No Hero For You

185 16 1
                                    

Part - 1
ကျွန်တော် Koreaကို ပြန်မရောက်တာကြာပြီ…နိုင်ငံခြားက တိုက်ပွဲတစ်ခုကြောင့် ကျွန်တော်အဲ့မှာ 3နှစ်လောက်နေလိုက်ရတယ် အခုတော့လဲ ကိုယ့်အမိမြေကို ပြန်ရောက်လာပြီပေါ့ဗျာ ကျွန်တော်မှာ မိဘတွေမရှိတော့ဘူး အလယ်တန်းတည်းက အရမ်းချစ်တဲ့ ဆရာလင်မယားနှစ်ယောက်က ကျွန်တော့်ကို သားအရင်းလိုချစ်ရှာပါတယ် အခုလဲ သူတို့နဲ့ပဲ အတူတူနေတာ ကျွန်တော်ပြန်လာတာကိုသိရင် ဆရာမကတော့ အရမ်းပျော်မှာပဲဗျာ aww ကျွန်တော့်နာမည်က Park Chanyeolပါ ကျွန်တော် နိုင်ငံ့တာဝန်ထမ်းဆောင်နေရတဲ့ စစ်သားပေါ့ အစကတော့ ကျွန်တော်က ခြံလုပ်ငန်းပိုင်ရှင်ပဲဖြစ်ချင်တာလေ ဒါပေမဲ့ ကျွန်တော့်ကို ပြုစုပေးခဲ့တဲ့ ဆရာတို့လင်မယားကို သားလိမ္မာတစ်ဦးအဖြစ် ကျေးဇူးဆပ်ချင်လို့ တပ်ထဲဝင်ခဲ့တာ သူတို့အတွက် ဂုဏ်ယူရတဲ့သားတစ်ယောက် ဖြစ်ချင်လို့ပေါ့ ကျွန်တော်အတွေးများနေတာနဲ့ အိမ်ကိုတောင်ရောက်လာပြီ

~~Tingtong~~Tingtong~~

တံခါးလာဖွင့်တဲ့သူကိုကြည့်ပြီး Yeolတစ်ယောက်ကြောင်သွားသည်။ လာဖွင့်တဲ့သူက မိန်းကလေးတစ်ဦး ဖြစ်နေသည်ကိုးးးးး ထိုမိန်းကလေးက သူ့ကိုမြင်တော့

girl : ဘယ်…သူ…လဲ…မ…သိ…ဘူး…ရှင့်

Yeol 's pov : ဘယ်လိုလဲဟ Koreaစကားတောင် တစ်လုံးချင်းစီပြောနေတာ

Yeol : ကျွန်တော်က Park Chanyeol ပါ

ထိုမိန်းကလေးက ခနမျှစဉ်းစားပြီး

girl : arrr ဆရာနဲ့…ဆရာမတို့…ရဲ့…မွေး…စား…ထားတဲ့ …သား…ဆိုတာ…လား

Yeolလဲကြာရင်ဒီကောင်မလေးကြည့်ပြီး လေဖြတ်တော့မယ်ထင်ပါ့ သူ့ကြည့်ပြီး ရယ်ချင်သွားသည်။

Yeol : Nae majayo

girl : Nae အိမ်ထဲ…ဝင်ပါ…ဦး

Yeol ရယ်ချင်တာ မနည်းအောင့်ထားရသည်။ ကိုယ့်အိမ်ပြန်လာတာကို သူက ဧည့်သည်လို ဆက်ဆံနေသည်လေ

girl : သောက်…ပါ ဦး

Yeol : ဟို တစ်ခုလောက်မေးလို့ရမလား

girl : Nae မေးပါ

Yeol : ဟို မင်းကဘယ်သူလဲဟင် ဘာလို့ ဆရာတို့အိမ်ကို ရောက်နေရတာလဲ

No Hero Where stories live. Discover now