'ဟူး'
လူမသိသူမသိလေပူတစ်ချက်မှုတ်ထုတ်မိသည်
မနက်ဖြန်အကြောင်းတွေးရင်းရင်လေးမိနေသည်
သီချင်းဆိုပြိုင်ပွဲအတွက်စာရင်းပေးခဲ့သည်လေ
အဲ့အချိန်တုန်းကတော့ဘယ်လိုအတွေးမျိုးဝင်ပြီးထိုကဲ့သို့လုပ်လိုက်မိသည်မသိ
အခုအိမ်ပြန်ရောက်တော့မှခြေမကိုင်မိလက်မကိုင်မိတုန်လှုပ်နေမိပြီ
ကျွန်တော့်အကြောင်းကျွန်တော်သိသည်
ငယ်ငယ်ကတည်းကသူစိမ်းလူတွေကိုကြောက်ရွံ့တတ်ခဲ့သောကျွန်တော်သည်လူအများကြီးမော့ကြည့်နေသောစင်ပေါ်တက်သီချင်းဆိုဖို့မပြောနှင့်
ဟုတ်တယ်မဟုတ်ဖူးကိုတောင်မနည်းအသံထွက်အောင်ဖြေရသည်
အင်းနော်လူဆိုတဲ့အမျိုးကလည်းအကျင့်ကမကောင်းချက်ပဲ
သူများတကာကနည်းနည်းမြှေက်လိုက်ရင်နံရံပေါ်တက်ကပ်ချင်နေတာ
ကျွန်တော်မလုပ်ချင်သောအရာဖြစ်နေသော်လည်းဆရာဆရာမများကအတင်းပြိုင်ခိုင်းသောကြောင်းအားနာ၍ဝင်ပြိုင်ခဲ့ခြင်းဖြစ်သလို
အစမ်းဆိုလေ့ကျင့်ကတည်းက ဆရာဆရာမတွေရော သူငယ်ချင်းမဟုတ်သောသူငယ်ချင်းတွေကပါ အသံလေးကကောင်းလိုက်တာဟုပြောလာသူကတစ်ဖုံ အဆိုတော်လုပ်ပါလားဟုမြှေက်ပင့်သူကတစ်မျိုးရှိလာသောကြောင့်လူထဲကလူကျွန်တော်လည်းခြေထောက်နှင့်မြေကြီးပင်မထိတော့ဘဲ စာရင်းသွားပေးခဲ့သည်လေ
'ဟာကွာ တောက်'
တွေးရင်းတွေးရင်းနောင်တကအတုံးလိုက်အတစ်လိုက်ရလာသည်
မနက်ဖြန်ကိုမစဉ်းစားချင်
အချိန်တွေရပ်ထားလို့ရရင်ကောင်းမယ်ဟုစိတ်ညစ်နေသည့်ကြားမှပေါတောတောအတွေးကလည်းတွေးဖြစ်သေးသည်
ဩော် ဒါနဲ့ ကျွန်တော့်နာမည်ကအောင်ပြည့်ဖြိုး
သူများတွေထက်ထူးထူးခြားခြားချောမောမနေပေမယ့်မြင်လိုက်တာနဲ့မျက်လုံးထဲမှာထင်ထင်ရှားရှားရုပ်ဆိုးနေခြင်းလည်းမဟုတ်ပါ

YOU ARE READING
နောက်ကွယ်
Lãng mạnမျှော်လင့်ချက်အတုအယောင်တွေနဲ့ ကိုယ့်ကိုကိုယ်နှိပ်စက်ပြီးနောက်မှာတော့ ငါ့ရဲ့ရွေးချယ်မှုက ဘယ်တော့မှထပ်မချစ်မိဖို့... အချစ်နဲ့ဝေးဝေးနေဖို့...