Kwang Soo စာကြည့်ခန်းရှေ့ကိုရောက်တော့ အခန်းထဲမှာ Appa နဲ့ Hyungs တွေရဲ့ စကားသံတွေကို ကြားနေရသည်။
JS : " ~အဲ့တော့ Appa ပြောချင်တာက Kwang Soo က သူ့အကြောင်းကို ရိပ်မိနေတဲ့ပုံပေါ့"
သူ့နာမည်ကို ကြားလိုက်ရတာကြောင့် Kwang Soo အခန်းထဲမဝင်သေးပဲ ဆက်ပြီးနားထောင်နေမိသည်။
SJ : " အေး~ ဟုတ်တယ်~ ငါက ဒီကလေး အမှန်အတိုင်း သိသွားရင် စိတ်ဒဏ်ရာ ရသွားမှာကို စိုးရိမ်တယ်။"
JK : " အဲ့လိုဆို Appa အခုဘယ်လိုလုပ်ချင်လဲ။ သူ့ကို မင်းက ငါ့သားအရင်းမဟုတ်ဘူး။ မွေးစားသား ဆိုတာကို အသိပေးမှာလား။"
Jong Kook ဆီမှ " မင်းက ငါ့သားအရင်းမဟုတ်ဘူး။ မွေးစားသား" ဆိုတဲ့စကားက Kwang Soo နားထဲတွင် အကြိမ်ကြိမ်ကြားနေရသည်။ သူ့လက်ထဲက ကိုင်ထားတဲ့ File လေးလွတ်ကျသွားပြီး စာရွက်တွေလဲ ပြန့်ကြဲကုန်သည်။ အခု သူ့အဖေဆီကနေ မင်းကငါ့သားအရင်းဆိုတဲ့ စကားကိုကြားချင်လို့ သူလာခဲ့သည်လေ။
Suk Jin တို့ သားအဖ ၃ ယောက် အသံလာရာကို ကြည့်လိုက်တော့ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက် ထွက်ပြေးသွားတာကို မြင်လိုက်ရသည်။ Jae Suk နဲ့ Jong Kook တို့က Kwang Soo နောက်ကိုပြေးလိုက်သွားပြီး Suk Jin ကတော့ ကြမ်းပြင်မှာ ကျနေတဲ့ စာရွက်လေးတွေကိုကောက်ပြီး ဖတ်လိုက်သည်။ ပြီးတော့ သူ စိတ်တွေလှုပ်ရှားလာပြီး ရင်ထဲမှာ ဝမ်းနည်းမှု့တွေ ကြီးစိုးလာသည်။
Kwang Soo သူ့ပြိုင်ကားလေးကို ခြံထဲကနေ အရှိန်နဲ့ မောင်းထွက်လိုက်သည်။ အနောက်ကနေ လှမ်းခေါ်နေတဲ့ သူ့အစ်ကိုတွေရဲ့အသံကို ကြားနိုင်စွမ်းမရှိတော့ပါ။
" မင်းက ငါ့သားအရင်းမဟုတ်ဘူး။ မွေးစားသား" ဆိုတဲ့စကားက Kwang Soo ကို နှောက်ယှက်ပေါင်းမနည်းတော့။ Kwang Soo ကားမောင်းနေရင်းနဲ့ မျက်လုံးတွေ ဝေဝါးနေသည်။ မျက်လုံးအိမ်မှာ မျက်ရည်တွေကအပြည့် ပါးပြင်မှာလဲ မျက်ရည်စီးကြောင်းတွေက နေရာယူလို့။
"Wae~ Appa က ဘာလို့အဲ့လိုလုပ်ရက်ရတာလဲ။ ငါအရမ်းချစ်ရတဲ့ Hyungs တွေကလဲ အစ်ကိုအရင်းတွေ မဟုတ်ဘူးတဲ့လား။ အဲ့တာများ ဘာလို့ ငါ့အပေါ်ကို အရမ်းကောင်းခဲ့ကြတာလဲ။ ဘာလို့လဲ~~~!!!"