ကျောင်းဆင်းတော့ Taeတို့ အုပ်စု ထိုင်နေကြ Coffeeဆိုင်ကို သွားကြတယ်.......coffeeဆိုင်ကိုရောက်တော့ ဆိုင်မှာ ရှိတဲ့ကောင်မလေးတွေရဲ့ တောင်းဆိုမှုကြောင့် Yoona ဂစ်တာယူပြီး သီချင်းတစ်ပုဒ်ဆိုလိုက်တယ်......Yoona သီချင်းကို ကောင်မလေးတွေနဲ့အတူ Taeyeonကလည်း လိုက်နားထောင်နေတယ်...... Sooyoungကတော့ coffeeပူတာကို ဂရုမစိုက်ဘဲ သောက်မိလို့ လျှာပူလောင်ပြီး အာပြဲကြီးနဲ့ အော်လိုက်တော့ Yoonaသီချင်းထဲ မြောပါနေတဲ့ ကောင်မလေးတွေ လန့်သွားကြပြီး Sooyoungကို ၀ိုင်းကြည့်ကြသည်.... Yuriကတော့ ရယ်ရင်း ခေါင်းခါပြီး
"လျှာတော့ ကျက်သွားမှာ သေချာတယ်"
Yoonaလည်း သီချင်းဆိုတာရပ်ပြီး Sooyoungကို ကြည့်ပြီး ရယ်လိုက်တော့
"ဟယ် Yoona oppa ရယ်နေတာလေးက ချစ်စရာလေး"
ကောင်မလေးတွေ သဲသဲလှုပ်ကဲနေကြတာကို Coffee သောက်နေတဲ့ Jessica တယောက် နားကြားမြင်းကပ်လာတာအမှန်.....coffee ဆိုင်ဝင်လာကတည်းက "oppa....Yoona...oppa"နဲ့ အော်သံတွေကြားနေရတာ အခုထိမပြီးသေးတော့ Jessica မှာ စိတ်တော်တော်ညစ်နေသည်။ Jessica မျက်နှာက ရှုံ့မဲ့နေရင်း "Oppa ရယ်နေတာလေးက ချစ်စရာလေး"ဆိုတဲ့ စကားသံတွေကြောင်Yoonaဘက်ကို လှမ်းကြည့်လိုက်မိသည်။ ကလေးတယောက်လို ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးနဲ့ ရယ်နေတဲ့ Yoonaကို မြင်ပြီး Jessica မှင်သက်သွားမိသည်။
"ကောင်မလေးတွေ သဲသဲလှုပ်တာ မဆန်းပါဘူး Yoonaဆိုတဲ့ ကောင်လေးက ချစ်ဖို့ကောင်းတာကိုး"ဆိုပြီး Jessica စိတ်ထဲ တွေးလိုက်သည်။
Yuriကတော့ အိပ်ကပ်ထဲက Rubyတစ်လိပ်ကို ယူပြီး ဆေးလိပ်ဖွာဖို့ အပြင်ကို ထွက်သွားသည်။ဆိုင်ရှေ့မှာ ငုတ်တုတ်ထိုင်ပီး ဆေးလိပ်ငွေ့တွေကို ဖွာထုတ်ရင်း......
" ငါရှူ ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေထဲမှာ မင်းကို သတိရပြီးတွေ့ချင်နေတဲ့ စိတ်တွေပါသွားရင်ကောင်းမယ်.... မင်း ဘာလို့ ငါ့စိတ်ကို လာစိုးမိုးနေတာလည်း ငါကလည်း ဘာဖြစ်သွားတာလည်း တခါလေးတွေ့ပြီး မင်းမှ မင်း စွဲလမ်းသွားရအောင် ဘာတွေနဲ့ပြုစားထားတာလည်း"ဆိုပြီး ရေရွတ်ရင်း ဆေးလိပ်ကို ဆက်ဖွာလိုက်သည်။
"ဦးလေး နားမငြီးဘူးလား အခုလို ကောင်မလေးတွေ အော်သံကြောင့် "
Jessica တယောက် coffeeဖျော်တဲ့ ဆိုင်ရှင်ကို စပ်စုလိုက်သည်။
"မငြီးပါဘူး ဖောက်သည်တွေလိုဖြစ်နေပြီလေ..."
