Love = Love

3.2K 266 96
                                    

Kpop Fan Fic ပြိုင်ပွဲမှာ ပထမဆုရခဲ့တဲ့
Fic လေးမို့ အမှတ်တရအနေနဲ့ ပြန်တင်ထားတာပါ ...။
Readerလေးများအားလုံးကို ကျေးဇူးတင်လျက်...။

* •° * •° * •° * •° * •° *•°

များပြားလှတဲ့ လူပေါင်းများစွာ
နေထိုင်ရာ ဒီကမ္ဘာကြီးပေါ်မှာ . . . ။

လူသားတစ်ဦး နဲ့ တစ်ဦး စတင်တွေ့ဆုံနိုင်ဖို့ဆိုတာ
မျှော်လင့်ထားသလိုရော
မမျှော်လင့်ထားသလိုရော
ဖြစ်နိုင်တယ်ဆိုရင် . . . ။

သူ နဲ့ ကျွန်မရဲ့ ဆုံတွေ့မှု
ကျွန်မတို့ နှစ်ယောက်ရဲ့
ဇာတ်လမ်းလေးဆိုတာကတော့
မထင်မှတ်ထားမှုများနဲ့ အစပျိုးခဲ့ပြီး
နောက်ဆုံးမှာတော့
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာထိ ခစားဝပ်ဆင်းသွားတဲ့
ကံကြမ္မာဖန်ဆင်းခဲ့သော
ချစ်ခြင်းအလင်္ကာလေး တစ်ပုဒ်ပါပဲ . . . .။

*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*•*

"မတော်တဆ"

"ဆုံစည်းမှု"

"အချစ်"

အချစ်ဆိုတာ
မထင်မှတ်တဲ့ အချိန်
မထင်မှတ်တဲ့ အဖြစ်အပျက်တွေကြားကနေ
ထင်မှတ်မထားတဲ့ ပုံစံနဲ့
လျှပ်တပြက်ပေါ်ပေါက်လာတတ်တယ်
ဆိုတာကိုတော့

ကျွန်မ "သူ" နဲ့ စတင်ဆုံစည်းတဲ့အချိန်မှာပဲ သိရှိနားလည်သွားခဲ့ပါတယ်. . . .။

သူဆိုတာကတော့

ကျွန်မ သိပ်ချစ်မိသွားခဲ့တဲ့

အနေအထိုင် အေးဆေးတယ်
ဘယ်သူ့ကိုမှ ( အဲ့ထက်ပိုရရင်) တလောကလုံးကိုတောင်မှ ဂရုမစိုက်တဲ့ပုံနဲ့ မျက်နှာထားခပ်တင်းတင်း ခပ်မာမာပြတ်ပြတ်ပုံစံနဲ့
ခပ်စိမ်းစိမ်းသာနေတတ်တဲ့ ကောင်ချောလေးတစ်ယောက်ပါ. . . ။

ဒါပေမဲ့ သူ့ရဲ့ အဲ့လိုပုံစံ အဲ့လိုစတိုင်လေးကကို ကျွန်မကို အချစ်ရဲ့နွံထဲကို ကျရောက်သွားအောင် ဆွဲဆောင်ခေါ်ယူသွားနိုင်ခဲ့တယ်လို့ ဆိုရမလားပဲ

ကျွန်မကို အချစ်တွေ မွေးဖွားလာအောင် ညှို့ယူသွားနိုင်ခဲ့တဲ့

နတ်ပြည်ထက်က နတ်သက်ကြွေလာတဲ့

ကျွန်မရဲ့ချစ်​သူနတ်သားလေးပေါ့

ကံကြမ္မာဖန်ဆင်း ချစ်ခြင်းအလင်္ကာ [ One Shot ]Where stories live. Discover now