မိုးလင်းတော့ ကျောင်းမသွားခင် အပြုံးမင်းသမီးလေးရဲ့ အိမ်ရှေ့ကို Yuri တယောက်သွားကြည့်သေးသည်။ သို့သော် အပြုံးမင်းသမီးလေးကို မတွေ့ရသောအခါ
"What.....အိမ်မှားတယ်ဆိုရအောင် ဟိုတနေ့ညက သူဒီအိမ်ထဲ ၀င်သွားတာ ငါသေချာမြင်ပါတယ်.....ဒါမှမဟုတ် ရုပ်ရှင်ထဲကလို vampireများလား တနေကုန် အိမ်တွင်းပုန်းပြီး ညကျမှ ထွက်လာတယ်ဆိုရင်ကော... မဖြစ်နိုင်တာ ငါလည်း ညတိုင်း သူ့ကို လာချောင်းပါတယ်.....သူနဲ့တွေ့တဲ့ ညတုံးက သူခေါင်းအရမ်းကိုက်နေလို့ ပြောဖူးတယ် အဲ့တာကြောင့် ဆေးရုံတင်ထားရတာများလား ဆေးရုံတွေမှာ သွားရှာကြည့်ရင်ကော.....မဟုတ်သေးပါဘူး Soulမှာ ဆေးရုံတွေ အများကြီးရှိနေတာ သူ့နာမည်လည်း ငါမသိဘူးဆိုတော့ Ah.... စိတ်ရှုပ်လာပြီ......."
အပြုံးမင်းသမီးလေးကို မတွေ့ရလို့ အတွေးပေါင်းသောင်းခြောက်ထောင်တွေးပြီး ကျောင်းကိုသာ Yuri မောင်းသွားလိုက်သည်။ Taeyeon ကျောင်းကို ရောက်ပြီး ကားပေါ်ကဆင်းလိုက်တော့ မနေ့က သူပန်းချီဆွဲခဲ့တဲ့ ကောင်မလေးက သူ့ဘေးကနေ ဖုန်းပြောရင်း ဖြတ်သွားသည်။ Taeyeonလည်း တခုခုကို တွေ့ပြီး အဲ့ကောင်မလေးလက်ကို လှမ်းဆွဲလိုက်သည်။ Taeyeonလက်လှမ်းဆွဲတာ နည်းနည်းကြမ်းသွားတဲ့အတွက် ကောင်မလေးမှာ...
"အား....."
"Sorryနော် နာသွားတာလား မသိဘူး မင်းကို လှမ်းဆွဲရတဲ့ အကြောင်းအရင်းက ဟိုမှာ တွေ့လား ဓာတ်ကြိုး ပြတ်ကျနေတယ် မင်းက အဲ့တာကို မတွေ့ဘဲ သွားနေလို့ ကိုယ်က လှမ်းဆွဲလိုက်တာပါ...."
"နည်းနည်းတော့ နာသွားတယ်..... ဒါပေမယ့် ကျေးဇူးပါ ကျွန်မက ဖုန်းထဲအာရုံရောက်နေတာနဲ့ ဓာတ်ကြိုးကိုမမြင်လိုက်ဘူး"
"Sorryနော်......."
"တောင်းပန်စရာမလိုပါဘူး ရှင်က ကျွန်မအသက်ကို ကယ်ပေးလိုက်တာကို☺ ကျေးဇူးတင်ပါတယ်နော် ရှင်သာ လှမ်းမဆွဲရင် ကျွန်မ ဓာတ်လိုက်ပြီး သေရင်သေနေမှာ😢😢"
"ရပါတယ်ဗျာ"
"ဒါနဲ့ မင်းနာမည်က😁"
"ရှင်"
"နာမည်က "ရှင်"တဲ့လား"
"အာ.... ကျွန်မ နာမည်က "ရှင်"မဟုတ်ပါဘူး"
"စတာပါ မင်းနာမည် မပြောပြချင်လည်း ရပါတယ်....."
