ဤအချိန်သည်ကားအလွန်လှပသောနံနက်ခင်းလေးတစ်ခုဖြစ်လေတယ် ငှက်ကလေးတွေရဲ့တေးဆိုသံလေးတွေနဲ့ အလွန်မွှေးလှတဲ့ပန်းရနံ့လေးတွေဟာလည်း ပတ်ဝန်းကျင်တစ်ခုလုံးသင်းပြန့်နေလေတော့ စိတ်ကူးယဉ်စရာအကောင်းဆုံးအချိန်လေးဖြစ်လေရဲ့ နွေးထွေးတဲ့နေရောင်ခြည်လေးဟာလည်း မျက်နှာထက်မှာဖြာကျလာတော့ ဥယျာဉ်တော်အတွင်း မြက်ခင်းပြင်မှာစက်တော်ခေါ်နေတဲ့ မင်းသမီးလေးလည်း လှုပ်ရှားလာလေရဲ့
''အင်းးးး Xiu ပြတင်းပေါက်ပိတ်လိုက် နေထိုးနေတယ်''
Baek ဆီကအသံထွက်လာတော့ ဘေးမှာလှဲအိပ်နေတဲ့ အနက်ရောင် ဆိုသော ဝံပုလွေကြီးဟာချက်ခြင်းထပီး Baek မျက်နှာကိုနေကွယ်ပေးလိုက်လေတယ်
''အင်းးး Xiu ငါဆက်အိပ်လိုက်ဦးမယ် နင် Hun တို့နှစ်ကောင်ကို သွားနှိုးလိုက်''
နန်းတွင်းထဲရောက်နေမှန်း သတိမထားမိတဲ့ Baek မျက်လုံးမဖွင့်ပဲ တစ်ယောက်ထဲ စကားတွေပြောပီး ပြန်အိပ်သွားလေရဲ့
အနက်ရောင်ကတော့ Baek မျက်နှာကို ကုန်းကြည့်နေရင်းငြိမ်နေတယ်ဆိုပေမယ့် တခြားသူအမြင်မှာတော့ အစာကိုစားတော့မယ့်အချိန် စိုက်ကြည့်နေသယောင်ပေါ့လေ ဒါကိုတွေ့သွားတဲ့အထိန်းတော်ကြီးလဲ မင်းကြီးဆီအမြန်ပြေးသွားလေရဲ့''Baekki သတိထား''
Yifan တစ်ယောက် အထိန်းတော်ကြီးရဲ့ လျှောက်တင်ချက်အရ Baek ကို စိုးရိမ်ပီး ဥယျာဉ်တော်အတွင်းကို ချက်ခြင်းပြေးလာတယ် Yifan ရဲ့အသံကြားတော့ အနက်ရောင် ဟာ မာန်ဖီလိုက်ရင်း Baek နားကိုအကပ်မခံ
''Baekki''
Yifan အော်သံကြားမှ Baek လည်း အိပ်ချင်မူးတူးနဲ့နိုးလာပီး သူ့နားက မာန်ဖီနေတဲ့ အနက်ရောင် ကို တွေ့တယ်
''အနက်ရောင် ငြိမ်ငြိမ်နေစမ်း''
Baek အသံကြောင့် မာန်ဖီနေတဲ့ အနက်ရောင်ဟာ ချက်ခြင်းပဲ Baek ကို ပွတ်သတ်လေရဲ့
''လိမ္မာလိုက်တာ''
''Baekki''
Yifan အသံထပ်ကြားတော့ အနက်ရောင် ဟာ ပြန်လှည့်ကြည့်လိုက်တယ်
''Baek Baekki နင့်အကောင်ကို ကြည့်ထိန်းအုံး''
''အကိုတော်ကလည်း ကြောက်တတ်လိုက်တာ အနက်ရောင် နင်ဘယ်သူ့ကိုမှ ရန်မပြုရဘူးနော် ရန်ပြုရင် ငါနင့်ကိုမခေါ်တော့ဘူးကြားလား''
YOU ARE READING
Royal Family
Fanfictionစစ်ရေးစစ်ရာဆိုသည်ကား ပရိယာယ်လှည့်စားမှုအပေါ်အခြေတည်သည် ဒါဆို အချစ်ဆိုတာကရော ......