' ငါတို့ လမ်းခွဲကြရအောင် '
coffee ဆိုင်လေးအတွင်း တစ်ယောက်မျက်နှာ တစ်ယောက် စိတ်မကြည်နူးစွာကြည့်ရင်း ဆယ်ဟွန်းဘက်မှ စလိုက်သော စကားတစ်ခွန်း ....
' အကြောင်းအရင်းက? '
အေးဆေးစွာပင် ပြန်ပြောသော တစ်ဖက်မိန်းကလေးရဲ့ စကားကြောင့် ဆယ်ဟွန်း အနည်းငယ်တော့ တွန့်သွားမိသည်မှာ အမှန်။ ဘာလို့ဆို အရင်တုန်းက ထားခဲ့တဲ့ ရည်းစားတွေထဲမှာ ဆယ်ဟွန်းဘက်မှ လမ်းခွဲစကားစပြောလျှင် သေမလို ဖြစ်ကြရတာချည်း..။ ယခု တစ်ယောက်ကတော့ အရင်လူတွေနဲ့ ကွဲပြားစွာပင် သွေးအေးလွန်းလှနေသည်။
' ကျွန်တော် ဆူယောင်းရှီ ကို မချစ်တော့လို့ '
ဆယ်ဟွန်းရဲ့ တုံ့ပြန်စကားအပေါ် ဟက်ခနဲ ရယ်လိုက်ကာ ရှေ့မှာချထားသည့် ရေခွက်ကို ဆွဲမော့သောက်လိုက်သည့် သူမ ...
' မချစ်တော့လို့ဆိုတော့ အရင်ကရော ချစ်ခဲ့ဖူးသေးလို့လား '
ဆယ်ဟွန်းရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်တော့ မျက်ဝန်းအိမ်တွင် အရည်ကြည်လေးများ လဲ့သယောင်ယောင် ဖြစ်တာကို တွေ့လိုက်သည်။
' ကိုယ် စိတ်မကောင်းပါဘူး။ ဆူယောင်းရှီ ကိုယ့်ထက်ကောင်းတဲ့ သူနဲ့ တွေ့ဆုံနိုင်ပါစေလို့ ဆုတာင်းပေးလိုက်ပါတယ် '
ဆယ်ဟွန်း သူမကို နှုတ်ဆက်ပြီး ဝိုင်းမှ အမြန်ထွက်ခွာခဲ့သည်။ ကြာရင် သူခံနိုင်ရည်ရှိလိမ့်မယ်မထင် ... သူကိုက မှားတာ ... ဆူယောင်းရှီက ဘတ်ဟွန်းရဲ့ အမ မှန်း သိရဲ့နဲ့ကို ဘတ်ဟွန်းကို အရွဲ့ တိုက်ချင်စိတ်နဲ့ မရရအောင်လိုက်ခဲ့တာ... ဘတ်ဟွန်းကို ချစ်နေမိမှန်း ကိုယ့်စိတ်ကို ကိုယ်သိရဲ့နဲ့ ဆူယောင်းရှီကို အသုံးချခဲ့တာ ...
' ဆယ်ဟွန်း '
အနောက်မှ ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ဆူယောင်းရှီက ခုနက ချထားသည့် ခွက်ကို လက်မှ ပင့်ကိုင်လိုက်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
' မြင်လား ဆယ်ဟွန်း ။ ဒီ ဖန်ခွက်ကလေးလိုပဲ မင်းရဲ့ စိတ်နှလုံးက အရမ်းကို ထိခိုက်လွယ်တယ် ။ ဒါပေမယ့် ဆယ်ဟွန်း တစ်ခါတစ်လေကြ စိတ်ထိခိုက်လွယ်တာ နာကြည်းလွယ်တာ ဖြစ်သင့်ပေမယ့် မင်း ကိုယ့်ကိုယ်ကို ဒီဖန်ကွဲအပိုင်းအစလေးတွေလို တစ်စစီဖြစ်ပြီးမှ ပြန်ဆက်လို့မရတဲ့ နောင်တမျိုး မလုပ်မိပါစေနဲ့လို့ မှာချင်တယ် ... ဒါ မင်းကို တို့ရဲ့ မောင်လေးလို သဘောထားလို့ နောက်ဆုံးအနေနဲ့ ပြောချင်တာလေးပါ '
YOU ARE READING
Black Hawk
Romanceတစ်ချိန်က အတိတ်မှာ ထပ်မံဆုံတွေ့ဖူးခဲ့ချင်သည့် ကောင်လေး နဲ့ အနာဂတ်မှာ ပြန်လည်ဆုံတွေ့ချင်ကြသည့် ကောင်လေး 《 OWN CREATION 》 written by @BMine_HUN