အချစ်တစ်ခုရဲ့ နာကျင်မှု (Intro)

21 2 3
                                    


အကြည့်တစ်ချက်နဲ့ စတင်ခဲ့တဲ့ အချစ်တစ်ခုက ဒီလောက်နာကျင်မယ်မှန်းသိခဲ့ရင် ကိုယ်မင်းနဲ့ မတွေ့ခဲ့မိအောင်ကြိုးစားခဲ့မိမယ်ထင်တယ်...

အကြည့်တစ်ချက်ကြောင့်လို့ ကိုယ်ရိုးစွပ်ခဲ့တဲ့ အဲဒီအချစ်အကြောင်းကို လူတွေသိရင် ကိုယ့်ကို ဟားတိုက်ရယ်မောကြမယ်ထင်တယ်.

ကိုယ့်နှလုံးထဲကိုသာ မင်းမဝင်လာခဲ့ဘူးဆိုရင် အေးစက်စက်နှလုံးသားတစ်စုံနဲ့ ဟန်ဆောင်မျက်နှာဖုံးတွေကြားမှာ ကိုယ့်ဘဝကြီးက အခုထက်ပို အဆင်ပြေနေမလားလို့ ရူးကြောင်ကြောင်တွေးမိပြန်တယ်...

မင်းကြောင့်ကျခဲ့တဲ့ မျက်ရည်တွေကို သနားလွန်းလို့ ကိုယ်နောက်ထပ်တစ်ကြိမ်ထပ်ငိုကြွေးမိပြန်တယ်...

တစ်နေ့တစ်ခြားတိုးပွားလာတဲ့ ကိုယ့်ရဲ့ရူးသွပ်မှုတွေရဲ့အလယ်မှာ ကိုယ့်နှလုံးသားက ဓားစာခံဖြစ်ခဲ့ရတယ်...

ရူးရူးမိုက်မိုက်မေ့ပစ်ဖို့ ဆုံးဖြတ်ခဲ့တာတောင် မင်းရဲ့အပြုံးတစ်ချက်ကြောင့် ကိုယ်ကျဆုံးခဲ့ရပြန်တယ်...

ကိုယ်နှလုံးသားမှာဖြစ်တည်နေတဲ့ အမာရွတ်ကို မင်းမမြင်နိုင်ရင်တောင် ကိုယ့်နာကျင်မှုတစ်စိတ်တစ်ဒေသကို မင်းမြင်နိုင်ဖို့ ကိုယ့်လက်ကောက်ဝတ်မှာပုံဖော်ပေးခဲ့တယ်...

ကိုယ့်ဘဝကို မရောင့်ရဲနိုင်လောက်အောင် မင်းက ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုဖြစ်ခဲ့တယ်...

မင်းဘေးနားရှိနေချင်တဲ့ ကိုယ်ရဲ့စိတ်ကူးလေးကို မင်းရဲ့အောင်မြင်မှုက နင်းသတ်ခဲ့ပြန်တယ်...

မင်းနဲ့ဝေးလွန်းလှတဲ့ လူ့လောကမှာ အသက်ရှင်နေရတဲ့ ကိုယ်ဘဝကိုရွံ့မုန်းမိတယ်...

နေ့သစ်တစ်နေ့စတိုင်း ဖန်သားပြင်တစ်ချပ်ခြားတဲ့ ကိုယ့်ရဲ့အချစ်ကို လူတွေကပြက်ရယ်ပြုကြတယ်...

အက်စစ်နဲ့အပက်ခံထားရသလိုနာကျင်နေတဲ့ နှလုံးသားတစ်စုံကို ပွေ့ပိုက်ရင်း မင်းနဲ့တွေ့ဆုံနိုင်ဖို့ကိုယ်အသက်ဆက်နေတယ်....

ချစ်သူ... မင်းအချစ်တွေက ကိုယ်နဲ့မထိုက်တန်ရင်တောင် မင်းမပေးတဲ့နာကျင်မှုတွေကို ဖက်တွယ်ရင်း... မင်းမျက်နှာပေါ်က အပြုံးတွေကို ကိုယ့်နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ သိမ်းဆည်းရင်း ကိုယ့်နောက်ဆုံးထွက်သက်အထိသယ်ဆောင်သွားပြုပါ... ချစ်ရသူ....

💔💔💔💔💔💔💔💔💔💔

You've reached the end of published parts.

⏰ Last updated: Jun 02, 2018 ⏰

Add this story to your Library to get notified about new parts!

အချစ်တစ်ခုရဲ့ နာကျင်မှုWhere stories live. Discover now