နေဝင်ရီတရော ဒုန်းဆိုင်းပြေးလာသည့်
အနက်ရောင်မြင်းနှင့် အနီရောင်ခြုံထည်ကို
ဝတ်ဆင်ထားသည့် လူတဦး~~~သူ၏လက်ထဲ၌ စာချွန်လွှာတစ်ခုကို တင်းကြပ်စွာကိုင်ဆောင်ရင်း
OhHanနန်းတော်သို့ရောက်ရှိလာလေ
သည်။" မင်းကြီးအတွက် Xingကိုယ်တော်စီက အရေးကြီးဆက်သလိုက်တဲ့ စာလွှာပါ ဘုရား "
အရှေ့နန်းဆောင်တွင်း နေထိုင်နေသည့်
မင်းကြီးOh ရှေ့တော်မှောက်သို့
ထိုသူငယ် ခစားရင်း
Xing ကိုယ်တော်ပေးလိုက်သည့် စာလွှာကိုဆက်သလိုက်လေ၏။" Xing ကိုယ်တော်ပေးတာဆိုတော့
ငါကိုယ်တော် မေးထားတဲ့ သတင်းကောင်းများလားကွယ် "မင်းကြီးOhသည်စိတ်လှုပ်ရှားစွာဖြင့် ထိုစာလွှာကို ယူပြီးအလျှင်အမြန်ဖတ်လိုက်လေသည်။
စာလွှာကိုပြီးဆုံးအောင်ဖတ်ပြီးသည့်အချိန်တွင်တော့ မင်းကြီး Oh၏ မျက်နှာတော်တွင် အပြုံးရိပ်များသန်းလာကာဖြင့်~~~
" မောင်မင်းကို ကျေးဇူးအထူးတင်တယ်ကွယ်။
မနက်ဖြန်ကြရင်
ငါကိုယ်တော်မင်းမြတ် Xingကိုယ်တော်ကို
လာတွေ့ပါအုံးမယ်
ဆိုတာလေး စကားပါးပေးပါအုံး "" nae မင်းကြီးစကားအတိုင်းအသေအချာ
အကြောင်းပြန်ပေးပါ့မယ် ဘုရား
ဒါဆို ကျွန်တော်မျိုးကို ခွင့်ပြုပါအုံး "" ကောင်းပြီမောင်မင်း "
ထိုအနီရောင်ခြုံထည်ဝတ်ဆင်ထားသည့်
သူငယ် နန်းဆောင်တွင်းမှ ထွက်သွားပြီဆိုတာနဲ့မင်းကြီးOhသည်လည်း အခြံအရံများဝန်းရံလျှက် မင်းသားငယ်နေထိုင်ရာ အနောက်ဖက်နန်းဆောင်သို့ကြွချီလာခဲ့
တော့သည်။>>>>>>>>>>>>
အနောက်ဖက်Hunနန်းဆောင်;
" သားတော်လေး နေရထိုင်ရတာအဆင်ပြေရဲ့လား?
ရောဂါအခြေအနေကော သက်သာရဲ့လားကွယ် "" nae သက်သာပါတယ် ခမည်းတော်"
စကားကိုမနည်းအားယူကာ ပြန်ဖြေကြားနေသော မင်းသားငယ် SeHun
YOU ARE READING
Moonless Night
RomanceHunHan [ Normal ] ဤ ဇာတ်လမ်းသည် သစ္စာတော်ခံ အမည်ရှိသော Drama ဇာတ်လမ်းကောင်းကို အနည်းငယ်မှီငြမ်းပြီး ရေးသားထားသော fic တပုဒ်ဖြစ်ပါသည်။