Girl...Don't Lie (Part-3)

1.1K 98 12
                                    

ထမင်းစားပြီး​နောက်​ Sunnyတ​ယောက်​ Jessicaကို သူတို့​ကျောင်း​နေရာ​တွေကို လှည့်​ပတ်​ပြ​နေသည်​။ ​ကျောင်းဥယျာဉ်​နား​ရောက်​​တော့
"Sunny yrr ငါ ဒီထဲ ၀င်​ကြည့်​လို့ရလား"
"Omm ဟိုမင်းသား​လေး​ယောက်​က ထမင်းစားပြီးရင်​ ဒီထဲမှာလာ​နေကြတာ"
"Wae အဲ့တာဆို ငါတို့ဝင်​လို့မရဘူးလား"
"ရပါတယ်​ ငါက​ပြောပြတာပါ ငါတို့မင်းသား​လေး​တွေက အဲ့လို​တွေမရှိပါဘူး မာနမကြီးတတ်​ဘူး မတူသလိုမတန်​သလို မဆက်​ဆံတတ်​ဘူး"
"အမ​လေး သူ့မင်းသား​တွေကို အမွမ်းတင်​လို့ကို မဆုံးဘူး😏"
"အမွမ်းတင်​တာမဟုတ်​ရပါဘူး​အေ"
Jessica နဲ့ Sunnyလည်း စကား​ပြောရင်း ဥယျာဉ်​ထဲကို ၀င်​သွားကြတယ်​.....Jessicaမှာ ဥယျာဉ်​ထဲက ပန်းခင်းကြီးကို ကြည့်​ပြီး အရမ်းသ​ဘောကျ​နေ​လေရဲ့.....ပန်းခင်းထဲမှာ ပတ်​​ပြေး​နေတယ်​... Jessicaကို ပန်းပုံ​တွေ ပန်းချီဆွဲ​နေတဲ့ Taeyeonက​တွေ့​တော့ သူတို့ gp chatကို Message လှမ်းပို့လိုက်​တယ်​..
✉"Yoongကို ပါးရိုက်​လိုက်​တဲ့ ​ကောင်​မ​လေး ဥယျာဉ်​ထဲမှာ ​ရောက်​​နေတယ်​"
Yuriတ​ယောက် ​Game​ဆော့​နေရင်း ၀င်​လာတဲ့ Taeရဲ့ message ကို ဖတ်​ပြီး Sooyoungကို ပြလိုက်​သည်​။ Yoonaက​တော့ မသိ ဂစ်​တာ​လေး တီးပီး သီချင်း​ရေး​နေသည်​။ ဂစ်​တာသံကြား​တော့
"Yoona oppa သီချင်း​ရေး​နေပြန်​ပြီလားမသိဘူး"
"ဟင်​ သူကသီချင်း​ရေးတတ်​တယ်​လား"
"Omm ဒီဥယျာဉ်​ထဲမှာ သူက ဂစ်​တာတစ်​လုံးနဲ့ သီချင်း​ရေးတယ်​ Taeyeon က ပန်းချီဆွဲတယ်​ Yuriက​တော့ အိပ်​ရင်​ အိပ်​ မအိပ်​ရင်​ Game​ဆော့ မ​ဆော့ရင်​ ​ကောင်​မ​လေးတ​ယောက်​​လောက်​နဲ့ ဇယားခင်း​နေတာ ဒီတ​လော Yuri oppaငြိမ်​​နေသလိုဘဲ Sooyoung က​တော့ ​ပြောစရာမလိုဘူး မုန့်​ထုပ်​​​ပေါင်းများစွာနဲ့...."
"Aww ဒါနဲ့ Sunny နင်​ကို ငါ့အခင်​ဆုံး Frတ​ယောက်​ အ​နေနဲ့ အကြံဥာဏ်​​တောင်းစရာရှိလို့"
"Omm ​ပြော​လေ"
Jessicaလည်း Yoonaနဲ့ သူ့အ​ကြောင်း​တွေ ရှင်းပြပြီး
"အဲ့လို​တွေဖြစ်​သွားတာဟ"
"Aww ဒါ​ကြောင့်​ နင်​သူ့ကို နှာဘူးလို့ ​ခေါ်တာကိုး😂😂"
"ဒါကလည်း ရုတ်​တရက်​​တွေ့လိုက်​ရလို့ ​ယောင်​သွားတာပါဟာ...."