"Aww"
"နာမည်မပြောပြချင်ဘူးလားဟင်"
Taeyeonတယောက် ကောင်မလေးကို ဇွတ်နာမည်မေးနေတော့သည်။
"ရှင် ကျွန်မလက်ကို အရင်လွှတ်ပါအုံး"
ကောင်မလေးပြောမှဘဲ Taeyeon ကောင်မလေးရဲ့လက်ကို မလွှတ်မိတာ သတိရတော့ပြီး လက်လွှတ်ပေးလိုက်တော့သည်။
"Aww ဟီး Sorryနော် နာမည်ပြောတော့"
"Tiffany Hwang ပါရှင့် ကဲရပြီလား"
"Ti.."
"T.I.F.F.A.N.Y"
"AWW Tiffany နာမည်လေးက လှတယ်နော်"
"ဟုတ် ခွင့်ပြုပါအုံး ကျွန်မ အိမ်စာထပ်ရမှာမို့လို့ပါ"
"Nae တခြားဖက်ကသွားနော် ဓာတ်လိုက်နေအုံးမယ်"
"Nae"
ကောင်မလေးနာမည်ကို သိလိုက်ရသောကြောင့် Taeyeonတယောက် တော်တော်ပျော်နေသည်။ ထိုအချိန် YoonYulတို့ရောက်လာပြီး
"ဘယ်သူလည်းဟ ငါတို့ ကန်တင်းကနေ မင်းတို့ကိုစောင့်နေတာ တော်တော်နဲ့ ပေါ်မလာလို့ အတန်းထဲ ပြန်လာတုံး မင်းအဲ့ကောင်မလေး လက်ကို ကိုင်ပြီး ဘာတွေလုပ်နေတာလည်း အဝေးကနေဆိုတော့ သိပ်မမြင်ရဘူးနော် Yoona "
"Onnဟုတ်တယ် အဝေးကဆိုတော့ ကောင်မလေးကို သိပ်မမြင်ရဘူး မင်းကလည်း ကွယ်နေတော့ ဘယ်လိုလည်း ကောင်မလေးက ချောလား..မင်းရည်းစားလား?"
Yoonaနဲ့ Yuriစကားကို Taeyeon ရယ်ပြီး ပြန်ဖြေလိုက်သည်။
"ကောင်မလေးက ချောပါတယ် ငါ့ရည်းစားမဟုတ်ပါဘူးကွာ ဟိုမှာလေ ဓာတ်ကြိုးက ပျက်ကျနေတာ သူက အဲ့ဘက်သွားလို့ ငါ စိုးရိမ်ပြီး လက်လှမ်းဆွဲလိုက်တာ ဒါပါဘဲ"
Taeyeon အဖြေကြားတော့ Yuri ရယ်ပြီး
"Haha second Yoonaပါ့လား စိုးရိမ်လို့ လှမ်းဆွဲတာတဲ့ တော်သေးတာပေါ့ Yoonaလို ပါးအရိုက်မခံရလို့😂😝"
Yuriစကားကြောင့် Yoona မျက်နှာကြီးရှုံ့မဲ့ပြီး
"လာပြန်ပြီ ဒီိကိစ္စနဲ့ဘဲ ငါ့ကို😖😖😖"
Yoonyulကိုကြည့်ပြီး Taeyeon ရယ်လိုက်ပြီး
"ကဲပါကွာ Yoongကို စမနေပါနဲ့တော့😂😂 ငါ အိပ်ရာထနောက်ကျလို့ ကျောင်းနောက်ကျနေတာပါ....ဒါနဲ့ Sooyoung ရော မတွေ့ပါ့လား"
"အေးဟုတ်တယ် အဲ့ လောရှည် မလာသေးဘူး မနေ့က Roအဆန်လွန်ပြီး ဖျားသွားတာများလား"
Yoona စကားကြောင့် Yuriတို့ ရယ်ကြလေသည်။ ထိုနောက် ကျောင်းစောင့်ကို အသိပေးပြီး ဓာတ်ကြိုးကို ဖယ်ခိုင်းလေသည်။ ကျောင်းတက်ချိန်ထိ Sooyoung တယောက် ရောက်မလာ..... Yoonaတို့ စိတ်ပူနေပြီလေ ကျောင်းတက်မပျက်တဲ့ Sooyoung တယောက် ခုထိ ပေါ်မလာသေးတော့ မနေ့ကမိုးမိပြီး ဖျားသွားတာလား ညနေကျ သူ့အဆောင်လိုက်သွားရအောင်ဆိုပြီး တိုင်ပင်ကြတယ်.... ဆရာတောင် အတန်းထဲဝင်လာပြီ Sooyoungက ခုထိမလာသေး....ဆရာရောက်လာပြီး စာသင်ရင်း ဆယ်မိနစ်လောက်နေတော့
