မြူးကြွတဲ့ တီးလုံးသံတွေကြားမှာ စည်းချက်နဲ့အညီ ကနေသူက Kwon Yuri..... နာရီကို တချက်ငုံ့ကြည့်တော့
"ဟိုက် ၁၁ခွဲနေပြီ မနက်၁နာရီဆို အဖေ ခရီးကပြန်ရောက်ပြီ သူပြန်ရောက်လို့ ငါအိမ်မှာမရှိတာ သိရင် သေလိမ့်မယ် အမြန်ပြန်မှ"
သူရဲ့ အရပ်ရှည်ရှည် အသားညိုညို ညို့အားပြင်းတဲ့ မျက်လုံးတစ်စုံကြောင့် သူ့အနားမှာ အမြဲ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေတာ မဆန်းပါ...
"Oppa တို့တွေ ဒီည အတူဖြတ်သန်းသင့်တယ်မထင်ဘူးလား"ဆိုပြီး ကောင်မလေး တယောက် ၀ိုင်ခွက်လေးကိုင်ပြီး Yuriနားကပ်လာတယ်...
"Oh sorry babe ဒီနေ့တော့ မဖြစ်နိုင်ဘူး oppa ကိစ္စလေးရှိလို့"
သူ့ကို လာကမ်းလှမ်းတဲ့ မိန်းကလေးကို ငြင်းပြီး clubအပြင်ဘက်ထွက်ကာ ကားမောင်းပြီး အိမ်ပြန်လာသည်။ အိမ်ပြန်လမ်းတွင် ကောင်မလေးတယောက်ကို ယောင်္ကျားလေးယောက် ၀ိုင်းထားတာတွေ့လို့ ရပ်ကြည့်လိုက်သည်။
"ရှင်တို့ ကျွန်မကို လွှတ်ပေးပါရှင်"
"Hahaha ဒီလို မိန်းမလှလေးကို လွှတ်ပေးရအောင် ငါတို့က ဥာဏ်တုံးမှမဟုတ်တာ"
Yuriလှမ်းကြည့်တော့ ကောင်မလေးတယောက်ကို အရက်မူးနေတဲ့ ကောင်တွေ အမဲဖျက်ဖို့လုပ်နေတာကို တွေ့ရတော့ ကူညီရမလား မကူညီရမလား စဉ်းစားနေသည်။ ကူလည်းကူညီချင်သေးတယ် အိမ်ပြန်နောက်ကျမှာလည်း စိုးရိမ်နေတော့ Yuriတယောက် တွေဝေနေတယ်...
"ရှင် ကျွန်မအသားကို လာမထိနဲ့နော် မယုတ်မာနဲ့"
ကောင်မလေးရဲ့လက်ကို အမူးသမားတယောက်က လှမ်းဆွဲလို့ Yuriလည်း မနေနိုင်တာနဲ့ ၀င်ကူညီလိုက်သည်။
"မိန်းကလေးတယောက်ကို အမဲဝိုင်းဖျက်ဖို့ ကြိုးစားနေတာ ပျင်းဖို့မကောင်းဘူးလား "
"ညေး ကိုယ့်လမ်းကိုယ်သွားတာ ကောင်းမယ်ထင်တယ်"
"ကျွန်တော် ကောင်းကောင်းမွန်မွန်ပြောနေတယ် ကောင်မလေးကို လွှတ်ပေးလိုက်ပါ"
"ညေး Hero ၀င်လုပ်နေတာလား ဒါ ညေးကြည့်နေကြ စိတ်ကူးယဉ် ဇာတ်ကားထဲကလို မင်းသားက လူကြမ်းတွေကို အော်လိုက်တာနဲ့ လူကြမ်းတွေက ကြောက်ပြီး ထွက်ပြေးသွားသလို မဟုတ်ဘူးနော် ကံဆိုးရင် ညေးပါ အမဲဖျက်ခံရမယ်😂😂 ကဲ ကိုယ့်လမ်းကိုယ်အေးဆေးသွားပါ"
" ဒုတိယအကြိမ် ကောင်းကောင်းမွန်မွန်ပြောနေတယ် :-) မိန်းကလေးကို လွှတ်ပေးလိုက်ပါ"