"အင်းပါ ဆက်​​ပြော"
"အဲ့ဒါ သူ့ကိုပါးရိုက်​ပြီး နှာဘူးလို့ ​ခေါ်မိလို့ ​တောင်းပန်​ရင်​ ​ကောင်းမလားလို့..."
"​ကောင်းပါတယ်​ ​တောင်းပန်​လိုက်​ပါ "
Jessica လည်း Yoonaကို ​တောင်းပန်​ဖို့ဆုံးဖြတ်​ပြီး Yoonaဆီကို သွားလိုက်​သည်​။Yuriနဲ့ Sooyoungက Yoonaဆီကို Jessicaသွားတာမြင်​​တော့ ဘာဆက်​ဖြစ်​မလဲသိချင်​တာနဲ့ ကြည့်​​နေကြတယ်​... Taeyeonက​တော့ ပန်းချီစာအုပ်​ကုန်​သွားလို့ဆိုပြီး အတန်းထဲသွားပြီး စာအုပ်​အသစ်​ယူ​နေတယ်​... မျက်​လုံးမှိတ်​ပီး သီချင်းစာသား​တွေ စဉ်းစား​နေတဲ့ Yoonaက​တော့ သူ့​ရှေ့ Sica​ရောက်​​နေတာမသိ...... မျက်​လုံးကို ရုတ်​တရက်​ဖွင့်​လိုက်​​တော့ Jessicaကို ​တွေ့ပြီး သူလန့်​သွားတယ်
"အမ​လေး"
"Sorry​နော်​ ကျွန်​မ​ကြောင့်​ လန့်​သွားရင်​....."
"ရပါတယ်​ ရုတ်​တရက်​ဆို​တော့......"
"ရုတ်​တရက်​ လန့်​သွားလို့ဆိုပြီး နမ်းလိုက်​တာမဟုတ်​ဘူး Yuri မင်းကွာ ညံ့ချက်​ ဟိုတ​နေ့က​တွေ့တဲ့ ​ကောင်​မ​လေးကို​လေ..."
Yuriကို ​ပြောတာလိုလိုနဲ့ Yoonaကို ​စောင်း​ပြော​နေတဲ့ Sooyoungကို Yoona အသံတိတ်​ကျိန်​ဆဲလိုက်​သည်​။ Yuriတို့က​တော့ Yoona ကိုကြည့်​ပြီး High Fiveရိုက်​ကြသည်​။ Jessicaက Yoonaကို ​တောင်းပန်​စကား​ပြောတယ်​....
"မ​နေ့က ကိစ္စအတွက်​ ငါ​တောင်းပန်​ပါတယ်​... ရုတ်​တရက်​ဆို​တော့ ငါလန့်​ပြီး ပါးရိုက်​မိသွားတာ ပြီး​တော့ နှာဘူးလို့ ​ခေါ်မိတဲ့အတွက်​​ရော..."
"ရပါတယ်​ ငါကလည်း စိုးရိမ်​လို့ ရုတ်​တရက်​မ​တွေးမိဘဲ မိန်းက​လေးတ​ယောက်​ ​ပေါင်​ကို ကိုင်​မိသွားတယ်​......"
Yoonaစကားမှမဆုံး​သေး သူတို့နဲ့ မလှမ်းမကမ်းမှာ သူတို့​ပြောတာ​တွေကို ထိုင်​နား​ထောင်​​နေတဲ့ Sooyoungနဲ့ Yuriတို့ဆီက​နေ သီချင်းသံကြားရ​ရော
"စိုးရိမ်​တယ်​ ညီမ​လေး​ရေ စိုးရိမ်​တယ်​....."
