Jong Kook တစ်ယောက် Kim Gura ဆီက Message ရပြီးပြီးချင်း Mikey နဲ့ Jung-nam ဆီကို ဖုန်းဆက်ပြီး ပစ္စည်းတွေ အသင့်ပြင်ထားရန်ပြောသည်။ ခဏကြာတော့ Jong Kook၊ Mikey နဲ့ Jung-nam တို့ဆုံမိကြလေသည်။
JK - " Mikey နဲ့ Jung-nam Yah ငါ့ကိုအခုပဲ Kim Gura Message ပို့တယ်။ ရော့ကြည့်လိုက်..."
Mikey နဲ့ Jung-nam လဲ Jong Kook ph ထဲက video နဲ့ message တွေကိုကြည့်ပြီးတဲ့အခါမှာတော့ သူတို့မျက်နှာတွင် ဒေါသထွက်နေသည်ကို အတိုင်းသားမြင်နေရသည်။
MK - " တောက်~ ဒါတမင်တကာ ယုတ်မာတာပဲ။ Kwang Soo မှာ ဘာအပြစ်မှမရှိပဲနဲ့ ဘာလို့အဲ့လိုလုပ်ရတာလဲ။"
JN - " Jong Kook Ah~ ငါတို့အလျင်စလို သွားလို့မဖြစ်ဘူး။ ငါအခုပဲလူစုလိုက်မယ်။ မင်းကိုပါ သူတို့ဘာလုပ်မလဲဆိုတာ ငါတို့မသိနိုင်ဘူးလေ။"
JK - " အေးပါ။ ငါအခုစိတ်ပူတာ Kwang Soo ကိုပဲ။ သူ့မှာ ဒီကိစ္စတွေကို ဘားမှမသိပဲ ဓားစာခံဖြစ်နေရရှာတယ်။ ငါ့ညီလေး..."
Jong Kook စကားဆက်မပြောနိုင်တော့ပါ။ သူ့စိတ်ထဲတွင် ဒေါသရော၊ စိုးရိမ်စိတ်ရော၊ မကျေနပ်မှု့တွေရော ရောစွတ်နေသည်။သူတို့တွေ Kim Gura ချိန်းတဲ့နေရာကို ရောက်လာကြသည်။
မြစ်ကမ်းစပ်နားမှာရှိတဲ့ ဂိုဒေါင်ဟောင်းတစ်ခု...
မသုံးတော့တာကြာနေပြီဖြစ်တဲ့အတွက် နံရံတွေမှာ အက်ကွဲကြောင်းတွေတောင် မြင်နေရသည်။ ပြီးတော့ စက္ကူပုံးတွေကိုလဲ အခန်းထဲတွင် နေရာတော်တော်များများမှာ အစုလိုက်ပုံထားကြသည်။အခန်းရဲ့နံရံမှာတော့ Kwang Soo ကို လက်နှစ်ဖက်ကို ကြိုးတုပ်ထားသည်။ နှုတ်ခမ်းထောင့်တွင်လဲ အထိုးခံထားရတဲ့ ဒဏ်ရာကြောင့် သွေးစတွေကိုတွေ့နေရသည်။ နှာခေါင်းနဲ့ မျက်လုံးတစ်ဝိုက်တွင်လဲ ညိုမည်းနေတဲ့ဒဏ်ရာတွေ ရှိနေလေသည်။
Jong Kook သူ့ညီလေး Kwang Soo ကိုကြည့်ပြီး စိတ်ထဲတွင် ဝမ်းနည်းနေလေသည်။
Kwang Soo၊ Jong Kook ကိုမြင်တော့ စိတ်ထဲတွင် ဝမ်းသာမှု့များပေါ်လာသည်။ သူ့အစ်ကိုက သူ့ကိုလာကယ်ပြီမလား။
*ဒါပေမယ့် သူ့အစ်ကိုရဲ့ အားနာစိတ်တွေက သူတို့ကြားက သံယောဇဉ် ကိုလျော့အောင်လုပ်မိသလို ဖြစ်သွားခဲ့မယ်ဆိုရင်*
Kwang Soo၊ Jong Kook ကို အားကိုတကြီး ကြည့်လိုက်သည်။ ဒါပေမယ့် သူလှမ်းကြည့်တဲ့အချိန်က Jong Kook ကသူ့ကို အကြည့်လွှဲလိုက်တဲ့အချိန် ဖြစ်နေလေတော့...