အပိုင်း (၁)

1.7K 142 14
                                    

" ကိုကို "

ကျောင်းမသွားမီ ကိုကို့ အားဝင်နှုတ်ဆက်ရန် သူ ပိုင်ဆိုင်သော
ဆေးခန်းအတွင်းသို့ဝင်လိုက်မိသည် ကိုကို့ ကိုတော့ရှာမတွေ့ပါ
ကျောင်းချိန်နီးနေပါပြီ သို့သော် ကျွန်တော်သည် ကိုကို့ မျက်နှာအား
မြင်တွေ့ချင်သေးသည်

" ကိုကို "

ဒုတိယအကြိမ်ထပ်ခေါ်မိသည် ထိုတစ်ကြိမ်တော့ ကိုကိုသည်
ဆိုင်ဧ။်အနောက်ဘက်မှ ပြေးထွက်လာသည် သန့်စင်ခန်းသွားခဲ့ဟန်
တူသည် ကိုကို့ ကိုတွေ့တော့ ကျွန်တော်သည် ထုံးစံအတိုင်း
ပြုံးပြမိဧ။်

" ဂျုံအင် မနက်စာစားလာခဲ့လား ? "

ကိုကို အမြဲမေးနေကျစကားတစ်ခွန်း ဒါကျွန်တော့်ကိုကို
OHSEHUN ပါလေ .... ကိုကို ဧ။် အမေးအားမဆိုင်းမတွပဲ
ကျွန်တော်ဖြေလိုက်သည်

" မစားတော့ဘူး ကိုကို ။ ကျွန်တော်ဒီနေ့အိပ်ယာထတာ
နောက်ကျနေလို့ ကျောင်းရောက်မှပဲ စားတော့မယ် "

" အင်း ဂျုံအင်သဘောပေါ့ ကော်ဖီသောက်သွားဦးမလား "

" ဟင့်အင်း ကိုကို ကျောင်းချိန်နီးနေပြီ "

ကိုကို က သူဧ။် ဦးခေါင်းအထက်ရှိ နာရီအားမော့ကြည့်သည်
ပြီးနောက်

" အင်း . .သွားတော့လေ နောက်ကျနေမယ် "

" ဟုတ် ! ကိုကို "

ကျွန်တော်က သွားများအကုန်ပေါ်အောင်ရယ်ပြကာ
ဆေးခန်းအပြင်သို့အရောက် "အာ နေဦး တစ်ခုမေ့ခဲ့တာပဲ "
ဆေးခန်းထဲသို့အလျင်အမြန်ပြန်ဝင်ကာ
ခွေးက​လေးများအား အစာရေစာကျွေးနေသူ ကိုကို့ပါးကို
ကျွန်တော်လှမ်းကာ အကြင်နာပေးလိုက်မိသည်
ထို့နောက် အလျင်အမြန် ဆေးခန်းအပြင်သို့ထွက်ကာပြေးလာမိတော့သည်
စိတ်ထဲ၌လည်း တောင်းဆုတစ်ခုကိုခြွေလျက်
' ကိုကို စိတ်မဆိုးပါစေနဲ့ ' ......။

ကိုကို နှင့် ကျွန်တော် အရမ်းချစ်ကြသည်ဟု ခင်များတို့ထင်နိုင်ကြသည်
အမှန်ကား ကိုကို သည် ကျွန်တော်နှင့်အနည်းအကျဉ်းမျှသာဆိုင်၍
ကျွန်တော်မပိုင်သော 'သူ 'တစ်ယောက်ဖြစ်သည်
ကိုကို နှင့် ကျွန်တော်သည် ချစ်သူဖြစ်ခဲ့သည်မှာ ၂ နှစ်နီးပါးမျှကြာခဲ့ပြီ
ကိုကိုက အမြဲလိုလို အေးစက်စက်သာ
ပြီးတော့ ကျွန်တော်က ကိုကို့ ရဲ့ လူမသိသူမသိ ချစ်သူကောင်လေး
တစ်ယောက် ' အဲ့ဒါကိုဘယ်လိုခေါ်တာ အာ silent ' တဲ့
ဟုတ်ပါသည် ကျွန်တော်တို့နှစ်ဦးဧ။်ပတ်သက်မှုအား
မည်သူမျှမသိ အများတကာသည် ကျွန်တော်တို့နှစ်ဦးဧ။်ဆက်ဆံရေး
အား အကိုနှင့်ညီဆက်ဆံရေးဟုသာထင်ကြဧ။်

Flying .. Without Wings (HIATUS) ✔ Where stories live. Discover now