"ဟိုကောင်လေးကိုရော ဘာလို့ သီချင်းဆိုခွင့်ပေးထားတာလည်း "
"ဦးလေးတို့ coffeeဆိုင်က ညဆို တီးဝိုင်းရှိတယ်လေ အခုလို မနက်ပိုင်းနဲ့ညနေပိုင်းတော့ တီးဝိုင်းမရှိဘူး တလောက သူ စင်ပေါ်တက် ဂစ်တာလေး ကောက်ကိုင်ပြီး သီချင်းဆိုလို့ ရလား မေးလို့ "
"ဦးလေးက ဘာလို့ဆိုခိုင်းတာလည်း"
"သူတို့လေးယောက်က ဦးလေးကို ဈေးရောင်းကောင်းအောင် ကူညီကြတဲ့ ကျေးဇူးရှင်တွေလေ..."
"ရှင် ဘယ်လို...."
"ဒီလိုလေ သူတို့က ကျောင်းမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ သူတို့က ဒီဆိုင်ကို လာထိုင်ရင် သူတို့ကိုကြိုက်တဲ့ ကောင်မလေး တချို့လည်း လာထိုင်တယ် အဲ့တော့ ဦးလေး ရောင်းကောင်းတာပေါ့ ကြည့်ပါ့လား ခုတောင် မိန်းကလေးတွေ အများကြီးဘဲ ဒါတောင် ဦးဆိုင်က သိပ်မကျယ်လို့"
"Aww"
"မင်းက သူ့ကို စိတ်ဝင်စားနေတာလား"
"ဘယ်သူ့ကို😳 စိတ်မ၀င်စားပါဘူး ကျွန်မက သိချင်လို့မေးတာပါ"
"Aww ဟုတ်ပါပြီ"
Jessica လည်း coffeeပြန်သောက်ရင်း Yoona ဘက်ကို တချက်ကြည့်မိပြန်သည်။ Yoonaကတော့ သီချင်းဆိုပြီးလို့ စင်ပေါ်ကနေ ပြန်ဆင်းလာတုံး Jessica နဲ့ အကြည့်ချင်း ဆုံသွားသည်။ Jessica လည်း Yoonaနဲ့ မျက်လုံးချင်းဆုံသွားတော့ ရှက်ပြီး
အကြည့်လွှဲသွားသည်။ ရင်တွေ ဘယ်လောက်ခုန်နေမှန်းမသိ ကော်ဖီခွက်ကိုင်တာတောင် လက်ကတုန်နေလို့ ကော်ဖီတွေ သူ့ပေါင်ပေါ်မှောက်ကျသွားသည်။ ကံကောင်းချင်တော့ ကော်ဖီကနည်းနည်းဘဲ ကျန်တော့လို့ ဘောင်းဘီတထည်လုံး ရွှဲမသွား....။ Yoonaက မြင်တော့ Tissue တွေ ယူပြီး Jessica ဘောင်းဘီပေါ်က ကော်ဖီတွေကို သုတ်ပေးလိုက်သည်။ ရုတ်တရက် ယောင်္ကျားလေးတယောက်က မိမိပေါင်ကို လာကိုင်တော့ Jessica လန့်သွားပြီး
"နှာဘူး...."ဆိုပြီး Yoona ပါးကို ရိုက်လိုက်သည်။
"ဖြန်း...."ဆိုတဲ့ အသံကြောင့် မုန့် ငုံ့စားနေတဲ့ Sooyoung ခေါင်းထောင်လာပြီး
"ဘာဖြစ်တာလည်း"
"Yoonaလေ ဟိုမိန်းကလေး ပေါင်ကို သွားကိုင်လို့ အရိုက်ခံရတာ😂😂😂"
Taeyeonစကားကြောင့် Sooyoung အသားကုန် ရယ်မိတယ်....Jessica ကတော့ လန့်တာရော Yoonaကို အားနာမိတာရော နဲ့ ရှုပ်ထွေးနေတာနဲ့ coffeeဖိုး ထားခဲ့ပြီး ဆိုင်ကနေ အမြန်ထွက်သွားတယ်။ ဆိုင်တံခါးပေါက်ရောက်တော့ ဆိုင်ထဲဝင်လာတဲ့ Yuriနဲ့တောင် တိုက်မိသွားသည်။
"ဘယ်လိုမိန်းကလေးတုံး တိုက်မိတာတောင် မတောင်းပန်ဘူး"ဆိုပြီး Yuri ပွစိပွစိပြောရင်း Taeyeonတို့ဆီပြန်လာတယ်....
