Mysterious Kiss
¿*************¿?*************?
ချစ်ခြင်းမှာ နောက်ထပ်နာမည်တစ်မျိုးရှိအုံးမယ်ဆိုရင်....
ငါ့ချစ်ခြင်းရဲ့ နာမည်က မင်းပဲဖြစ်လိမ့်မယ်.. Chanyeol...
¿
*************¿?************?
"ကျွတ်.. သွားကွာ.."
စိတ်ပျက်လက်ပျက်ရေရွတ်ပီး
ဖုန်းကို စားပွဲပေါ်ဆောင့်ချပစ်သည်...ကျနော်အကြိုက်ဆုံးသော
Ice Americanoကို ကောက်မော့ရင်း
ဝိုင်းစက်နေသည့်မျက်ဝန်းလေးတွေကို
ဆွေကြည့်လာသည်...."မင်းကဘာလုပ်နေတာလဲ..."
အဲ...စလာပီ..
တစ်ခုခုကို မကျေနပ်တိုင်း
ဘေးကိုလှည့်မဲတတ်သည့် သူ့ရဲ့အကျင့်..."အဲ့ဒီစာက ခုထိကျက်လို့မပီးသေးဘူးလား..
မင်းroll no ကို ဘယ်သူမှမလုပါဘူးကွ..."စာရွက်တွေကို ရန်သူလိုကြည့်ပီး ပွစိပွစိပြောနေသည့် နှုတ်ခမ်းလုံးလုံးလေးတွေ....
သူgameဆော့နေတဲ့တစ်ချိန်လုံး
ကျနော်noteစာရွက်တွေမျက်နှာရှေ့အယောင်ပြကိုင်ပီး
သူ့မျက်နှာလေးကိုသာ ကျနော်ငေးကြည့်နေမိတယ်ဆိုတာ သူမှမသိတာ....."ပြုံးနေတယ် ဟတ်လား.. ဘာလဲ မင်းကငါ့ကိုလှောင်တာလား..."
"အာ.. မဟုတ်ပါဘူး...
ဂိမ်းပဲကွာ ခုမနိုင်ရင်နောက်ခါ နိုင်မှာပေါ့...
စိတ်မဆိုးစမ်းပါနဲ့....""မသိဘူး... ဗိုက်ဆာတယ်..."
"အင်း ဟုတ်ပီ..
ရွှတ်..ရွှတ်.."ကျနော့်ကိုဆို သူအနိုင်ကျင့်လွန်းပါသည်..
ဒါကိုသိပေမယ့်လဲလေ....
ဆယ့်ရှစ်နှစ်ကြာ အတူရှိခဲ့ပီး
ဆယ့်ရှစ်နှစ်လုံးလုံး သူ့အလိုကျ ကျနော်
အမြဲတမ်းအလျှော့ပေးခဲ့တာဆိုတော့လဲ....."..."
စားပွဲထိုးလေးကို သူကြိုက်တတ်တာလေးတွေ
မှန်းပီးမှာပေးတော့ ပြုံးလိုက်ရာကနေ
ကြည်လင်သွားသော သူ့မျက်နှာလေးဟာ ချစ်စရာကောင်းလွန်းလှသည့်....
ဘယ်ဘက်ပါးပြင်က ချိုင့်ဝင်သွားသော
ပါးချိုင့်ခွက်လေးရဲ့ လှပမှုကိုတော့
ဖွဲ့နွဲ့မပြချင်တော့...