"မကြီးကျယ်ပေမဲ့ ခမ်းနားသော
မဖြောင့်ဖြူးပေမဲ့ ချိုမြိန်သော
အနာတရတွေများပေမဲ့ အဆုံးသတ်မဲ့သော
သူနဲ့ကျွန်တော့်ကြားက
သိပ်လှပတဲ့ ဂန္တဝင်ဆက်ထုံး...
ရိုးရိုးလေးပါပဲ....
သူ့ကို ကျွန်တော်လွမ်းသည်...."♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
*မြတ်နိုးရပါသော Han*
မရောက်ဖြစ်တာကြာပြီဖြစ်သော
နယ်မြို့လေးဆီရောက်တော့
မေမေ့ကိုတကယ်လွမ်းနေမိတာပါလားဟု
ကိုယ့်ကိုကိုယ်မှတ်ချက်ချမိသည်။ရှစ်နှစ်......
ွှရှစ်နှစ်တာဟူသောကာလအတွင်း
မြို့ကလေး၏ပုံရိပ်က
ဂျပန်ကျေးလက်တောရွာလေး၏
အသွင်တစ်ခုသို့ ပြောင်းလဲနေပါသကော....ကားဂိတ်ကနေဖဲ့ဆင်းပြီး
ဈေးကိုတစ်ပတ်ပတ်လိုက်သေးသည်....
မရင်းနှီးတော့ပေမဲ့ အကျွမ်းဝင်နေသေးသော
လမ်းသွယ်တွေ....အထမ်းသည်ရှေ့ကခုံပုလေးမှာထိုင်၍
အနံ့နဲ့တင်လွမ်းခဲ့ရသော ငါးချဉ်ဟင်းပေါင်းကို
အားရပါးရစားနေသည့်သူမပုံအား
စက်ခန်းမှအဖွဲ့သားတွေမြင်ရင်
ဝါးလုံးကွဲရယ်ကြလိမ့်မည်...တော်ပါ......
စည်းတွေဘောင်တွေ...
ကလနားတွေရဲ့အလယ်က
ရင့်ကျက်ဟန်ဆောင်နေရသည့်
20 date လွန်ခါနီးအရွယ်
နာမည်ကြီးPhotographer
မိန်းမတစ်ယောက်ဟာ...
အထပ်107ထပ်ရှိသည့် အေဂျင်စီ၏
ထိပ်ဆုံးထပ် shooting ခန်းထဲမှာကျန်ခဲ့ပြီ....လွန်ခဲ့သည့် 2020 ခုနှစ်များဆီက...
အချစ်ကြီးလွန်းသော အမျိုးသမီးတစ်ဦး၏
လက်ကိုဆွဲထားသည့် မိန်းမငယ်လေးတစ်ဦး...."ရှင်း ပြန်လာပြီ မေမေ...."
*♥*
..အမေ့အိမ်..သို့မဟုတ်...ဘွားအိမ်...
ကချင်ပြည်နယ်အောက်ပိုင်းမို့
အချမ်းကဲတတ်သည့်မြို့လေးကြောင့်
မြူနှင်းတို့လှလှပပ ဝေတတ်သည်က
သဘာဝ.....