နီရဲနေတဲ့ပါးကို ကိုင်ပြီး ရှုံ့မဲ့နေတဲ့ မျက်နှာနဲ့ Yoonaရယ် Yoonaကိုကြည့်ပြီး တခွီးခွီးရယ်နေတဲ့ SooTaeတို့ကို ကြည့်ပြီး
"ဘာတွေဖြစ်နေတာလည်း"
Yuriမေးခွန်းကို Taeyeonရှင်းပြလိုက်သည်။Taeyeon စကားလည်းဆုံးရော Yuriပါ လိုက်ရယ်မိတော့ Yoonaတယောက်နှုတ်ခမ်းကြီးထော်လာရော...
"မင်းကွာ မထင်ရဘူး Yoona😂😂 မိန်းကလေးတယောက် ပေါင်ကို သွားကိုင်ရတယ်လို့"
"Hyung ငါက နှာဘူးပြီး သွားကိုင်တာ မဟုတ်ဘူး သူ့ပေါင်ပေါ် coffeeတွေ မှောက်တော့ ရုတ်တရက် အပူလောင်မှာဆိုးလို့ သုတ်ပေးတာသိလား"ဆိုပြီး Yoonaတယောက် နှုတ်ခမ်းကြီးကို တစ်တောင်လောက် ထော်ပြီး Yuriကို ရန်ထောင်ပါလေရော......
Yoonaကိုကြည့်ပြီး တဟားဟားနဲ့ရယ်နေကြတဲ့ YulTaeSooတို့ကြောင့်
"ပြန်တော့မယ် 😒😒😒😒"
"နေပါအုံး Yoonaရယ် ငါမုန့်စားလို့ မပြီးသေးဘူး"
"မပြီးသေးရင် ကွကိုယ်ဆက်စားနေပါ့လား ငါတော့ သွားပြီ😒😒"
မုန့်တွေစားပီးနောက် Yoonaနဲ့ Taeyeonကတော့ သူတို့အိမ်ကို ပြန်သွားကြသည်။ Soo Youngကလည်း အဆောင်ကို ပြန်သွားတယ်.....Sooyoungက
သူ့အဖေနဲ့မနေချင်လို့ အဆောင်ငှါးနေသူ....
