သူ့ အပြုံးမင်းသမီးလေးရဲ့ နာမည်ကိုသိခွင့်ရလို့ Yuriတယောက် တော်တော်လေး ပျော်နေသည်။
"Tiffanyတဲ့လား နာမည်လေးက လှလိုက်တာနော် လူအတိုင်းဘဲ လူကပိုလှတယ်....."
"Yuriကတော့ မြှောက်ပြောနေပြန်ပြီ ကဲပြော ဘာစားမလဲ ၀ယ်ကျွေးမယ်...."
"တကယ်ဝယ်ကျွေးမှာမို့လို့လား...."
"Yuri စားမယ်ဆို ၀ယ်ကျွေးမယ်လေ.."
"မ၀ယ်ကျွေးပါနဲ့ ကျွန်တော်ကဘဲ ၀ယ်ကျွေးပါရစေ ခင်မင်ခွင့်ရလို့ ခုဆို Tiffanyနဲ့ ကျွန်တော်နဲ့ ခင်သွားကြပြီပေါ့နော်..."
"Nae.....☺"
"ဒါဆို ညနေကျ မုန့်သွားစားလို့ရမလား Tiffanyနဲ့အတူ
တယောက်တည်းမလိုက်ချင်ရင် မင်းရဲ့Fr Bora ပါခေါ်ချင်ခေါ်ခဲ့လေ...."
Yuriစကားကို Boraတယောက်ကတော့ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။
"စားမှာပေါ့ စားလို့ရပါတယ်နော့် Fanyမ...."
"Aww......အင်း စားလို့ရပါတယ်...."
"ဒါဆို ညနေကျောင်းဆင်းရင်(....)ဆိုင်မှာတွေ့ကြမယ်လေနော် ကျွန်တော်စောင့်နေမယ်...."
Vivianတယောက် သူ့အကိုကိုကြည့်ပြီး
"အဟမ်း Kwon yuri shii ကျယ်မ ကားသော့ကိုင်ထားရတာ ညောင်းနေပြီနော်...."
"အဲ့တာဆို သွားခွင့်ပြုပါအုံးနော် Tiffany shii"
Tiffany ကို နှုတ်ဆက်ပြီး
"သာသနာဖျက်မ ပေး ကားသော့....."
သူ့ညီမဆီက ကားသော့ကို ယူပြီး ကားထားရာနေရာကို ပြန်သွား သူ့အဖေပေးလိုက်တဲ့ ပစ္စည်းတွေကို Vivianရဲ့ ကားထဲကို ထည့်ပြီး ကားသော့ပြန်ပေးဖို့ Vivian ရဲ့ အတန်းထဲ ပြန်ဝင်လာပြန်သည်။
"ရော့ ငါ့ညီမ ဒီမှာ မင်းကားသော့"
Vivianမှာ Yuri သူ့ကို ကောင်းကောင်းမွန်မွန်စကားပြောလို့ တော်တော်လေး အံ့သြနေသည်။ အရင်ကဆို အမြဲ သူ့အကိုနဲ့သတ်နေကြ ခုတော့...
"Yuri oppa နင် ခေါင်းထိလာတာလား"
"Wae ဘာလို့.. ...."
"ငါ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံနေလို့😂"
"😒😒😒 "
Yuriကားသော့ပေးပြီးတာတောင် မပြန်သေးဘဲ Tiffany ကို ပြုံးပြီးကြည့်နေသည်။ Tiffany ကတော့ မသိ စာဖတ်နေသည်။ ဘေးနားက Boraကတော့ သတိထားမိနေသည်။
"ဟဲ့ ပြန်တော့လေ ရုပ်ကြီးက ဘာဖြစ်နေတာလည်း ဖြီးနေတာဘဲ သွားသွား ကိုယ့်အတန်းကို ပြန်တော့ Kwon yuri"
"Ahhhh ကိုယ့်အကိုကို ဇွတ်နှင်ထုတ်နေတာ....သွားပြီ ချီးထုပ်မ"
Fanyတို့အတန်းထဲက Yuriထွက်သွားတော့ Boraလည်း စာဖတ်နေတဲ့ Tiffanyကို လက်တို့ပြီး
"Fany နင့်ကိုလေ Yuri oppaက စိတ်ဝင်စားနေတာ ထင်တယ်.."