Taeyeon ပန်းချီစာအုပ်​ အသစ်​ကို အတန်းထဲပြန်​လာယူတယ်​..... ​ကျောပိုးအိတ်​ထဲက​နေ စာအုပ်​ယူပြီး ပြန်​ထွက်​မယ်​ အလုပ်​ ပြတင်း​ပေါက်​ကို ရုတ်​တရက်​လှမ်းကြည့်​လိုက်​​သည်​။သစ်​ပင်​​အောက်​က ထိုင်​ခုံ​ပေါ်မှာ ထိုင်​​နေတဲ့ ​ကောင်​မ​လေး တ​ယောက်​ကို ​တွေ့​တော့ Taeyeonတ​ယောက် ​ရုတ်​တရက်​ စာအုပ်​ကို ​ကောက်​ကိုင်​ပြီး အဲ့​ကောင်​မ​လေးပုံကို ဆွဲလိုက်​သည်​။ ​ကောင်​မ​လေးက​တော့ Taeyeonသူ့ကို ကြည့်​ပြီး ပုံ​ဆွဲ​နေတာ မသိ​ချေ။ ပန်း​ရောင်​ နားကြပ်​​လေးကို တပ်​ပြီး သီချင်းနား​ထောင်​​နေတဲ့ သူမပုံ​တူ​လေးကို Taeyeonတ​ယောက်​ သဲကြီးမဲကြီးဆွဲ​နေသည်​။ ထိုအချိန်​ ရုတ်​တရက်​ မိုးရွာလာ​တော့ အတန်းထဲက ထီးကိုယူပြီး ​ကောင်​မ​လေးရှိရာကို Taeyeon​ပြေးသွားလိုက်​သည်​။ သို့​သော်​ ​ကောင်​မ​လေးက မရှိ​တော့​ပေ။
"မိုး​တွေရွာလာလို့ သူမအတန်းထဲ ၀င်​​ပြေးသွားတာလားမသိဘူး"ဆိုပြီးTaeyeon​တွေးမိလိုက်​သည်​။ သူ အတန်းဘက်​ကို ပြန်​အလာ ကုတ်​အင်္ကျီတစ်​ထည်​ကို အတူတူခြုံပီး အတန်းဘက်​ကို ​ပြေးလာ​နေတဲ့ Yoonaနဲ့ Jessicaကို ​တွေ့​လေသည်​။
"Yuriတို့​ရော...."
Taeyeon ​မေးခွန်းကို Yoonaမ​ဖြေခင်
"ငါဒီမှာ...." မိုး​ရေ​တွေစိုရွှဲ​နေတဲ့ Yuriက ၀င်​​ဖြေလိုက်​တယ်​..... အင်္ကျီအဖြူ လက်​ရှည်​က မိုး​ရေ​တွေ စိုရွှဲ​နေ​တော့ Yuriရဲ့ ခန္ဓာကိုယ်​ဟာ အထင်းသား​ပေါ်​နေတာ​ပေါ့။ ​ကောင်​မ​လေး​တွေက​တော့ Yuriကို ကြည့်​ပြီး နှာ​ခေါင်း​သွေးလျှံမလို ဖြစ်​လိုက်​ Yoonaနဲ့ Jessicaတို့ကို ကြည့်​ပြီး J၀င်​လိုက်​နဲ့......
Yuriက​တော့ Yoonaကို ​မေး​ငေါ့ပြပြီး "D​ကောင်​​လေ မိုးကျလာတာနဲ့ သူ့အ​ပေါ် ကုတ်​ကို ချွတ်​ Jessica ကို မိုး​ပေးပြီး ​ပြေးသွားတာ😏😏ငါတို့​တောင်​ မ​စောင့်​ဘူး ငါတို့ဆိုမှ သတိရတယ်​ ဟိုလန်​ဘား​ရော ဘယ်​ကျန်​ခဲ့လည်းမသိ"
"ဟိုမှာ လာ​နေပြီ"
Taeyeon လက်​ညှိုးထိုးပြရာကို ကြည့်​​တော့ Yoonaရဲ့ ဂစ်​တာကို ကိုင်​​မြှောက်​ပီး ဂစ်​တာ​အောက်​က Sunnyနဲ့ အတူ​ပြေးလာတဲ့ Sooyoungကို ​တွေ့သည်​။
"Sunny yrrအဆင်​​ပြေရဲ့လား"
"​ပြေပါတယ်​ Jessica, Sooyoung oppa​ကျေးဇူး​ကြောင့်​ Oppa ​ကျေးဇူး​နော်​..."