Yuriကတော့ အိမ်ကို တန်းမပြန်ဘဲ ဂိမ်းဆိုင်ထဲ ၀င်ပြီး gameဆော့နေသည်။ Yoona အိမ်ပြန်ရောက်တော့ ကုတင်ပေါ်မှာ လှဲနေရင်း coffeeဆိုင်က အကြောင်းကို ပြန်တွေးမိပြီး
"အာ..... ငါကစေတနာနဲ့ ကူညီပေမယ့် တဖက်ကလည်း တမျိုးထင်သွားတယ် ရှက်လိုက်တာနော်😖😖"
Yoonaနည်းတူ Jessicaလည်း အိမ်မှာ အထုတ်အပိုးတွေ ဖြည်နေရင်း Yoonaကို သူပါးရိုက်ခဲ့တာကို ပြန်မြင်ယောင်ပြီး
"အား..... ဟိုကစေတနာနဲ့ ကူညီပေးတာကို ငါက ပါးရိုက်လိုက်တယ်😖😖😖 သူကလည်း ရုတ်တရက်ကြီး ငါ့ပေါင်လာကိုင်တော့ ငါကလန့်ပီး ရိုက်မိတာကိုး😖😖အားနာလိုက်တာ Yoonaကို Mola Mola အိပ်တာဘဲ ကောင်းတယ် ခရီးပန်းလာတယ်လေ မနက်ကျလည်း ငါကျောင်းတက်ရအုံးမှာ ငါ့ရဲ့ ပထမဆုံးနေ့ဆိုတော့ နောက်ကျလို့ မဖြစ်ဘူး"ဆိုပြီး ကုတင်ပေါ်ကို လှဲလိုက်ရင်း အိပ်ပျော်သွားတယ်.. .......
Time skip✂✂✂✂✂✂
မနေ့ကလိုဘဲ Yuri နှိုးစရာမလိုဘဲ အစောကြီး နိုးနေပြန်ရော......ရေချိုးအ၀တ်အစားလဲပြီး ကျောင်းသွားဖို့ပြင်တယ်.....
"Yuri, သား မနက်စာစားသွားအုံးလေ"
"တော်ပြီ မစားတော့ဘူး Omar ကျောင်းကျမှ စားမယ်"
Yuriကားကို မောင်းထွက်သွားတော့ Yuri Omarက
"သူ ရှင့်ကို စိတ်ကောက်နေတာထင်တယ်"ဆိုပီး သတင်းစာဖတ်နေတဲ့ Yuri appaကို ပြောလိုက်တယ်...Yuri Appaကတော့ ဘာမှပြန်မပြောဘဲ သတင်းစာသာဖတ်နေသည်။
ကျောင်းကို သွားရင်း Yuriမှာ ဟိုတနေ့က ကောင်မလေးကို တွေ့ချင်စိတ်တွေ ထိန်းမရတာနဲ့ ကောင်မလေး အိမ်ရှေ့တခေါက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ အိမ်ရှေ့ရောက်သော်လည်း ကောင်မလေးအရိပ်မြင်ဖို့နေနေသာသာ အိမ်တံခါးပိတ်ထားတာကြောင့် စိတ်ညစ်ညစ်နဲ့ ကျောင်းကိုဘဲ မောင်းသွားလိုက်သည်။
ကျောင်းရောက်တော့ Sooyoungက ကန်တင်းမှာ ရောက်နှင့်နေပြီ
"Hyung စောလှချည်လား"
"အစားနဲ့ပတ်သက်ရင် စောတယ် နောက်ကျတယ်ဆိုတာ မရှိဘူး hyung"
"Apk Taeyeonတို့မလာသေးဘူးလား"ဆိုပီး Taeyeonနဲ့ Yoonaကို မတွေ့လို့ Soo Youngကို Yuriမေးလိုက်သည်။
"ယောက်ဖကို မတွေ့ရလို့ မေးနေတာလား😜😜" Taeyeonစကားကြောင့် Yuri မျက်မှောင်ကြုတ်ပြီး
"Shit..... ဘာယောက်ဖလည်း မင်းလို အပုကို ယောက်ဖမတော်နိုင်ပေါင်😂 ငါ့ညီမ Vivian အရပ်ကို မှီလို့လား😜😜"
"😒😒😒😒😒 Yoonaရော..."
"မနေ့က ပါးရိုက်ခံရလို့ ပါးကြီး ယောင်နေလို့ မလာနိုင်တာထင်တယ်....."