"ကွာ အချိန်တွေပုပ်တယ် သူ့ကို ၀ိုင်း သမ ရအောင်"
အရက်မူးသမားတွေလည်း Yuriကို ထိုးတော့ Yuriရှောင်ပြီး ပြန်ထိုးတယ်။ ခဏကြာတော့ အမူးသမားတွေ ထွက်ပြေးသွားကြတော့ Yuriကောင်မလေးဘက် လှည့်ပြီး
"မင်း အဆင်ပြေရဲ့လား"
"ပြေပါတယ် ကျွန်မကို ဒီလူယုတ်မာတွေ လက်ထဲက ကယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ရှင်သာ ရောက်မလာရင် ကျွန်မဘ၀😣😣😢😢"
"မင်း အိမ်က ဘယ်နားမှာလည်း ငါလိုက်ပို့ပေးမယ် ကားပေါ်တက်"
"ရှန်"
"မင်းကို ဟိုအမူးသမားတွေဆီကတောင် ကယ်ထားတာပါ မစိုးရိမ်ပါနဲ့ "
"တမျိုးမထင်ပါဘူး အားနာလို့ပါ"
"အားနာမနေနဲ့ ဒီလိုညကြီးမိုးချုပ်မှာ မိန်းကလေး တယောက်ထဲ အပြင်မှာ အဆင်မပြေပုနော် မင်းငါနဲ့မလိုက်ခဲ့ရင် ခုနအမူးသမားတွေပြန်ရောက်လာရင် ဘယ်လိုလုပ်မလည်း "
Yuriစကားကြောင့် ကောင်မလေးလည်း ကားပေါ်တက်လိုက်သည်။
"မင်း အိမ်က ဘယ်မှာလဲ "
"ရှေ့တစ်လမ်းဆို ရောက်ပါပြီ "
Yuriလည်း ကောင်မလေးကို အိမ်လိုက်ပို့ပေးရင်း
" တကယ် ကျေးဇူးတင်ပါတယ် ကျွန်မကို ကယ်ခဲ့လို့"
"ရပါတယ် ဒါနဲ့ မင်းက ညကြီးဘယ်သွားတာလည်း......အာ... ကျွန်တော် စပ်စုသလိုများဖြစ်သွားလား"
Yuriရဲ့ စကားကြောင့် ကောင်မလေး သူမရဲ့ ဖြူ ဖွေးနေတဲ့ သွားလေးတွေ ပေါ်အောင် ပြုံးလိုက်ပြီး
"မဖြစ်ပါဘူး ကျွန်မက ဆေးသွားဝယ်တာပါ"
"ညကြီးကို ဘာလို့လည်း"
"ကျွန်မ ခေါင်းက မခံမရပ်နိုင်အောင် ကိုက်နေလို့ပါ ဆေးတွေလည်း ကျွန်မသောက်လို့ ကုန်သွားပြီ အဲ့တာကြောင့် သွားဝယ်တာပါ"
"Aww နောက်ဆိုလည်း ဆေးတွေအများကြီး ကြိုဝယ်ထားပါ့လား အကြံပေးတာနော် ခုလို ဖြစ်မှာဆိုးလို့ပါ "
"Nae ရှေ့နားဆို ကျွန်မ အိမ်ရောက်ပြီ ကားရပ်ပေးလို့ရတယ်နော် "
Yuriလည်း ကားရပ်ပေးလိုက်တော့ ကောင်မလေးက ကားပေါ်ကမဆင်းခင် သူ့ဘက်ကို လှည့်ပြီး ခေါင်းလေးညွှတ်ပြီး ကျေးဇူးတင်ကြောင်းထပ်ပြောတယ်......ကျေးဇူးတင်စကားပြောပြီး ခေါင်းကို အမော့
"ဟယ် ရှင့်မျက်နှာ ထိခိုက်ထားတယ်"
ကောင်မလေးရဲ့ စကားကြောင့် Yuri သူ့မျက်နှာကို ကိုင်ကြည့်တော့ အစင်းရာထင်ပြီး သွေးတွေတောင် စို့နေတာကို သိရတော့