Sooyoungဘက်​ကို လှည့်​ပြီး ​ကျေးဇူးတင်​စကား​ပြောလိုက်​တယ်​...Jessicaကလည်း Yoonaကို ​ကျေးဇူးတင်​စကား​ပြောပြီး အတန်းထဲကို Sunnyနဲ့အတူ ၀င်​သွားလိုက်​တယ်​.... Yuriက​တော့ Sooyoungကို ကြည့်​ပြီး
"ငါ့​ကောင်​ကြီး ဘယ်​တုံးက Roဆန်​သွားတာလည်းကိုယ့်​ကိုကိုယ်​ကျ မိုး​ရေအစိုခံပြီး ​ကောင်​မ​လေးကိုကျ ဂစ်​တာမိုး​ပေးပီး ​ခေါ်လာတယ်​"
"ဟုတ်​ပါ့ ဟုတ်​ပါ့ အစားတခုဘဲ စားတတ်​တယ်​ ထင်​​နေတာ Roလည်းဆန်​တတ်​သားဘဲ "
Yuriစကားကို Yoona​ထောက်​ခံလိုက်​သည်​။
Sooyoungက​တော့ ဘာပြန်​​ပြောရမှန်း စဉ်းစားမရတာနဲ့ စကားလမ်း​ကြောင်းလွှဲလိုက်​သည်​။
"မင်းတို့ အင်္ကျီ​တွေ စိုရွှဲ​နေတာပဲ လာ အ၀တ်​လဲခန်းသွားပြီး လဲရ​အောင်​....."
Yuriတို့လည်း ဖျားမှာဆိုးလို့ အ၀တ်​လဲခန်းထဲ အ၀တ်​သွားလဲကြသည်​။
"​တော်​​သေးတာ​ပေါ့ lockerထဲ အင်္ကျီအပို​တွေထည့်​ထားလို့"
Taeyeonတို့ အင်္ကျီလဲပီးပြန်​လာကြသည်​။ Taeyeon မိုး​ရေစိုရတဲ့ အ​ကြောင်းအရင်းကို​တော့ Yoonaနဲ့ Sooyoungကို တစ်​လှည့်​ဆီ စ​နောက်​​နေရတာနဲ့ ​မေးဖို့ ဘယ်​သူမှ သတိမရကြ​ချေ။
"Sooyoungဆိုတဲ့ တ​ယောက်​ကို အစားအ​သောက်​ကလွဲပီး ကျန်​တာစိတ်​မ၀င်​စားဘူးထင်​​နေတာ သူက Romantic ဆန်​သားဘဲ​နော်​"
Jessica ​ပြောစကားကို Sunny မကြား ခုနက Sooyoung သူမကို မိုး​ရေစိုမှာဆိုးလို့ ဂစ်​​တာနဲ့ ကာ​ပေးပြီး မိုး​ရေထဲက ​ပြေးခဲ့ကြချိန်​​လေး​တွေကို မြင်​​ယောင်​​နေမိတယ်​....
"ဟဲ့ Sunny.......ဟဲ့ "
Jessica သူမလက်​​မောင်းကို ရိုက်​လိုက်​မှဘဲ Sunnyတ​ယောက်​ အသိပြန်​၀င်​လာတယ်​....