ထမင်းကြော်စားရင်း ပြောလိုက်တဲ့ Soo Young စကားကြောင့် YulTaeတို့ တခွီးခွီးနဲ့ ရယ်နေကြတယ်.....အဲ့အချိန်မှာ Yoonaရောက်လာပြီး
"Hyungတွေ ဘာတွေ ခွီးနေကြတာလည်း"
Yoonaရဲ့ မျက်နှာကို ကြည့်ပြီး Taeတို့ထပ်ရယ်ကြပြန်ရော...Yoonaက သူ့မျက်နှာမှာ ဘာပေနေလို့လည်းဆိုပြီး ဖုန်းက ကင်မရာကို ကြည့်လိုက်ပြီး
"ငါ့မျက်နှာမှာ ဘာမှလည်းမပေဘဲ မင်းတို့က ဘာလို့ ရယ်နေတာလည်း"
"မနေ့က မင်းအရိုက်ခံရလို့ အခုမနက် မျက်နှာကြီး ယောင်နေမလားလို့ ငါတို့က စိတ်ပူနေတာ အခု မယောင်လို့ စိတ်အေးပြီး ရယ်နေတာပါဟ"ဆိုပြီး စပ်ဖြဲဖြဲနဲ့ ပြောနေတဲ့ Taeyeonရဲ့ လက်မောင်းကို Yoonaတချက်ပိတ်ထိုးလိုက်သည်။ သူတို့မနက်စာစားပြီး အတန်းထဲ ၀င်လာကြသည်။ ကျောင်းတက်တော့ ဆရာနဲ့အတူ ကျောင်းသူအသစ်တယောက်ပါလာတယ်....ကျောင်းသူအသစ်ကို Sooyoungမြင်တော့ သူ့ဘေးနားထိုင်ပြီး စာဖတ်နေတဲ့ Yoonaကို တံတောင်နဲ့တွတ်ပြီး သူ့ရှေ့မှာထိုင်နေတဲ့ YulTaeတို့ ပခုံးကို လက်နဲ့တို့ပြီး ကျောင်းသူအသစ်ကို လှမ်းပြတယ်..... ကျောင်းသူ အသစ်ကို မြင်ပြီး Yoona မျက်နှာကြီးနီလာပြီး ခေါင်းကို ငုံ့ထားလိုက်သည်။ Taeyeonနဲ့ Yuriကတော့ အနောက်က Yoonaကို လှည့်ကြည့်ပြီး ရယ်နေကြတယ်...
"ကျောင်းသားတို့ သူက ဂျယ်ဂျူ ကနေပြောင်းလာတဲ့ ကျောင်းသူ အသစ်ဘဲ သူက ကျောင်းကို တစ်လလောက် နောက်ကျမှ ရောက်လို့ စာတွေ မမှီတာတွေ ရှိမယ် အဲ့တာကြောင့် မင်းတို့က သူ့ကို ကူညီလိုက်ကြပါအုံး ကဲ သမီးရေ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်အုံး"ဆိုတဲ့ ဆရာစကားကို Yuriတို့ ဂရုတစိုက်နားထောင်နေတယ်.....Yoonaကတော့ စာအုပ်ကို သဲကြီးမဲကြီးငုံ့ဖတ်ချင်ယောင်ဆောင်နေတယ်....
"မင်္ဂလာပါ ငါ့နာမည်က Jessica Jungပါ ဂျယ်ဂျူ ကပြောင်းလာတဲ့ ကျောင်းသူအသစ်ပါ"
"Jessica Jungတဲ့ Yoona"
Sooyoung ကျောင်းသူအသစ်ရဲ့နာမည်ကို သိပြီး Yoona ကို တိုးတိုးလေး လှမ်းစလိုက်သည်။
"Shut up မင်း မုန့်တွေကို မစားစေချင်ရင် ပါးစပ်ပိတ်..."
သူ့မုန့်တွေ Yoonaစားမှာဆိုးလို့ Sooyoungတယောက် Yoonaကို ဆက်မစတော့ပေ....
"သမီး ဟို လွတ်နေတဲ့နေရာမှာ ၀င်ထိုင်လိုက်နော်.."
