Ten's POV
At night
ဒီညဟာ ကျနော်တို့လေ့လာရေးနောက်ဆုံးခရီးရဲ့ည
မနက်ဆို Seoul ကိုပြန်တော့မှာမို့လို့ အကုန်ပျော်နေကြတယ်ကျနော်နဲ့ Taeyong ရဲ့ကြားကအခြေအနေဟာ အရမ်းမှုန်ဝါးနေခဲ့တယ်
သူ့ဘက်ကဘယ်လောက်ငြင်းငြင်း ကျနော့်ဘက်ကရှေ့တိုးမယ်လို့ဆုံးဖြတ်ထားခဲ့ပေမယ့် အဲ့ညဟာ ကျနော့်ရဲ့မှားယွင်းနေတဲ့ဆုံးဖြတ်ချက်ကိုလုံးဝပြောင်းလဲပေးခဲ့ပါတယ်အမြဲရယ်မောသံတွေ ၊ စနောက်သံတွေနဲ့ပြည့်နှက်နေခဲ့တဲ့ Taeyong နဲ့ကျနော်တို့အခြေအနေဟာ အလင်းကနေအမှောင်ထဲသို့တိုက်ရိုက်ထိုးဆင်းသွားခဲ့တယ်
တိတ်ဆိတ်နေတဲ့အခန်းကိုကျနော့်ခေါ်သံကဖြိုခွဲခဲ့တယ်
"Taeyong"
ဟိုဘက်ကုတင်မှာကျနော့်ကိုနောက်ကျောပေးပြီးအိပ်နေတဲ့Taeyong ကိုကျနော်ခေါ်လိုက်တယ်
ဒါပေမယ့်ကျနော့်ကိုသူပြန်လှမ်းမကြည့်ခဲ့ဘူး"umm?"
သူ့ဆီကမကြားတကြား အသံတခုထွက်လာတယ်
"မင်းး ငါ့ကိုပြောတဲ့စကားတွေအားလုံးက တကယ့်စိတ်ရင်းနဲ့ပြောခဲ့တာလား"
သူပြန်ဖြေမယ့်အဖြေဟာ ကျနော့်နှလုံးသားကိုထွင်းမယ့်အဆိပ်မြားဆိုတာသိခဲ့ပေမယ့် ကျနော်မေးခဲ့တယ်
"အင်း"
"အဲ့လောက်တောင် Jaehyun ကိုချစ်တာလား"
"အင်း"
"Taeyong ငါအများကြီးမတောင်းဆိုပါဘူး အများကြီးလည်းမမက်မောဘူးး ဒါပေမယ့်မင်းဆီကအချစ်ကိုတော့အကုန်လိုချင်တယ် ကျေးဇူးပြုပြီး----"
"Ten--"
ကျနော့်စကားမဆုံးခင်မှာ သူအိပ်နေရာကထိုင်လိုက်ပြီးကျနော့်ဘက်ကိုလှည့်စကားစလိုက်တယ်
"ငါ့ကိုဒီ့ထက်စိတ်အနှောင့်အယှက်မပေးတော့ရင်ကောင်းမယ်"

YOU ARE READING
I Can See Your Love Through Your Eyes
Romance"ကျနော့်ဆန္ဒဟာ သူ့ရဲ့အရှင်သခင်လိုနေနေရမယ်ဆိုရင်ကျေနပ်ပြီ သူပျော်ရွှင်နေမှာကို မလိုလားဘူး" -Jaehyun "Taeyong ah ဘာလို့မင်းငါ့ကိုမချစ်နိုင်ရတာလဲ ငါ့ကိုသနားတဲ့စိတ်လေးတောင်မင်းဆီမှာရှိမနေတော့ဘူးလား" -Ten "ကျနော်သူ့ချစ်တယ် အနစ်နာခံတယ်ဆိုတာသူ့ကိုကျေ...