Yi En.... Don't leave me
Part-1
Joseon ဈေးလမ်းမတစ်နေရာဝယ်...
ကောင်လေးရဲ့မျက်နှာလေးကတော့ အထက်တန်းလွှာ အိမ်တော်ကမွေးဖွားလာတဲ့ သခင်လေးတစ်ယောက်လိုပါပဲ အသားရည်လေးကဖြူဖွေးနုဖတ်နေပြီး အပြစ်ကင်းစင်တဲ့မျက်လုံးဝိုင်းလေးက မြင်ရသူကိုစိတ်ချမ်းသာစေလောက်သည်
သို့ေပမယ့်လည်း သူ့ရဲ့ ပံုပန်းအပြင်အဆင်ကတော့ မျက်နှာလေးနဲ့ ဆန့်ကျင်စွာ ညစ်ပေပွယောင်းလို့နေသည်...မျက်နှာလေးကကြောက်ရွံ့မှုတွေဆာလောင်မှုတွေပြည့်နှက်နေသည်။ ခြေတစ်လှမ်း လှမ်းရဖို့ သူ့ ရွိသမ်ွအားလေးနဲ့ ရုန်းကန်နေရသည်...သူ့ကို ဘယ်သူမှလည်း လှည့့်မကြည့် ဘယ်သူကမှလဲ အရေးမလုပ်ကြ....
ကောင်လေးကို လမ်းသွားလမ်းလာတိုင်းက လျစ်လျူ ရှုထားပေမယ့်လည်း တစ်ယောက်သောသူကတော့ စားသောက်ဆိုင်ခန်း အပေါ်ထပ်ကနေ ကောင်လေးကို မျက်တောင်မခတ်ကြည့်နေလေသည်။
"အထိန်းတော်ကြီး Kang ဟို ကလေးလေးကို ကြည့်ပါဦး..သူ့ကိုလေ သူ့ကို ကျွန်တော်မြင်ဖူးနေသလိုပဲ"
Kangin- မင်းသားလေး အမြင်မှားတာဖြစ်ပါလိမ့်မယ် ဒီလိုကလေးမျိုးနဲ့မင်းသားလေးက ဘယ်လိုလုပ်ပြီး....
Prince-Arniee...ကျွန်တော်သေသေချာချာကိုမြင်ဖူးတာ... မဖြစ်သေးပါဘူး ကျွန်တော်ကိုယ်တိုင် သွာကြည့်မှပါ...
Kangin-မင်းသားလေး....မင်းသားလေး..
မင်းသားလေးလည်း အောက်ပြေးဆင်းသွားပြီး ကောင်လေးရဲ့ ပခုံးကို ပုတ်လိုက်တော့ ကောင်လေးက မင်းသားလေးကို ပြန်လှည့်ကြည့်လိုက်မှပဲ....
Prince-ကောင်လေး ...😳😳😳ဟင်...မင်းးးး Yi En😳😳
Yi Enတစ်ယောက် သူ့ကိုခေါ်တဲ့ လူငယ်ကို ကြည့်ဖို့ ခေါင်းလေးမော့လိုက်တဲ့အချိန်မွာပဲ အမြင်အာရုံတွေက ဝေဝါးသွားပြီး အရာအားလုံးမှောင်အတိကျသွားတယ်....
___________________________________
မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ အရာအားလုံးထူးဆန်းနေသည် အဆောင်ယောင်တွေခမ်းနားပြီး ဘေးနားမှာလည်း အခြေရံတွေနဲ့ သူလွဲနေတဲ့ ကုတင်ဘေးမှာတော့ ကုတင်ကိုမှီပြီးအိပ်နေတဲ့ ကောင်လေးတစ်ယောက်..ကောင်လေးကိုသူကြည့်မိတာ သူ့ကိုယ်သူတောင်သိမ်ငယ်သွားသလိုပင်....
YOU ARE READING
Yi En... Don't Leave Me
Fanfictionထီးနန်းလည်းစွန့်ရဲတယ် သေလည်းသေရဲတယ် အရာအားလုံးလည်းအဆုံးရှုံးခံရဲခဲ့တဲ့ငါဟာ မင်းမရှိပဲနဲ့တော့ မနေနိုင်ခဲ့ဘူး Yi En....