One

56 2 3
                                    

သူမအခန်းထဲကကောင်လေးတစ်ယောက်

တခါးရဲ့အပေါ်ဘက်နံရံမှာ ရေးထားတဲ့ အခန်းနံပါတ်ဒေကို ကြည့်ပြီး Cath တစ်ယောက်အခန်းလိုက်ရှာနေတယ်
လက်ထဲမှာကိုင်ထားတဲ့ room assignment တစ်ချက် ကြည့်လိုက်ပြီး ကော်ရစ်တာ တစ်လျှောက် လမ်းလျှောက်လာခဲ့တယ်

Pound Hall, 913

သူမရှာနေတဲ့ အခန်းနံပါတ်ကလဲ 913 ဘဲ ဒါပေမယ့် Pound Hall မဟုတ်ဘူးလို့တော့ထင်မိပါရဲ့

အဆောင်တွေက တန်းလျားအိပ်ဆောင် ပုံစံမျိုးတွေနဲ့တူတယ် အသက်ကြီးပိုင်းဒေ အတွက် ထားပေးထားတဲ့ public housing towers တွေလိုမျိုးဘဲ
တကယ်ဆိုရင် Cath ဟာ ကိုင်ထားတဲ့ အထညပ်အပိုး တွေမပြုတ်ကျခင် သူမအဖေကို လိုက်ရှာသင့်တယ်

" မင်းက Cath ထင်တယ် "
သွားဖြူဖြူတန်းတန်းလေးတွေ ပေါ်အောင်ပြုံးနေတဲ့ ကောင်လေးတစ်ယောက် က သူမရှေ့ကို လက်ထိုးပေးလာတရ်

" ဟုတ်ပါတရ် Cath ပါ " '
နှလုံးခုန်သံတွေမြန်လာပြီး ဗိုက်ထဲမှာ အကောင်တစ်ခုခု ဝင်နေပြီး လျှောက်သွားနေသလိုဘဲ သူမ လန့်သွားလို့ဘဲလားမသိ  ကောင်လေးရဲ့ကမ်းလာတဲ့ လက်တစ်ဖက်ကိုတော့ အသိအမှတ်မပြူမိလိုက်ပါ ( သူမ လက်မှာ အထုပ်တွေနဲ့ပြည့်နေတာ သူမြင်တာဘဲလေ ဘာရည်ရွယ်ချက်နဲ့ သူမကို လက်ကမ်းပေးတာလဲ )

သူ ယောင်သွားနေလို့နေမှာပါ......

Pound က ယောက်ျားလေးမိန်းကလေး ရောနေတဲ့ dorm ဆိုတာကိုတော့ သူမသိထားတယ်
အဲ့လိုမျိုး dorm ဆိုတာရှိတာကောသေချာရဲ့လား?

သူမလက်ထဲက အထုပ်အပိုးတွေကို သူ လှမ်းယူလိုက်ပြီး ကုတင်လွတ်တစ်ခုပေါ်ကို တင်ထားလိုက်တယ်
အခန်းထဲမှာရှိနေတဲ့ နောက်ထပ် ကုတင်တစ်လုံးကတော့ အဝတ်အစားတွေ အထုပ်အပိုးတွေနဲ့ ပြည့်နေလေရဲ့

" အောက်မှာပစ္စည်းတွေကျန်ခဲ့သေးလား " ကောင်လေးက သူမကိုလှမ်းမေးတယ်

" မရှိတော့ဘူးထင်ပါရဲ့ ဒါဆိုငါတို့အခု burger သွားစားလို့ရပြီ မင်းရော burger စားမယ်မဟုတ်လား? မင်း Pear ကိုအရင်ကရော ရောက်ဖူးလား? Burger တွေကလေ မင်းလက်သီးဆုပ်လောက်ရှိမယ် ထင်တယ် "

FangirlWhere stories live. Discover now