Taeyeon, Yuri,Yoona,SooYoung သူတို့လေးယောက်ဟာ GG အထက်တန်းကျောင်းမှာ နာမည်ကြီးတဲ့ ကျောင်းသားလေးယောက်ဖြစ်တယ်....
Taeyeonဆိုတဲ့ တယောက်က ပန်းချီဆွဲရတာ ၀ါသနာပါသူတစ်ဦး Yuriကတော့ အားကစားလုပ်ရတာ ၀ါသနာပါတယ် အထူးသဖြင့် ရေကူးရတာကိုပေါ့
Yoonaကတော့ အနုပညာကို ၀ါသနာပါသူ မော်ဒယ်လုပ်ရတာ သီချင်းဆိုရတာ အလွန်သဘောကျသူတစ်ဦး Sooyoungကတော့ အခုထိ သူဘာကို ၀ါသနာပါလည်းဆိုတာ မသိသေးဘဲ ပေါတောတောနဲ့ အစားကိုဘဲ စိတ်ဝင်စားသူတစ်ဦး
သူတို့လေးယောက်က ငယ်ငယ်ကတည်းက ပေါင်းလာပီး တယောက်ကို တယောက်အရမ်းခင်ကြတယ် အဲ့သူငယ်ချင်း လေးယောက်ဟာ မိန်းကလေးတယောက်ကြောင့် စိတ်ဝမ်းကွဲကုန်သောအခါ
*သူငယ်ချင်း အချင်းချင်း မင်းဒီလို လုပ်ရက်မယ်လို့ ငါမထင်ခဲ့ဘူး ငါ့နောက်ကျောကို မင်းက ဓားနဲ့ထိုးတာဘဲ*
*မင်းထင်ချင်သလို ထင်နိုင်တယ် ငါ့မှာ ပြောစရာစကားမရှိဘူး *
*အောက်တန်းကျတဲ့ကောင်*
*တော်ကြပါတော့ မင်းတို့ကလည်း*
~~~~~~~~~~~~
"ဘာတဲ့ ငါ့ကိုမချစ်ခဲ့ဘူးဟုတ်လား......... လူတယောက်ခံစားချက်ကို လွယ်လွယ်နဲ့ ကစားရတာ ပျော်လား"
#Taeyeon
"ငါလား နင့်ကို အရမ်းချစ်လို့ မပိုင်ဆိုင်ရတာတောင် အဝေးကငေးကြည့်နေရရင် ကျေနပ်သူပါ နင်သိလား အရင်က ငါဟာ play boyတစ်ဦးပါ နင်နဲ့တွေ့မှ အချစ်ဆိုတာ ခံစားမိတာ"
#Yuri
" တနေ့ ငါအခုလို လုပ်ရတဲ့ အကြောင်းအရင်းကို နင်နားလည်မှာပါ နင့်ကို ရင်နာအောင် လုပ်မှ ဖြစ်မှာမို့လို့ပါ"
#Tiffany
"သူကဘယ်လိုကြီးလည်း သူငယ်ချင်းတွေကို စိတ်ဝမ်းကွဲအောင် လုပ်နေတာလား"
#Yoona
အကြောင်းအရာကို သေချာမသိဘဲ ငါတို့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရဘူး
#Jessica
"အမှန်တရားကို သိတဲ့ထဲ ငါပါတယ် ငါ အကြောင်းအရာအားလုံးကို အစအဆုံးသိထားတယ် "
#Sooyoung
"နင်သိတာတွေ ငါ့ကိုပြောပြပါ့လား မုန့်ဝယ်ကျွေးမယ်လေ"
#Sunny
Tiffanyက ဘာကြောင့်စိတ်နာအောင် လုပ်ရတာလည်း
Sooyoungက အမှန်တရားကို ဘယ်လိုသိတာလည်း
Tiffany သူ့ကို စိတ်နာအောင် လုပ်ရတဲ့အကြောင်း သူ သိသွားရင်... ဘာဆက်ဖြစ်ကြမလည်း ပြန်အဆင်ပြေသွားကြမလား?.......