"ဆရာ ၀င်ခွင့်ပြုပါ"ဆိုတဲ့ အသံကြားတော့ Yoonaတို့ လှမ်းကြည့်စရာမလို အသံပိုင်ရှင်ဟာ ဘယ်သူလည်းဆိုတာ တန်းသိကြပြီ.....ဆရာလည်း စာရှင်းပြရာမှ ရပ်ပြီး တံခါးပေါက်ကို လှမ်းကြည့်ပြီး
"Choi Sooyoungနဲ့ Lee Sunnyတို့နှစ်ယောက် ဘာလို့ နောက်ကျတာလည်း....."
"ကျွန်တော့်ဆိုင်ကယ် ဘီးပေါက်နေလို့ ၀င်ဖာလိုက်လို့ ကြာနေတာပါ ဆရာ"
"ကျွန်မက ဘတ်စ်ကား လွတ်သွားလို့ပါ ဆရာ"
Soosun ရဲ့ ဖြေရှင်းချက်ကို နားထောင်ပြီး
"Ok နောက်တခါ နောက်ကျရင်တော့ အပြစ်ပေးမှာနော် "
"Nae..."
Sooyoung နဲ့ Sunnyလည်း အတန်းထဲ ၀င်လာကြသည်။ စာသင်ချိန် တချိန်ပြီးသွားပြီးနောက် နောက်ဆရာမလာခင် Sunnyကို Jessica စလေသည်။
" နင် ဘတ်စ်ကား လွတ်တာ မဟုတ်ဘဲ Sooyoung oppaနဲ့ ဒိတ်လာတား"
"Yrrr ပေါက်တက်ကရတွေ လာမေးမနေနဲ့..."
"နင်တို့နှစ်ယောက်က ထူးဆန်းလို့ပါ"
"ဘာတွေ ထူးဆန်းနေတာလည်း"
"နှစ်ယောက်အတူတူ နောက်ကျနေတာလေ ha ha😜😜"
"တိုက်ဆိုင်သွားတာပါ Sicaမရယ်😒😒😒😒"
"ဟုတ်လို့လား ဟုတ်ရဲ့လား.. ရိုးရိုးရှင်းရှင်းပြောပါကွာ"
"Yrrr ဆက်စနေရင် ငါနင့်ကို မခေါ်တော့ဘူးနော် "
"စိတ်ကြီးတာ အပုလေးရယ် မစတော့ပါဘူး"
သူ့ကို အပုလေးလို့ ခေါ်လို့ ဒေါသထွက်နေတဲ့ Sunnyကို ကြည့်ပြီး Sica တယောက် အားရပါးရ ရယ်လိုက်သည်။
"Sooyoung မင်းမကောင်းဘူးကွာ ငါ့အပျော်တွေကို ဖျက်စီးပစ်တယ်😪😪" Yoonaစကားကြောင့် မုန့်ခိုးစားနေတဲ့ Sooyoungကြောင်သွားပြီး
"Wae, ငါကဘာလုပ်နေလို့လည်း"
"ငါက မင်းကျောင်းမလာတာ နေမကောင်းဖြစ်လို့လားလို့တွေးရင်း မုန့်ဟင်းခါးးစားရတော့မယ်ဆိုပြီး ပျော်နေတာ.........ခုတော့....😞😞"
Yoonaစကားတောင်မဆုံးသေး Sooyoungတယောက် Yoonaရဲ့ လက်မောင်းကို ထိုးလိုက်သည်။
ရှေ့ကTaeyeonလည်း Sooyoungရှိရာ အနောက်ကိုလှည့်လာပြီး
"Hyung Sooyoung မှန်မှန်လိမ်နော်"
"လာပြန်ပြီ တစ်ယောက်😒😒"
"မင်းရဲ့ဆိုင်ကယ်ဘီးပေါက်တာ သွေးရိုးသားရိုးဟုတ်ရဲ့လား...."
