Ep - 1

1.6K 79 11
                                    

ဝူနိုင်ငံသည်ကား စည်ပင်သာယာပီး တရားမျှတသောဘုရင်အုပ်ချုပ်လေတယ် စစ်ဘေးမှလွတ်ကင်းသောနိုင်ငံလည်းဖြစ်တယ် စစ်အင်အားတောင့်တင်းတာကြောင့် မည်သည့်နိုင်ငံကမှစစ်မကြေညာရဲပေ ယခင်နှစ်တွေကစစ်ဖြစ်ပွားခဲ့ပေမယ့် ဘုရင်မင်းကြီးရဲ့သြဇာအာဏာနှင့် ဘုန်းတန်ခိုးကြီးမားပြီး တိုက်ခိုက်ရာမှာ မည်သူမျှမယှဉ်နိုင်တဲ့ ရဲစွမ်းသတ္တိတွေကြောင့် စစ်ပွဲတိုင်းအနိုင်ရခဲ့တယ် စစ်ပွဲတို့ရဲ့ဘုရင်ဆိုပြီး လည်းနာမည်သတင်းတွေကြီးမားခဲ့တယ် ထိုမင်းကြီးနာမည်သည်ကား Yifan မည်၏

''အမတ်ကြီး ငါကိုယ်တော်ကို နိုင်ငံရေးအခြေနေလျှောက်တင်ပါဦး''

နန်းတော်ဆောင်အတွင်းမှ မင်းကြီး၏နားနေခန်းတွင် Yifan လည်း ယုံကြည်ရတဲ့လက်ယာအမတ်ကြီးဖြစ်သူ Yixing ဆိုသူနှင့် ရေနွေးကြမ်းသောက်ရင်း နိုင်ငံရေးအခြေနေမေးလေတယ်

''မှန်လှပါအရှင်မင်းကြီး နိုင်ငံအတွင်းအခြေနေကတော့ သာယာလျှက်ရှိပေမယ့် ဝူနိုင်ငံရဲ့ပေါကြွယ်လှတဲ့ သယံဇာတတွေကြောင့် အိမ်နီးချင်းနိုင်ငံများဟာ မျက်စိကျလျှက်ရှိပါကြောင်း''

Yifan လည်း ရေနွေးကြမ်းကို သောက်မလို့ဟန်ပြင်ကာမှ မသောက်သေးပဲ တစ်ခုခုကိုဟန်ပါပါစဉ်းစားပီး

''မောင်မင်းဆိုလိုချင်တာက''

ထက်မြက်လှတဲ့ ဘုရင်းမင်းမြတ်ဖြစ်တာကြောင့် Yixing လည်း Yifan အဖြေစဉ်းစားမိပီဆိုတာသိလေတော့

''မှန်လှပါမင်းကြီး ချန်နိုင်ငံက စစ်ခင်းချင်နေကြောင်းပါ ''

''ငါကိုယ်တော်ကတော့ ဖြစ်နိုင်ရင် စစ်ပြေငြိမ်းချင်တယ် တိုင်းသူပြည်သားတွေကို ကြောက်လန့်မှုတွေမဖြစ်စေချင်ဘူး''

''ကျွန်တော်မျိုး သေချာစုံစမ်းပြီး အကောင်းဆုံးဖြစ်အောင် နည်းလမ်းစဉ်းစားကြည့်ပါ့မယ် မင်းကြီး''

''မောင်မင်းက ဖခမည်းတော်လက်ထက်ထဲက အကြံပေးအမတ်ဆိုတော့ ငါကိုယ်တော်မှာ အားကိုးယုံကြည်စရာဆိုလို့ မောင်မင်းတစ်ယောက်ပဲရှိတယ်''

''ကျွန်တော်မျိုးယုံကြည်ခံရလို့ အတိုင်းမသိဝမ်းသာမိကြောင်းပါ''

Royal Family Where stories live. Discover now