"အမ​လေး မိSunnyတ​ယောက်​ ငုတ်​တုတ်​​သေသွားပြီ ​ထင်​​နေတာ ဘာ​တွေများ အ​တွေးလွန်​​နေလည်းမသိ"
Jessicaစကား​ကြောင့်​ Sunnyရှက်​ပြီး
"မဟုတ်​ပါဘူး ငါအိပ်​​ပျော်​​နေတာပါ"
"မျက်​လုံးဖွင့်​ပြီး အိပ်​တတ်​တယ်​​ပေါ့😧"
"Yrr ဆရာလာ​တော့မယ်​ စာအုပ်​ထုတ်​ထား"
စကားလမ်း​ကြောင်းလွှဲလိုက်​တဲ့ Sunnyကိုကြည့်​ပြီး Jessica တ​ယောက်​ ရယ်​လိုက်​သည်​။
✂✂✂✂✂✂✂✂
ည​နေ​ကျောင်းဆင်း​ချိန်​ထိ မိုးကမတိတ်​​သေး
Soo Youngတို့က​တော့ မိုးရွာ​နေလို့ ​ကော်​ဖီဆိုင်​မသွား​တော့ဘဲ အိမ်​ပြန်​ဖို့ဘဲ ဆုံးဖြတ်​လိုက်​ကြသည်​။
Sooyoungတို့အားလုံး အိမ်​ပြန်​သွားကြ​ပေမယ့်​ Taeyoenက​တော့ အိမ်​သာခဏ၀င်​ပြီး ပြန်​ထွက်​လာ​တော့ ​နေ့လည်​က သူ​တွေ့ခဲ့တဲ့ ​ကောင်​မ​လေးကို ​တွေ့သည်​။ ထို​ကောင်​မ​လေးမှာ ထီးမပါ​တော့ သူမ ​ကျောပိုးအိတ်​ပန်း​ရောင်​​လေးနဲ့ ကာပြီး မိုး​ရေထဲကို ​ပြေးသွားသည်​။ Taeyeonလည်း ကားထဲက​နေ ထီးတ​ချောင်းမြန်​မြန်​ယူပြီး ​ကောင်​မ​လေး​နောက်​ကို ​ပြေးလိုက်​သွားသည်​။ ​ကျောင်း​ပေါက်​၀​ရှေ့​ရောက်​​တော့ ​ကောင်​မ​လေးက ဘတ်​စ်​ကား​ပေါ်တက်​သွားပြီ.... Taeyeonလည်း ကားဆီပြန်​လာပြီး အိမ်​ကို ပြန်​သွားတယ်​.....
ည​ရောက်​​တော့ Yuri အပြုံးမင်းသမီး​လေးကို သတိရလို့ သူ့အိမ်​​ကို ​နောက်​တ​ခေါက်​သွားတယ်​.....နှစ်​နာရီ နီးပါး​လောက်​ ကားထဲက​နေ ​စောင့်​ကြည့်​​နေ​ပေမယ့်​ ​ကောင်​မ​လေး အရိပ်​အ​ယောင်​​တောင်​ မမြင်​ရ​ချေ။ Yuriလည်း အိမ်​ကို ပြန်​လာပြီး မနက်​က ​ကျောင်းက​နေ ၀ယ်​ခဲ့တဲ့ Diary စာအုပ်​အသစ်​ထဲ သူနဲ့ အပြုံးမင်းသမီး​လေး စ​တွေ့ခဲ့တဲ့ အ​ကြောင်း​တွေချ​ရေးလိုက်​ပြီး အိပ်​​ပျော်​သွားတယ်​.....Taeyeonမှာလည်း သူ့ပန်းချီစာအုပ်​ထဲက ​ကောင်​မ​လေးကို ကြည့်​ပြီး
"မင်းပုံ​လေးကို ခွင့်​မ​တောင်းဘဲ ဆွဲလိုက်​မိလို့ ခွင့်​လွှတ်​ပါ​နော်​ အခြားမိန်းက​လေး​တွေမြင်​​​ပေမယ့်​ ဘာမှမဖြစ်​ဘူး မင်းကို ​တွေ့​တွေ့ချင်း ငါ့ရင်​ထဲ တမျိုး ဖြစ်​လာပြီး ငါ့လက်​​တွေက မင်း​ကောက်​​ကြောင်းကို ​ရေးခြစ်​ ​နေတယ်​ ထူးဆန်းတယ်​​နော်​...."လို့ ​ရေရွတ်​ရင်း ပုံဆွဲစာအုပ်​​လေးကို ပိတ်​ပြီး အိပ်​လိုက်​​တော့သည်​။

Girl....Don't LieWhere stories live. Discover now