"ဘာလို့..."
"ဆိုင်ကယ် ဘီးပေါက်တယ်ဆိုပြီး Sunnyနဲ့များ Dateနေတာလားလို့ သူကလည်းနောက်ကျနေတာလေ"
"တိုက်ဆိုင်တာပါ ...လဒရယ်
"ဟုတ်လို့လား "
"Yrrr ဂျပု ဒီထက့် ပုသွားအောင်ထုရမလား....."
"Taeyeonရာ မင်းမို့လို့ ဒီကောင်ကို ကောင်မလေးနဲ့ ဒိတ်နေတာလား မေးနေတာ ဒီကောင်ကဖြင့် အစားက လွဲရင် ဘာမှစိတ်ဝင်စားတာမှုတ်ပု"ဆိုပြီး ဖုန်းပွတ်ရင်း ပြောသော Yoonaစကားကို
"ပြောပစ်လိုက် Yoong ငါက အစားဘဲ စိတ်ဝင်စားတာလို့......" Sooyoung အားပါးတရ ထောက်ခံလိုက်သည်။
"Aကွာ ငါအထင်ကြီးပြီး မေးလိုက်မိတာပါကွာ :3"
YoonTaeတို့က Sooyoungကို ၀ိုင်းစနောက်နေကြပေမယ့် Yuriကတော့ မစဘဲ ငြိမ်နေလေသည်။
"ထူးဆန်းတာ အစအနောက်သန်တဲ့ Yuriလေး ငြိမ်နေပါ့လား ငါ့ကို ခါတိုင်းလို မစတော့ပါ့လား"
Sooyoungစကားကို
"ငါမနေ့ညက အိမ်စာလုပ်ဖို့မေ့သွားလို့ခု အမြန်ရေးနေတာဟ "ဆိုပြီး စာရေးရင်း Yuriလှမ်းဖြေလိုက်သည်။ Yoonaဖုန်းပွတ်နေရင်း
"Yuri မင်းကို ငါယောက်ဖတော်ပါရစေ......"
"ဘာထကြောင်ပြန်ပြီတုံးကွာ......"
"မင်းညီမလေ woo Instagram
မှာပုံတင်ထားတာ အရမ်းမိုက်တယ်😱😱 ရေကူးဝတ်စုံလေးနဲ့....ဒီမှာကြည့်"
Yoonaစကားကြောင့် Taeyeonတို့လည်း စိတ်ဝင်စားပြီး Yoonaဖုန်းကို ၀ိုင်းကြည့်ကြတယ်......
Sicaလည်း Yoona ဘာလို့ဒီလောက် သဲကြီးမဲကြီး ကြည့်နေတာလည်းသိချင်လို့ သူထိုင်တဲ့နေရာကနေ မျက်လုံးလေးစွေပြီး ကြည့်နေတယ်...