"ခုန ချရင်း ထိခိုက်မိတာထင်တယ် ကိစ္စမရှိပါဘူး မနက်ဖြန်ဆို ပျောက်သွားမှာပါ"
"ဘာလို့ ကိစ္စမရှိရမှာလည်း အမာရွတ်ကျန်သွားရင် ဘယ်လိုလုပ်မလည်း ကျွန်မ ဆေးထည့်ပေးမယ်"
ကောင်မလေး သူမဆေးအိတ်ထဲက ဆေးပုလင်းယူပြီး ဂွမ်းလေးနဲ့ Yuri မျက်နှာက ဒဏ်ရာကို ဆေးထည့်ပေးတယ်..... Yuriက ဆေးကြောင့် စပ်လို့ တချက်တချက် တွန့်သွားတော့
"ရှင် စပ်နေတာလား ကျွန်မမှုတ်ပေးမယ်"
ဆေးထည့်ပေးပြီး မစပ်အောင် မှုတ်ပေးနေတဲ့ သူမကိုကြည့်ပြီး Yuri သဘောကျနေတယ်..... Yuriကောင်မလေးတော်တော်များများနဲ့ တွဲဖူးပေမယ့် အခုလို ဒဏ်ရာရနေရင် ဆေးသေချာ ဂရုစိုက်ထည့်ပေးမယ့် သူမရှိ....အပေါ်ယံသာ ဆေးထည့်အုံးနော် ဘာညာနဲ့ ပြောသူသာရှိသည်။ ယခု သူမကတော့ သူ့ဒဏ်ရာကို ဆေးသေချာထည့်ပေးတဲ့အပြင် မစပ်အောင် လေနဲ့ပါမှုတ်ပေးနေတယ် ခုန အမှောင်ထဲမှာမို့လို့ ကောင်မလေးကို သေချာမမြင်ရပေမယ့် ခုကားထဲက မီးအလင်းရောင်ကြောင့် သူမမျက်နှာကို သေချာမြင်ရလေပြီ.... ဘယ်လောက်တောင် သူမမျက်နှာကို Yuriကြည့်နေမိသည်မသိ သူမဘက်က စကားသံကြားမှ အသိစိတ်ပြန်ဝင်လာသည်။
"ရော့ ဒီဆေးပုလင်းလေး ယူသွားလိုက် မနက်နိုးလာရင် တခေါက်ထည့်အုံးနော် ပိုးမ၀င်အောင် အနာကပ်ပလာစတာကပ်လိုက်အုံးနော် ကျွန်မကို သွားခွင့်ပြုပါအုံး"
"Nae "
သူမ ကားပေါ်ကဆင်းပြီး အပြင်ဘက်က Yuriကို လက်ပြနှုတ်ဆက်နေတယ်......Yuriကတော့ သူမ အိမ်ထဲဝင်သွားမှ အိမ်ကိုပြန်လာတယ် ကံကောင်းချင်တော့ ၁၂ခွဲပြီး ငါးမိနစ်ရှိသေးလို့ သူ အိမ်ပေါ်မြန်မြန်ပြေးတက်ပြီး ကုတင်ပေါ်ဒိုင်ပင်ပစ်ထိုးပြီး လှဲလိုက်တယ်.....
အတွေးပေါင်းများစွာနဲ့ အိပ်ပျော်သွားတဲ့ Yuri နှိုးစက်အသံကြောင့် လန့်နိုးလာတယ်.....ခါတိုင်းဆို နာရီကို လွှင့်ပစ်ပြီး ပြန်အိပ်တတ်သူက အခုတော့ နှိုးစက်ကို ပိတ်ပြီး ရေချိုးခန်းထဲဝင် ရေချိုးပြီး ပြန်ထွက်လာတော့ မှန်ထဲမှာ ကိုယ့်မျက်နှာကိုယ် ကိုင်ကြည့်ရင်း
"မင်းလေးရဲ့ စေတနာကြောင့် အနာကျက်တာ မြန်လိုက်တာ ဆေးထည့်စရာတောင် မလိုတော့ဘူး ဒါပေမယ့် မင်းလေးရဲ့စကားကို နားထောင်ပြီး ကိုယ်ဆေးထည့်ပြီး အနာကပ်လေး ကပ်လိုက်မယ်နော်"
