နှင်းဆီအနွမ်း အပိုင်း၁

440 32 2
                                    


စနစ်​တကျ စိုက်ပျိုးထားသော မြက်​ခင်း စိမ်းစိမ်းလေးသည် နှင်းစက်တွေကြောင့် စိုစွတ်နေ၏

Lu: merry Christmas baek ပျင်းနေပြီလား ခဏနေ Sooတို့ လာတော့မှာ

Baek:ရပါတယ်​ မပျင်းပါဘူး

Lu:ဟိုးဘက်က ငါ့သားတွေ ဝိုင်းကတော့ ဆူညံနေတာပဲ တို့တွေလူကြီးဝိုင်းက မဆုံသေးဘူး

baekခဏနော် ငါဟိုဘက်ဝိုင်း သွားလိုက်​ဦးမယ်

Baek:အွန်း

ကိုရီးယား ပြန်ရောက်ပြီး လေးနှစ်တာကာလ အတွင်း

ဒီနှစ်သည် baekအတွက် ပထမဆုံး ခရစ်စမတ် ပွဲ​တော်​ နှစ်ဖြစ်သည်

ဆယ်နှစ်လုံးလုံး ကိုရီးယား နှင့်ကင်းကွာခဲ့ပြီး

အနောက်ဘက်နိုင်ငံရဲ့ ခရစ်စမတ်

တွေနဲ့သာရင်းနှီးခဲ့ရသည်

သို့ပေမယ့် baekရဲ့ ဆန္ဒကတော့ နှင်းကျတဲ့

ခရစ်စမတ် ကို ရှောင်ရှားတတ်သည်
Soo:ဟိတ်...puppyလေး

မျက်​လုံး ပေါ်လာအုပ်သည့် အေးစက်စက်

လက်၏အထိအတွေ့နင့်အတူ ရယ်မြူးသံလေးနဲ့

ခေါ်သံကို ကြားလိုက်ရသည် ဘယ်မေ့မလဲ

ဆယ်စုနှစ်ကျော် ကာလက ဘဝအခြေနေနဲ့

ရုပ်ရည်တွေက ပြောင်းလဲရင် ပြောင်းလဲမယ်

ပင်ကိုအသံကတော့ ပြောင်းဖို့မလွယ်

Baek:Mr.Do Kyun Soo ကျွန်တော် မှတ်မိပါတယ်နော်

အုပ်ထားတဲ့ လက်လေးကို ဖြည်ရင်းပြောလိုက်တော့ ဟိုးအရင်ကလို အော်ဟစ်ရယ်မောလေသည်

Soo:ဟေ့ မိLu ဒီဘက်ကိုလာပါဦးဟ

Lu:ဘာဖြစ်ကပြန် ပြီလဲ မင်းက အသံကျယ်ကြီးနဲ့ အသက်ကြီးလေ အသံပိုကျယ်လေပဲ

Soo:အောင်မာ မိlu ရန်စနေပြန်ပြီ မင်းလည်းဘာထူးလဲ အသက်ကြီးတော့ ပိုပြီးပွစိပွစိနိုင်လာပြီ

Lu:ya ငါ့ကိုမိlu လို့ ခေါ်နဲ့ ငါက sam Namja ကွ

Soo:ဟဟ အေးပါကွာ sam Namja ကြီးရယ်

Lu:မရွဲ့နဲ့ နော် ငါသိနေတယ် ဟွန်းဟွန်း

Baek:ကဲ..တော်ကြပါတော့ မင်းတို့ကလည်း က​လေးကျ​နေတာပဲ မပြောင်းလဲသေးဘူး

နှင်းဆီအနွမ်းWhere stories live. Discover now