Yuriအနောက်လှည့်လာပြီး Yoonaဖုန်းကို လုမယ်အလုပ် Jessica မျက်လုံးလေးစွေပြီး ကြည့်နေတာကို မြင်ပြီး
"Yoona yrr Jessica ကလည်း ကြည့်ချင်လို့နေမှာ ငါ့ညီမပုံလေး ပြလိုက်စမ်းပါ....."
Yuriစကားကြောင့် Jessica သူခိုးလူမိတဲ့အတိုင်း မျက်နှာကြီးနီရဲပီး Sunnyဘက်ကို လှည့်သွားသည်။ Yoonaကတော့ Jessicaကို ကြည့်ရင်း ပြုံးနေသည်။
✂✂✂✂✂✂✂✂✂
စာသင်ချိန်ပြီးလို့ ကန်တင်းမှာ ထမင်းစားနေကြရင်း Sooyoungက Yuriကို
"Yuri မင်းကို ယောက်ဖ တော်လို့ရလား မင်းညီမက အလန်းလေး.."
"တိတ်စမ်း မင်းလိုအစားပုပ်ကို ယောက်ဖတော်မိရင် မတွေးရဲစရာ😖😖😖😖😖 အာ.... မင်းပြောမှဘဲ အဖေခိုင်းထားတာ သတိရတယ် သွားလိုက်အုံးမယ်...."
Yuriလည်း သူ့အဖေခိုင်းထားတဲ့ အလုပ်ကို သတိရပြီး ထမင်းဆိုင်ကနေ ထွက်သွားလိုက်သည်။ ပြီးနောက် သူ့ညီမ Vivian ကိုဖုန်းခေါ်လိုက်သည်။
"ပြော... ချီးထုပ်....."
"Yrr ငါကနင့်အကိုနော် ဘာချီးထုပ်တုံး"
သူတို့မောင်နှမ နှစ်ယောက်က အပြင်မှာတွေ့လည်းသတ် ဖုန်းထဲစကားပြောလည်း ဘုကလန့်နဲ့ မတည့်ကြပေမယ့် တယောက်က နေမကောင်းဖြစ်ရင် တယောက်က စိုးရိမ်ကြတယ်... Yuriက သူ့ညီမကို ကာကွယ်ပေးသလို သူ့ညီမကလည်း Yuriလိုဘဲ...
"ဘာကိစ္စ ဖုန်းဆက်တာလည်း ကျောင်းမှာ ငါ့ကိုလာရှာလို့ရရက်နဲ့...."
"ရှာရမှာ ပျင်းလို့ ဖုန်းဆက်မေးတာ...နင်ဘယ်မှာလည်း...."
"ငါ အတန်းထဲမှာ...."
"ငါ့အဖေက ဦးလေးကို ခရီးက၀ယ်လာတဲ့ လက်ဆောင်ပေးခိုင်းလို့ ငါ ကားထားတဲ့နေရာမှာ ရှိတယ် လာယူ.."
"ချီးထုပ် ငါအိမ်စာမပြီးသေးဘူး ကားသော့လာယူပီး ငါ့ကားနောက်ဖုံးထဲ ထည့်ပေးပါ..."
"Arrr...... ချီးထုပ်မ....."
"နော် oppa chaw အိမ်စာထပ်ရမှာမို့လို့ နော်လို့.."
"ခုနက ငါ့ကို ချီးထုပ်ဆို...😏😏"
"Oppaကလည်း...."
"တော်တော် လာချွဲမနေနဲ့ ငါနင့်အတန်းဘက်လာခဲ့မယ်"
Yuriလည်း ဖုန်းချပြီး သူ့ညီမအတန်းဘက်ကိုသွားသည်။ အတန်းထဲဝင်ပြီး သူ့ညီမရှိရာကို သွားပြီး
"ချီးထုပ်မ နင့်ကားသော့ပေး..ရှုပ်လိုက်တာနော် ကားသော့လာယူ ပြီးရင် ကားသော့ပြန်လာပေးရအုံးမှာ😖😖😖😖 ခဏလောက် လာတော့ ဘာဖြစ်မှာမို့လို့လည်း...."
