ်ပျော်နေ
တဲ့ သူ့ကလေးလေး .. မတွေ့ရတဲ့အတောအတွင်း လုံးကစ်
လာလိုက်တာ ချာတိတ်ရယ် .. ကိုယ်ကသာ မအိပ်နိုင် မ
စားနိုင်ဖြစ်နေတာ .. သူလေးကတော့ စိတ်ချမ်းသာနေသ
လားမသိ .. အိပ်နေတာ ဟောက်သံသဲ့သဲ့လေးတောင်ထွက်
လို့ရယ် .. ခရီးပန်းလာတယ်ထင်ပါ့ .. သူလည်း နှစ်နှစ်ခြိုက်
ခြိုက် မအိပ်ရတာကြာပြီမို့ ကလေးဘေးနား အသာဝင်လှဲ
လိုက်ရင်း ကလေးကို ထွေးပွေ့လိုက်ကာ သူ့ဆံပင်တွေ
ကြား ခေါင်းအပ်လိုက်ရင်း စိတ်ချလက်ချ အိပ်လိုက်မိ
တော့တယ် ..Jun Myeon နိုးလာတော့ ရင်းနှီးနေခဲ့တဲ့အနံ့တစ်ခုက နှာ
ခေါင်းထဲတိုးဝင်လာတာမို့ မျက်လုံးတွေကိုအလုပ်ပေးလိုက်
တော့ သူလွမ်းနေခဲ့ရတဲ့ သူ့ရဲ့လူကြီး .. ဘယ်လိုတောင်
ဖြစ်သလိုနေလို့ ဒီလောက်တောင်ဖြစ်သွားရတာလဲ လူကြီး
ရယ် .. မုတ်ဆိတ်မွှေးစစ .. ပသိုင်းမွှေးစစနဲ့ .. မျက်တွင်း
တွေလည်းကျလို့ .. ဆေးလိပ်တွေပြန်သောက်တယ်ထင်ပါ
ရဲ့ .. အရင်က နီရဲဖူးငုံနေတဲ့နှုတ်ခမ်းတစ်စုံဟာ အခုတော့
ညို့မှိုင်းလို့ရယ် .. သူမသိလိုက်ပါပဲ မျက်ဝန်းထဲမှာ မျက်ရည်
တွေက ငွေ့ရည်ဖွဲ့ကာ ပါးပြင်ပေါ်ကျဖို့ အားယူနေကြပြီ ..
ကျနော်မရှိတဲ့တစ်လတာကို ခင်ဗျား ဘယ်လိုဖြတ်သန်းခဲ့လဲ
မသိရလည်း တွေးကြည့်တာနဲ့တင် သိနိုင်ပါတယ် Yi Fan
ရယ် .. သူ့ရောဂါဟာ ဒီလိုနေလို့မဖြစ်တာကို သိရဲ့သားနဲ့
တောင် ဂရုမစိုက်ဖူးတဲ့လား ?? မထိတွေ့ရတာကြာတဲ့ သူ့
မျက်နှာချောချောကို တစ်ခုချင်းစီ လိုက်ထိတွေ့နေမိတယ် ..
ပါးရိုးတွေလည်းကျသွားလိုက်တာ .. ကျနော်လေ .. ခင်ဗျား
ကို မခွဲနိုင်ပါဘူး Yi Fan ရယ် .. ကျနော့်ဘဝက ခင်ဗျားမရှိ
ရင် တစ်ခုခုလစ်ဟာနေသလိုခံစားရတာရယ် .. အတွေးနဲ့
တင် ဝမ်းနည်းလာတာမို့ သူ့ရင်ခွင်ထဲတိုးဝင်ပြီးတော့ ရှိုက်ငို
မိတော့တယ် ..