Introduction to my star

17 1 0
                                    

ကြယ်လေးေ
ကြယ်လေးဆိုတာ Byun Baek hyun ဆိုတဲ့ လူသား အဆိုတော်လေးကို ရည်ညွှန်းတာပါလေ ..ခင်ဗျားလေးကို လွတ်လပ်တဲ့ကောင်းကင်မှာ လင်းလက်တဲ့ ကြယ်လေး တစ်ပွင့်အဖြစ်ပဲ မြင်ချင်တာလေ.. မိုးကောင်းကင်က ဖိုးလမင်းဆီက မရနိုင်မယ့် ထမင်းဆီဆမ်း ရွှေလင်ပန်းကို လက်ညှိုးထိုးတောင်းခဲ့ဖူးတယ်..ရနိုင်မလားဆိုတယ့် မျှော်လင့်ချက်နဲ့ပေါ့..မဖြစ်နိုင်တယ့် အရာတစ်ခုမှန်း သိလာချိန် ရပ်တန့်ခဲ့တယ်..Byun Baek hyun ဆိုတဲ့ ကြယ်လေးကရော...miracle ထဲမှာပဲမလား..ဒါပေမယ့်လေ..မပိုင်ဆိုင်ရရင်တောင် ငေးကြည့်ခွင့်တော့ ရှိသေးတယ်မလား..ကလေးစိတ်နဲ့ ကြယ်လေးကို ကြွေကြလာဖို့ မတောင်းဆိုချင်ပါဘူး..ကိုယ်မြင်တာပေါ့ ..ဒီလိုတောက်ပဖို့ ကြယ်လေး ဘယ်လိုပေးဆပ်ပြီး ဘယ်လောက်အားထုတ်ခဲ့ရတယ်ဆိုတာလေ....ကြယ်လေး ပင်ပန်းနေချိန် မျက်ရည်ကျနေချိန် ဘေးမှာ အားပေးစကားနဲ့ ပွေ့ဖက်နိုင်တဲ့သူ မျက်ရည်သုတ်ပေးနိုင်သူတွေထဲ ကိုယ်မပါဝင်ပါဘူး..ဒါပေမယ့်လေ..ကြယ်လေးရဲ့ နှလုံးသားနဲ့အတူ ထပ်တူ နာကျင်ပေးနေတဲ့သူတွေ ရှိတယ်ဆိုတာ ကြယ်လေး ယုံနော်..သူတွေ လို့ကိုယ်သုံးခဲ့တယ်နော်..ဘာလို့လဲဆိုတော့ ကိုယ်ချစ်သလို ကြယ်လေးကို အရိပ်တကြည့်ကြည့် ငေးနေသူလေးတွေ..စိုးရိမ်ပူပန်နေသူလေးတွေ..ထပ်တူထပ်မျှ ခံစားနေသူလေးတွေ အများကြီး ရှိနေတယ်လေ..ဒါကြောင့်လဲ Appa ကိုချစ်တဲ့ Aeri လေးတွေ မရေမတွက်နိုင်အောင် ရှိနေတာလေ..သြော်..ကိုယ်ပြောပြရဦးမယ်.ကြယ်လေးက ကိုယ်တို့ကို Aeri လို့စခေါ်တဲ့အချိန်လေးလေ..ကိုယ်လေ..တကယ်ပဲ ဝမ်းသာလွန်းလို့ မျက်ရည်ဆိုတာ တတောက်တောက်ပဲ သိလား.Appa ဆိုပြီး ရင်ထဲမှာ ပဲ့တင်ထပ် နှူတ်ကတဖွဖွရေရွတ်မိတယ်လေ..မိဘဆိုတာ ကိုယ့်သားသမီးကို ရင်နှင့်အမျှ သဲကြွေမတတ် ချစ်ကြတာမလား..ကြယ်လေးက ကိုယ်တို့ကို ကလေးတွေလို သဘောထားပါတယ်ဆိုတဲ့အချိန်..ကြယ်လေး မျက်ဝန်းထဲက အချစ်တွေဟာ ဘယ်လောက်နက်ရှိုင်းလဲ ကိုယ်တွေ့မိလိုက်ပါရဲ့..ကိုယ်သိတာပေါ့.. ကြယ်လေးဆိုတာကလေ စိတ်ထားနူးညံ့လွန်းပြီး ချစ်တတ်လွန်းသူလေးဆိုတာလေ..စကားလေး တစ်ခွန်း အလေးအနက် ပြောမယ်နော်..

  အရမ်းချစ်တယ် ကြယ်လေးရယ်

You've reached the end of published parts.

⏰ Last updated: Feb 11, 2017 ⏰

Add this story to your Library to get notified about new parts!

Star Where stories live. Discover now