ဒဏ်ရာကိုဆေးထည့် အ၀တ်အစားလဲပြီး အောက်ထပ်ကိုဆင်းလာတော့
"Oh..... ငါများ အိမ်မက်မက်နေတာလား "
"ဘာလို့လည်း Omar"
"ငါ့သားလေ မနက်နှိုးစရာမလိုဘဲ အစောကြီးထလာလို့ ဆေးများမှားသောက်လာတာလား"
"ဟီး ဆေးမှားမသောက်ပါဘူး Omar အိမ်မက်မက်နေတာလည်းမဟုတ်ဘူး တကယ့်အပြင်ဘက်မှာ ဖြစ်နေတာပါ"
အံ့သြတကြီးဖြစ်နေတဲ့ သူ့အမေကို နမ်းပြီး မနက်စာစားပွဲမှာ ထိုင်လိုက်တယ်.....ပြီးတော့ သတင်းစာကိုဖတ်နေတဲ့ သူ့အဖေကို
"Good morning Appa"ဆိုပြီး နှုတ်ဆက်လိုက်တယ်
Yuriအပြစ်တခုခုလုပ်ထားလို့များ အခုလို လာဖားနေတာလားဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး
"Morning...... မင်းတခုခုလုပ်ထားပြန်ပြီလား ပြဿနာရှာပြန်ပီလား"
"Appaကတော့လေ ကျွန်တော့်ဆို အမြဲ သံသယ၀င်နေတာဘဲ"
"မင်းကကော ဟုတ်လို့လား"
ဟုတ်ပါသည် Yuriအဖေ Yuriကို သံသယ၀င်တာမဆန်းပါ Yuriဆိုတဲ့ သူက တစ်ပတ်ကို တခါလောက် ပြဿ နာရှာတတ်သူတစ်ဦး အခုလို သူထူးဆန်းနေတော့ သူ့အဖေက ပိုမသင်္ကာဖြစ်နေရော...
"တော်ပြီ မစားတော့ဘူး Omar သား ကျောင်းမှာဘဲ မနက်စာဝယ်စားတော့မယ် သွားပြီ"
ကျောပိုးအိတ်ကို ကောက်လွယ် ကားမောင်းပီး ကျောင်းကို ထွက်သွားတယ်...... အရင်က လမ်းမှာ မီးပွိုင့်မိရင် စိတ်တိုတတ်တဲ့သူက အခု မီးပွိုင့်မိတာတောင် စိတ်တိုဖို့မပြောနဲ့ သီချင်းလေးတအေးအေးနဲ့ မီးစိမ်းမယ့် အချိန်စောင့်နေတယ်....ကျောင်းကို ရောက်တော့ ကန်တင်းမှာ သူ့ကို စောင့်နေတဲ့ သူ့သူငယ်ချင်းတွေဆီကို သီချင်းလေးညည်းပြီး သွားသည်။ ကန်တင်းရောက်တော့ ထုံးစံအတိုင်း ကောင်မလေးတွေက Yuriကိုတွေ့တော့
"ဟယ် Yuri Oppaထိခိုက်ထားပြန်ပြီ ရန်ဖြစ်ထားပြန်ပြီလား မသိဘူး "
ဒီစကားတွေက YoonTaeSooတို့အတွက် ရိုးအီနေတဲ့ စကားတွေလေ....တခါတခါ Sooyoungပါ Yuriနဲ့အတူ ရန်ကူဖြစ်ပေးရသေး Yuriရဲ့ မုန့်ဝယ်ကျွေးမယ်ဆိုတဲ့ မြူ စွယ်မှုကြောင့်..... ထုံးစံအတိုင်း ရန်ဖြစ်ရင်းရတဲ့ ဒဏ်ရာလို့ဘဲ ထင်ကြလို့ ဘာဆိုဘာမှမမေးကြဘဲ မုန့်တွေသာ ဆက်စားနေကြတယ်.....
"ရာသီဥတုက သာယာလိုက်တာကွာ...."
