Zawgyi
ဆူး(၁)
ဆေးရုံဝင်းအတွင်းမြူတာဝန်ကျရာ
အဆောင်ရှေ့ကုက္ကိုလ်ပင်အောက်
ခုံတန်းလေးတွင်ထိုင်နေရင်း
ခပ်ဝေးဝေးမှပြုံးပြက.
လျှောက်လာသည့် မြူ့ကို
လက်ဝှေ့ယမ်းပြလိုက်သည်။စာမေးပွဲနှင့်ကျွန်တော်သည်
မြူ၏တစ်ချက်လွှတ်အမိန့်ကြောင့်
မတွေ့ဖြစ်ခဲ့သည်မှာတစ်လပင်ပြည့်လုနီးနီးရှိပြီ။နေ့လည်ခင်းပူအိုက်ပူလောင်နေပြင်းပြင်းအချိန်ကြီးတွင်
ပင်အပြေးအလွှားလာခဲ့ရသည်ကိုပင်
မောသည်ဟုမထင်မိ ချစ်သူလေး၏
မျက်နှာကိုမြင်ချင်းလွန်းလှသည်။ပန်းနုရောင်ဝမ်းဆက်နှင့်အပေါ်ထပ်
duty coatကိုတွဲဝတ်ထားသည့်
ကျွန်တော်ချစ်သူသည် ကြွေရုပ်ကလေးလိုလှနေသည်။"မောင်...ဖြေနိုင်ရဲ့လား...။"
ဟော... တွေ့လား။ကိုယ့်ချစ်သူထက်
စာမေးပွဲ resultကိုသာ မြူက
ပိုစိတ်ဝင်စားသည်။"စစတွေ့ချင်းမောင့်ကို
မေးသည့်စကားက
ဒီစကားလား?မြူ...""အင်းပေါ့...မောင် ဖြေမှဖြေနိုင်ရဲ့လား
လို့ မြူ့မှာစိတ်ပူနေတာ..."မောင်ကတော့ မြူ့ကိုလွမ်းလွန်းလို့
စာမေးပွဲပြီးပြီးချင်းအပြေးလာခဲ့လိုက်ရတာ...
စကားဆက်မည်ကြံတုန်း ကြည့်မိသည့်...
မျက်ဝန်းနက်နက်က
တလက်လက်တောက်ကာ
မေးနေသည့်မြူသည်
ကျွန်တော့်စာမေးပွဲresult ကို
သိပ်စိတ်ဝင်စားနေပုံပေါ်သည်။အဲ့တော့ ကျွန်တော်ကပဲလျှော့ကာ...
"အင်း...ဖြေနိုင်တယ်။"
ဟုတ်တယ်လေ...မတွေ့ခဲ့ရသည်မှာ
တစ်လကို တွေ့တွေ့ချင်းရန်ဖြစ်
စိတ်ကောက်ကတော့မဟုတ်သေးဘူးလေ။ကိုယ်ကယောကျာ်းလေး
အလျှော့ပေးလိုက်ရတာပေါ့။
ဒါပေမဲ့သိပ်တော့မကျေနပ်
ချစ်သူကိုလွမ်းနေသည်ဟု
ဟန်ဆောင်၍တောင်မပြောသည့်
မြူသည် သိပ်ကို နေနိုင်လွန်းသည်။"ဒါနဲ့ မောင် ဒီကျောင်းပိတ်ရက်
မောင့်တို့မြို့ကိုမြူtripထွက်မယ်လို့
မာမီတို့ကိုပြောပြီးပြီ။""အင်း မောင်လည်းမေမေတို့ကို
ပြောထားတယ်။""မြူကတော့ရင်ခုန်တယ်
မောင့်ဇာတိကို မြူစိတ်ဝင်စားတယ်။
ဒါနဲ့ မြူ့မောင်လေးပါလိုက်မှာ
ပါးပါးက ငယ်လေးကို
အဖော်ထည့်လိုက်မယ်တဲ့"
![](https://img.wattpad.com/cover/95275563-288-k613594.jpg)