Hi!! relisia6800 ပါ
Update တွေ ကြာသွားပြန်ပြီနော် 😁
ဒီficက သုံးယောက် တယောက်တလှည့်ရေးတာပါ...
ကျမအလှည့်ရောက်နေတာ ကြာလှပြီ ဒါမဲ့
Forgive me notရော In Pain For Pure Luv ရော ရေးနေရလို့ ကြာသွားခဲ့တာပါ..
😁😁😁
နောက်လဲစိတ်ရှည်ရှည်နဲ့စောင့်ပေးကြပါဦးလို့✌✌ကဲ..ကဲ .....စလိုက်တော့မယ်ဗျာ..
*ငါ့ကြောင့်တော့ မဟုတ်ပါဘူးနော်
မဆီမဆိုင်အတွေးတခုက Baek Hyun ခေါင်းထဲ ၀င်လာခဲ့ပြန်သည်..
****အချေကောင်နဲ့အမွှေဇယား****
Chan Yeol ဘောလုံးကန်ရင်း လဲကျသွားတော့
SeHun
Chan Yeolကိုကျောပိုးကာ
ကျောင်းဆေးခန်းသို့ မြန်နိုင်သမျှမြန်အောင် လာခဲ့သည်...သူတို့ကို လာအားပေးသူများလဲ ရုတ်တရက်ကြီး
Chan Yeolလဲကျသွားတာဆိုတော့
သူတို့လဲ စိုးရိမ်လို့လား
စပ်စုချင်လို့လားမသိ
ကိုယ့်အုပ်စုနဲ့ကိုယ် ကျောင်းဆေးခန်းသို့ လိုက်လာကြသည်...Baek Hyunနဲ့LuHan လဲ အပါအ၀င်ပေါ့..
LuHan တော့မသိ..
Baek Hyun ရင်ထဲမှာတော့ နည်းနည်းစိုးရိမ်စိတ်လေးဝင်မိသည်..
ဘာလို့ဆိုတော့
Chan Yeol လဲ ကျသွားတာက
သေချာ စဉ်းစားရင် သူတို့မွှေလိုက်တာရဲ့
အကျိုးဆက်ပဲလေ...Baek Hyun တို့က မွှေသာ မွှေတာ...
တပါးသူကိုတော့ မထိခိုက်စေချင်ပါလေ...
>>>>>
"ဘာဖြစ်လာတာလဲ.."
"ဘောလုံးကန်ရင်းနဲ့ လဲ ကျ သွားတာပါဆရာ"
ကျောင်းဆေးခန်းက ဆရာဝန်ရဲ့အမေးကို Se Hun ပြန်ဖြေရင်းနဲ့ ကျောပိုးလာတဲ့ Chan Yeolကို
လူနာခုတင်ပေါ် ကို ချပေးလိုက်တယ်Chan Yeol ပုံက နွမ်းနယ်နေပုံပေါက်နေသည်..
ဆရာဝန်က စစ်ဆေးစရာရှိသည်များကို စစ်ဆေးနေသည်..
"သား ခေါင်းမူးလား"
"ဟုတ်...ခုနက ဘောလုံးကန်နေတုန်း
ခေါင်းကမိုက်ခနဲဖြစ်သွားပြီး မူးလဲ သွားတာ"
YOU ARE READING
အချေကောင်နဲ့ အမွှေဇယား
Fanfictionကိုကလဲ ခပ်ချေချေပဲ.. ဒါမဲ့လဲ ဒီကလဲ ခပ်မွှေမွှေပဲ