Yuri စကားကြောင့် Yoonaတို့ တယောက်မျက်နှာ တယောက်ကြည့်ပြီး ပြိုင်တူပြောမိကြတာက
"Yuri မင်းရူးနေတာလား နေဒီလောက်ပူနေတာကို"
"ဖြစ်နိုင်တယ် နေပြင်းတော့ သူ ရူးသွားတာနေမယ်"ဆိုတဲ့ Sooyoungစကားကို ထောက်ခံသူက Yoona
"ဟုတ်တယ် ဟုတ်တယ် နေမြင့်လေ ရူးရင့်လေဆိုတဲ့ စကားပုံထဲကလို"
သူတို့ Yuriကို အရူးလို့ပြောနေပေမယ့် Yuriစိတ်မဆိုးနိုင်ဘဲ ပြုံးပြုံးကြီးကြည့်နေတော့
"Yuri မင်းပျော်စရာ ကိစ္စတခုခုများရှိလို့လား"ဆိုပြီး Taeyeonမေးလိုက်သည်။
"ဒါပေါ့ ပျော်စရာထက် ကြည်နူးစရာကိစ္စလေး ပြန်တွေးတိုင်း ကြည်နူးရတယ်"
Yuriစကားကြောင့် Sooyoungလည်း သိချင်တာနဲ့
"ဘာကိစ္စလည်း စော်အသစ်ရလို့လား ပြောပါအုံး"ဆိုပြီး အအေးသောက်ရင်း မေးလိုက်သည်။
Soo Young မေးခွန်းကို Yuriဖြေမလို့ရှိသေး ကောင်မလေးတယောက် Yuriဘေးနားဝင်ထိုင်ပြီး
"Oppa chawလေ oppaကို စိတ်ဝင်စားတယ် အဲ့တာလေ" ကောင်မလေးရဲ့ စကားတောင် မဆုံးသေး Yuri ကောင်မလေးဘက် လှည့်လိုက်ပြီး မျက်နှာနား ကပ်သွားလိုက်တယ်..... Taeyeonတို့ကတော့ ထုံးစံအတိုင်း Yuriကောင်မလေးကို နမ်းမယ်ထင်ပြီး စားလက်စ မုန့်ကိုသာ ဆက်စားနေတယ်.....ကောင်မလေးကလည်း သူ့ကို နမ်းမယ်ထင်ပြီး မျက်လုံးလေးမှိတ်ပြီး နှုတ်ခမ်းလေးစူထားတယ်.... ဒါပေမယ့် Yuriစကားကြောင့် ကောင်မလေးရော Taeyeonတို့ရော ဘေးနားက တခြားမိန်းကလေးတွေပါ အံ့သြသွားလေသည်။
"Sorry ညီမလေး Oppaကို စိတ်မ၀င်စားပါနဲ့ ညီမကို တကယ်ချစ်တဲ့ သူကိုသာ ပြန်ချစ်လိုက်ပါ "
"ရှင်?"
"ငါအတန်းထဲ သွားပြီဟေ့ Sooyoung ငါမနက်စာမစားရသေးလို့ ငါ့အတွက် မုန့်ဝယ်ခဲ့ စာသင်ချိန် ခိုးစားမလို့"လို့ ပြောပြီး ကန်တင်းကနေ Yuri ထွက်လာခဲ့လိုက်တယ်.....အကြောင်းအရာကို အစအဆုံးမြင်လိုက်ရတဲ့ ကောင်မလေးတွေကတော့
"ဟိုတယောက် သနားပါတယ်နော် ငြင်းခံလိုက်ရတယ် Yuri oppa ငြင်းရအောင်ထိ အဲ့ကောင်မလေးက ရုပ်လည်းမဆိုးဘဲနဲ့"
"ဟုတ်ပါ့ Oppaပြောင်းလဲသွားသလိုဘဲ.....အရင်ကနဲ့မတူသလိုဘဲ......"
SooYoungတို့ မုန့်စားပြီးလို့ အတန်းထဲဝင်လာကြတယ် Yuriကို လှမ်းကြည့်တော့ ပုံမှန်ဆို ခုံပေါ်မှောက်အိပ်နေသူက အခုတော့ ပြတင်းပေါက်ကို ကြည့်ပြီး ပြုံးနေတယ်...ပြတင်းပေါက်အပြင်မှာ ကောင်မလေးချောချောလေးများ ရှိလို့လားလို့ Taeyeon လှမ်းကြည့်ပေမယ့် ဘယ်သူမှ မရှိ....Yoonaကတော့ Yuriကို ကြည့်ပြီး ပခုံးတွန့်ပြလိုက်သည်။
"ရော့ ဒီမှာ ငါမုန့်ဝယ်ခဲ့တယ်"
Sooyoung မုန့်ထုပ်တွေ Yuriကိုပေးလိုက်တော့
"မစားတော့ဘူး မင်းဘဲစားလိုက်တော့"
Yuriစကားကြောင့် Soo Young အံ့သြပြီး
"Wae မင်းမနက်စာမစားခဲ့ရသေးဘူးမဟုတ်လား.."
