Story Begin

314 23 1
                                    

The Last Choice

အပြင်​မှာသာယာ​​နေတဲ့ရာသီဥတုနဲ့မလိုက်​​အောင်​ဖြစ်​​နေတာကမကြည်​လင်​တဲ့ကျ​နော့်​စိတ်

နောက်​ကျိရှုပ်​​ထွေး​နေတဲ့ဦး​နှောက်​က​ခေါင်းကိုက်​လုမတက်

အတန်​ကြာဖိကိုက်​ထားတဲ့နှုတ်​ခမ်းက​အနီ​ရင့်ရောင်​လွှမ်းလာပြီးငန်​ကျိကျိအရသာကို​တောင်​ခံစားမိလာပြီိ

" မုန်းလိုက်​တာ Byun Baekhyun "

ဆိုခွင့်​မရှိတဲ့စကားကိုတိုးတိုး​လေးညည်းရင်းတုန်​လှုပ်​​နေတဲ့စိတ်​ကိုမသိသာ​အောင်​ထိန်းချုပ်​ရတာလည်းခက်​ခဲသား

" မင်း​တော်​​တော်​ဆိုးတယ်​ Byun Baekhyun "

ထပ်​မံထွက်​ကျလာတဲ့စကားလုံးသူသာကြားရင်​ကျ​နော့်​ကိုနာကျင်​​အောင်​တစ်​ခုခုလုပ်​မှာ

တ​ဖြေး​ဖြေးလည်​ပတ်​​နေတဲ့နာရီကသံပတ်​သံတစ်​​ဂျောက်​​ဂျောက်​ကိုမကြားချင်​​လောက်​​အောင်​နီးကပ်​လာတဲ့အချိန်​ကိုရင်​တမမ​စောင့်​​နေတဲ့အဖြစ်

မျက်​မြင်​​တွေ့လာရတဲ့မြင်​ကွင်းတစ်​ခုကိုစိတ်​သက်​သာလိုသက်​သာငြားသူ့ဆီက​ဖြေရှင်း
ချက်​​တောင်းဦး​တော့သူကသင့်​​လျှော်​တဲ့အ​ကြောင်းပြချက်​​ပေးမှာတဲ့လား

ဖြေရှင်းချက်​မ​ပြောနဲ့သူဘာမြင်​လာခဲ့တယ်​လို့ဖွင့်​​ပြောရင်​​တောင်​ဂရုမစိုက်​သလိုစကား​တောင်​နား​ထောင်​မှာမဟုတ်​ဘူး

ရုတ်​တရက်​​မှိုင်းညို့လာတဲ့ရာသီဥတုကိုစိတ်​ညစ်​ညူးစွာစုတ်​သက်​မိ​တော့ဝင်​လာတဲ့အ​တွေးကသူထီးမှပါပါ့မလားတဲ့

Park Chanyeol တို့အဖြစ်​ကရယ်​ရသားကိုယ့်​ကိုနာကျင်​မှု​ပေး​နေတဲ့လူတစ်​​​ယောက်​ကိုစိတ်​ပူ​နေရ​အောင်​​တော်​​တော်​စိတ်​ထား​ကောင်း​နေတယ်​​ပေါ့

ကျဆင်းလာတဲ့မိုးစက်​​ပေါက်​​တွေက​အေးမြမှုစိတ်​ချမ်း​မြေ့မှုကိုမ​ပေးနိုင်​​လောက်​​အောင်​တစ်​​ဖြေး​ဖြေးပူ​လောင်​လာတဲ့စိတ်​ကိုအပြစ်​တင်​ချင်​တယ်

The Last ChoiceWhere stories live. Discover now