"Nae"
Sicaလည်း ဆရာညွှန်ပြတဲ့နေရာကို သွားထိုင်သည်။ သူ့ဘေးနားက ကောင်မလေးက Sicaကို နှုတ်ဆက်လိုက်သည်။
"Hi Jessica ငါက Sunnyပါ☺☺ ငါတို့ သူငယ်ချင်း ဖြစ်လို့ရတယ်မလား"
"Oh sure ရတာပေါ့ ငါ့မှာ သူငယ်ချင်း မရှိဘူး နင့်ကို အရမ်းခင်ပြီနော်"
Sunnyနဲ့သာ စကားပြောနေသည်။ သူ့ဘေးက တယောက်က Yoonaဆိုတာ Sicaမသိသေးချေ။ (Sicaနဲ့ Sunnyက အလယ်တန်းမှာထိုင်တာ.... Yoonaတို့က ပြတင်းပေါက်ဘေးနားမှာထိုင်တာ Sicaတို့ရဲ့ ဘယ်ဘက်ပေါ့)
Yuri စာရွက်အပိုင်းအစလေး ဖြဲ စာရေးပြီး
Yoonaကို ပေးလိုက်တယ်....
"Yoong မင်း ဟိုကောင်မလေး ပေါင်ကို သွားမကိုင်နဲ့အုံးနော် တော်ကြာ နောက်တဖက် အရိုက်ခံနေရအုံးမယ် xD" Yuriပေးတဲ့ စာကို ဖတ်ပြီး Yoona ဘောပင်နဲ့ Yuriဖင်ကို စားပွဲခုံအောက်ကနေ ဆောင့်ထိုးလိုက်တယ်....
"အား......"
Yuriအော်သံကြောင့် ဆရာနဲ့အတူ တစ်တန်းလုံး လန့်သွားကြတယ်....
"Kwon Yuri ဘာဖြစ်တာလည်း"
"တင်ပါးကို ပုရွက်ဆိတ်ကိုက်လို့ပါ ဆရာ"
Yuriအဖြေကြောင့် တစ်တန်းလုံးရယ်ကြသည်။ အဆိုးဆုံးက Yoonaပေါ့ သူ့ဘေး Jessica ရှိတာတောင် သတိမရတော့ Yuriကိုဘဲ ထိုင်ရယ်နေတယ်....
"အော် ပုရွက်ဆိတ်ကိုက်တာကို ဒီလောက်အော်နေတာဆိုတော့ မဟုတ်မှလွဲလို့ အရေးကြီးတဲ့နေရာများ ကိုက်သွားတာလား မသိဘူး"
ဆရာ့စကားကြောင့် တစ်တန်းလုံးက မိန်းကလေးတွေ "woooo."ဆိုပြီး အော်ကြရော....ဆရာက ကျောက်သင်ပုန်းဘက်လှည့်ပြီး စာဆက်ရေးတော့ Yuriတယောက် Yoonaဘက်ကို လှည့်ပြီး လက်သီးထောင်ပြတယ်.... Yoonaက ပြန်ပြောင်ပြလိုက်တယ်......
Time skip✂✂✂✂✂✂✂
ထမင်းစားဆင်းချိန်ရောက်တော့..... Sunnyနဲ့အတူ ထမင်းသွားစားမယ်ဆိုပြီး ထိုင်နေရာက အထ စားပွဲခုံပေါ်က သူ့ဘောပင်လေး ပြုတ်ကျသွားသည်။ ဘောပင်လေးက Yoonaခုံအောက်လှိမ့်လာတော့ Yoonaလည်း ကောက်ပေးလိုက်သည်။ Yoonaကောက်ပေးတဲ့ ဘောပင်ကို ယူပြီး Sica ကျေးဇူးတင်စကားပြောဖို့ မော့အကြည့်
"ဟင် နှာဘူး...."
Jessica စကားကြောင့် Yuriတို့ ပါးစပ်ကို လက်နဲ့ပိတ်ပြီး ရယ်ကြတယ်....