"ငါဗိုက်ပြည့်နေလို့"
"ဘာမှမစားဘဲ ဗိုက်ပြည့်တယ် "
"Omm ကြည်နူးမှုတွေစားလိုက်တာ ဗိုက်ပြည့်သွားတယ်"
Yoonaဗိုက်ကို Taeyeonတံတောင်နဲ့တွက်ပီး
"ညနေကျ ငါတို့ ဒီကောင်ကို ဆေးရုံကို သွားပြရအောင်...."
Sooyoungကတော့ Yuriကမုန့်မယူတော့ဘူးပြောလို့ ၀မ်းသာအားရနဲ့ မုန့်ထုပ်တွေကို သူ့နေရာယူသွားတယ်.....
✂✂✂
နေ့လည် ထမင်းစားဆင်းချိန်ရောက်တော့ သူတို့လေးယောက် ထမင်းစားပြီး အမြဲသွားနေကြ ကျောင်း ပန်းဥယျာဉ်ထဲကို ၀င်သွားကြတယ်.... ခါတိုင်းဆို ကောင်မလေးတယောက်နဲ့ ကျောင်းဥယျာဉ်ထဲ ဇယားရှုပ်နေတဲ့ Yuriက ခုတော့ မြက်ခင်းပြင်ပေါ်လှဲပီး ကောင်းကင်ကြီးကို မော့ကြည့်နေတယ်....... Taeyeonကတော့ ပန်းဝတ်ရည်စုပ်ယူနေတဲ့ လိပ်ပြာပုံလေးကို စိတ်ဝင်တစားဆွဲနေတယ်
Yoonaကတော့ ဂစ်တာတီးလိုက် သီချင်းရေးလိုက်နဲ့...... Soo Youngကတော့ မုန့်တကြွပ်ကြွပ်စားပြီး yuriဘေးနားဝင်အိပ်လိုက်တယ်....
"ကောင်းကင်ကြီးက လှလိုက်တာကွာ..... လှတယ်နော် Sooyoung "
"မင်း ဘာတွေဖြစ်နေတာလည်း အရင်ကမင်းနဲ့ မတူသလိုဘဲ"
"Sooyoung မင်း မြင်မြင်ချင်းအချစ်ဆိုတာ ယုံလား"
Yuriမေးခွန်းကို အာလူးကြော်စားနေရာကနေ
"ငါက မင်းလို ဆရာကြီး မဟုတ်ဘူးလေ ဘယ်သိမှာလည်း"
"ငါလေ..... ကောင်မလေး တယောက်ကို မြင်ပြီး အရင်ကနဲ့မတူတဲ့ ခံစားချက်ကို ခံစားမိနေတယ်......"
"ဘယ်လို ဘယ်လို"
"ငါ ကောင်မလေး တယောက်ကို ချစ်မိနေပြီထင်တယ်"
Yuriစကားကြောင့် အအေးသောက်ရင်း ရယ်မိလို့ Sooyoung သီးသွားတယ်
"မင်းက😂😂 ဘယ်လို"
"ငါတကယ်ပြောတာ ရယ်စရာမဟုတ်ဘူး"
ရုပ်တည်နဲ့ပြောနေတဲ့ yuriကြောင့်
"Hyungတွေ ငါတို့ play boyကြီး Kwon Yuriက ချစ်တတ်နေပြီဟ သူကောင်မလေးတယောက်ကို ချစ်မိနေပြီတဲ့"
Sooyoungရဲ့ ကျယ်လွန်းလှတဲ့ အသံကြောင့် Yoonaတို့တင်မဟုတ် ဥယျာဉ်နားမှာ ရစ်သီရစ်သီ လုပ်နေတဲ့ မိန်းကလေးတချို့ပါ အံ့သြသွားကြတယ်..
"မင်းကို ချစ်တတ်အောင် လုပ်တဲ့ မိန်းကလေးကို ငါမြင်ဖူးချင်လိုက်တာ"
Yoonaရဲ့စကားကို SooTaeတို့ ထောက်ခံကြသည်။
"အေး ငါလည်း သူမနဲ့ နောက်တခေါက်ထပ်တွေ့ချင်မိတယ် ကံမကုန်သေးရင် ပြန်ဆုံကြတာပေါ့ အပြုံးမင်းသမီးလေးရေ......."