Baekhyun ခေါင်းကုတ်သလိုလိုနဲ့. .မျက်နှာကို
လက်နဲ့ကွယ်ထားမိရင်း
ရယ်ချင်နေတာကိုအောင့်အီးကာထိန်းသိမ်းထားနိုင်ပေမယ့်
ပြုံးချင်နေတဲ့နှုတ်ခမ်းတွေကိုတော့ဘယ်လိုမှ
အောင့်အီးကာထိန်းသိမ်းလို့မရ. .
.
.'' ပြုံးစိစိလုပ်မနေနဲ့ Byun Baekhyun. .
ငါမြင်တယ်''
.
.'' မပြုံးပါဘူး . . ဘယ်မှာပြုံးလို့လဲ. .''
.
.စိတ်ဆိုးမှာစိုးလို့ပျာပျာသလဲဖြေရှင်းသည့်တိုင်
.
.'' သူငယ်ချင်းလေးတယောက်ရှိလို့ ရင်ဖွင့်မိပါတယ်
သူကပါ လူကိုလှောင်နေသေး. . အားကိုမကိုးရဘူး''
.
.မျက်စောင်းတချက်ထိုးကာ တဖက်ကိုလှည့်သွားပြီး
luhan ပွစိပွစိရေရွတ်နေတော့ Baekhyun
မအောင့်နိုင်ပဲရယ်ချလိုက်မိတော့သည်
.
.
'' ရယ်ပါ ရယ်ပါ luhan ဆိုတာ လှောင်စရာ ရယ်စရာငပေါလေးကိုဖြစ်လို့. . အရူးလုပ်ခံရမှန်းသိသိကြီးနဲ့လဲ
ဘာမှမပြောနိုင်ပဲခေါင်းငုံ့ခံနေရတာ. . ''
.
.
'' လှောင်တာမဟုတ်ပါဘူး မင်းကလဲ . . ဒီအတိုင်းမင်းပြောပြတဲ့ပုံကိုမြင်ယောင်ကြည့်ရင် ရယ်ချင်စရာ
ကောင်းလို့. . ''
.
.
.'' ရယ်ပါ မင်းကတော့ ရယ်နိုင်တာပေါ့. . . မင်းကတော့
တဖက်သတ်လိုက်ချစ်နေရတဲ့ဒုက္ခကိုမှမသိတာ
Chanyeol hyung ကမင်းဆိုဖူးဖူးမှုတ်ပြီး
ထိပ်ပေါ်တင်ထားတာကိုး. .''
.
.Baekhyun မျက်လုံးပြူးသွားရရင်း. .
.
.
'' yrrr. . luhan. . ဒီနေရာမှာ Park Chanyeolနာမည်က ဘယ်ကပါလာရတာလဲ. . ''
.
.Luhan ကသူ့ကို ခပ်စူးစူးလေးကြည့်ရင်း
နှုတ်ခမ်းလေးမဲ့ကာ ဟွန့်ကနဲအသံပြုသည်
.
.