"ကျွန်တော် နှာဘူး မဟုတ်ပါဘူး ဟိုကောင်တွေ ဘာရယ်နေတာလည်း သွားမယ် ကန်တင်းကို"
"Aပါကွာ ရှက်ရမ်းတွေ ရမ်းနေတာ"လို့ Yoonaကိုပြောင်ကြပြီး Taeyeon တို့ ထွက်ပြေးသွားကြသည်။ Yoonaလည်း အနောက်ကနေ လိုက်ရိုက်တယ်....
Sunnyကတော့ အံ့သြပြီး
"နင် Yoonaကို နှာဘူးလို့ ခေါ်လိုက်တာလား"
"ဟင် မဟုတ်ပါဘူး ငါ ယောင်သွားလို့"
"Aww"
"လာလေ ကန်တင်းသွားမယ်"
Sicaတို့ကန်တင်းရောက်တော့
"ဟိုနားက ဆိုင်က ကောင်းမယ့်ပုံဘဲ လူတွေအများကြီးဘဲ..."
"သွားမထိုင်နဲ့ Jessicaရေ အဲ့မှာ ငါတို့အတွက် နေရာမရှိဘူး"
Sunnyစကားကြောင့် Sica ဘာလို့လည်းဆိုတာသိချင်ပြီးမေးလိုက်တော့
"Yoonaတို့က အဲ့ဆိုင်မှာ ထိုင်တော့ သူတို့ကိုကြိုက်တဲ့ ကောင်မလေးတွေက လိုက်ထိုင်ကြတာဟေ့ သူတို့လေးယောက်က ငါတို့ကျောင်းရဲ့ F4မင်းသားလေးတွေ ဒါပေမယ့် ငါတို့မင်းသားလေးတွေက ဂူဂျွန်ဖြိုးတို့လို မဆိုးဘူးနော် သူတို့ဘာသာသူတို့ အေးအေးဆေးဆေးနေကြတာ Yuriတယောက်ဘဲ နည်းနည်းဆိုးတာ ကျောင်းဖွင့်တာ တစ်လဘဲရှိသေးတယ် သူ့မှာ ex ငါးယောက်ရှိသွားပြီ ငပွေလေး.....
Yuriဆိုတာ အသားညိုညိုနဲ့တယောက်လေ အရပ်ရှည်ရှည်နဲ့ တယောက်က Sooyoung တဖွဲ့လုံးမှာ သူအရှည်ဆုံးနဲ့ အစားအပုပ်ဆုံး သူ့ကြည့်လိုက်ရင် အမြဲစားနေတာ အဲ့လို အစားပုပ်တောင် ကြိုက်ကြတဲ့ မိန်းကလေးတွေက ရှိသေး သူနဲ့ ညားတဲ့ သူတော့ သနားပါတယ် မုန့်ဖိုးနဲ့မွဲမှာ ဟို ဖြူဖြူ သေးသေးလေးက Taeyeonတဲ့ တစ်ဖွဲ့လုံးမှာ သူအအေးဆုံးဘဲ သူ့ဘာသာသူ အားလပ်ချိန်ဆို သူဝါသနာပါတဲ့ ပန်းချီဆွဲနေတာ နင်ပြောတဲ့ နှာဘူးကတော့😁😁သူတို့လေးယောက်ထဲမှာ အငယ်ဆုံးလေး သူက အနုပညာပိုင်းမှာ အရမ်းအားသာတယ်"
Sunnyကတော့ ကျောင်းသူသစ်လေးကို သူတို့ကျောင်းက မင်းသားလေးတွေ အကြောင်းရှင်းပြနေတယ်....
ထမင်းစားရင်း Yoonaကို နှာဘူးလို့ ခေါ်ပီးပါးရိုက်မိတဲ့ အတွက် တောင်းပန်ရင်ကောင်းမလား ဆိုပြီး Sicaတယောက် စဉ်းစားနေလေရဲ့....