"Aigooo ပွစိ ပွစိနဲ့ မိန်းမကြီးကျနေတာဘဲ"
သူ့ညီမကို ပွစိပွစိပြောရင်း သူ့ညီမနောက်မှာ ထိုင်နေတဲ့ ကောင်မလေးကိုတွေ့ပြီး...
"ဟာ အပြုံးမင်းသမီးလေးဘဲ သူကဒီအတန်းထဲမှာလား😨😨"
သူ့ညီမကိုရန်ထောင်တာ ရပ်ပြီး အပြုံးမင်းသမီးရှိရာကို သွားတယ်...
"ဒီမှာဗျာ့ ကျွန်တော့်ကို မှတ်မိလားမသိဘူး..."
အပြုံးမင်းသမီးလည်း တချက်စဉ်းစားပြီး.....
"ဟမ်.........အာ..... မှတ်မိပြီ ဟိုးညက ကျွန်မကို ကယ်ခဲ့တဲ့တယောက်မလား....."
အပြုံးမင်းသမီးလေးက သူ့ကို ခုထိမှတ်မိသေးလို့ Yuriတယောက် အရမ်းပျော်သွားတယ်
"မှတ်မိပေးတာကို အရမ်းဝမ်းသာပါတယ်.... ခုလိုပြန်တွေ့ခွင့်ရတာရော....😁😁"
Vivianတယောက် သူနဲ့စကားပြောနေရင်း ရုတ်တရက် အနောက်ကို ရောက်သွားတဲ့ Yuriကို
"ဟဲ့ စကားပြောရင်း ဘယ်ရောက်သွားတာလည်း "
"နေအုံး ဒီမှာ ငါစကားပြောနေတယ်.... 😒"
"ရှင့် ဒဏ်ရာတောင် ပျောက်သွားပြီဘဲ..."
သူ့ဒဏ်ရာကိုတောင် ဂရုစိုက်ပေးလို့ Yuriတယောက် အပျော်ကြီးပျော်နေပြီလေ...
"မင်းရဲ့ကျေးဇူးကြောင့်ပါ မင်းဆေးထည့်ပေးလို့..."
အပြုံးမင်းသမီးရဲ့ သူငယ်ချင်းက Yuriကို ကြည့်ပြီး အပြုံးမင်းသမီးကို ..
"ဟဲ့ သူက Kwon Yuriမလား ငါတို့ကျောင်းက မင်းသားတစ်ပါးလေ..."
"Kwon Yuri?"
"နင်ဟာလေ ဘာမှကို မသိဘူး အတန်းအပြင်လေးတခါတလေ ထွက်ပါအုံး ကျောင်းကိုလာကျောင်းကိုပြန် ဒါနဲ့ဘဲ နင်ပိန်းဥဖြစ်နေပြီ ကျောင်းဖွင့်တာ တစ်လကျော်နေပြီ ခုထိမသိသေးဘူးလား"
"Yrr Bora..."
အပြုံးမင်းသမီးနဲ့ သူ့သူငယ်ချင်းကိုကြည့်ပြီး Yuri ရယ်ရင်း
" ကျွန်တော်က Kwon Yuriပါ ဒါနဲ့မင်းနာမည်ကရော..."
"ကျွန်မ နာမည်က Boraပါ..."
Yuriက အပြုံးမင်းသမီးရဲ့ နာမည်ကို မေးသော်လည်း သူ့ဘေးက သူငယ်ချင်းက ၀င်ဖြေသောကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသည်။ Yuriကိုကြည့်ရင်း အပြုံးမင်းသမီးလေး ပြုံးပြီး
"ကျွန်မ နာမည်က Tiffany Hwangပါ"