"မဟုတ်တာတွေ ပြောမနေနဲ့ Bora သူက ငါ့ကို ရိုးရိုးသားသား ခင်တာနေမှာပါ "
"ဟုတ်တာပြောတာဟ ခုန နင်နဲ့စကားပြောတုံးကလည်း ပြုံးလို့ ခုန အတန်းထဲလာပြီး သူ့ညီမကို ကားသော့ပြန်လာပေးတုံးကလည်း နင့်ကို အကြာကြီး စိုက်ကြည့်နေတာ သူ့ညီမက နှင်ထုတ်မှ ထွက်သွားတာ...."
"သူခုနက ပြန်လာသေးတာလား ....."
"Aဟုတ်တယ် နင်ကသာ စာကို သဲကြီးမဲကြီးဖတ်နေလို့ မသိတာ ဘေးက ငါကအကုန်မြင်တယ်😏😏"
"ငါ့ကို ကြည့်နေတာနဲ့ ငါ့ကို ကြိုက်နေတာဖြစ်နိုင်ပါ့မလား ဗရမ်းဗတာတွေပါဟယ်.. ......."
မှိုရတဲ့မျက်နှာကြီးနဲ့ အတန်းထဲ ၀င်လာတဲ့ Yuriကို Taeyeonတို့ ၀ိုင်းပြောကြပါလေရော.....
"Yul မင်းကွာ ဘာမပြောညာမပြောနဲ့ ထသွားတာ ခုမှ ပြန်လာတယ်...."
"အော် ငါ့ အဖေခိုင်းတဲ့ ကိစ္စလေးသတိရလို့ သွားလုပ်ပေးနေတာပါ Taeyeonရာ..."
"မင်းအဖေက ဘာတွေခိုင်းနေလို့ ဒီလောက်ကြာနေတာလည်း"
" ငါ့ညီမ Vivian ဆီကို သူ့ညီအတွက် ခရီးကလက်ဆောင်ပေးခိုင်းလိုက်တာ အဲ့တာ သွားပေးတာ Sooyoungရေ..."
Vivianနာမည်ကြားတာနဲ့ Yoonaတယောက် သီချင်းစာသားလေးတွေရေးရာမှ ရပ်ပြီး
"Yul မင်းကွာ Vivianဆီသွားမှာကို ဘာလို့ မပြောတာလည်း "
"မင်းတို့ကိုကြောက်လို့😷😷"
"အဲ့တာနဲ့ မင်းအခွက်ကြီးက ဘာလို့ဖြီးနေတာလည်း"
"ဒီလိုကွ ငါ့ညီမ အတန်းထဲသွားတုံး ဟိုတနေ့က အပြုံးမင်းသမီးနဲ့ တွေ့ခဲ့တယ် ငိငိ😋😋 သူနဲ့ရင်းနှီးသွားပြီး ညနေကျ သူရယ် သူ့သူငယ်ချင်းနဲ့ အတူ မုန့်သွားစားမယ်ဆိုပြီး ချိန်းခဲ့တယ်ကွ Ha Ha အဲ့တာ ဒီနေ့ မင်းတို့နဲ့အတူ coffeeဆိုင်ကို မလိုက်နိုင်တော့ဘူး ဟူးဟူး"ဆိုပြီး Sooyoung ကို ပြောပြနေတဲ့ yuriကို YoonaTaeနှစ်ယောက် ကြည့်ပြီး ခေါင်းတွေခါမိနေသည်။ Yoonaက တချိန်လုံး Vivianပြောနေတာနဲ့ Jessica တယောက် Vivian အကြောင်းသိချင်လာလို့ Sunnyကိုမေးလိုက်သည်။
"Sunny နင့်ကိုငါမေးစရာရှိလို့...."
"Ommမေးလေ "
"Vivianက ချောလား...."
Sunny သိလိုက်ပြီလေ Yoonaက တချိန်လုံး Vivianအကြောင်းပြောနေတော့ Sicaသိချင်လာလို့ သူ့ကို မေးတယ်ဆိုတာ...
"နင်က Vivian အကြောင်း ဘာလို့သိချင်တာလည်း ဧကန္တ Yoonaကြောင့်များလား...."
Sunnyကို Sicaမျက်စောင်းထိုးပြီး
"တော်ပြီ မမေးတော့ဘူး မဖြေနဲ့တော့😒😒"
"စတာပါအေ နိကလည်း စိတ်ကြီးတာ Vivian က Yuriရဲ့ ညီမ၀မ်းကွဲလေ Yuriလိုဘဲ အရမ်းချောတာ sexyလည်းကျတယ် သူ့ကိုsexy Queenလို့ခေါ်တာလေ Vivianကို လိုချင်တဲ့သူတွေအများကြီးဘဲ Yuriက သူသာပွေတာ သူ့ညီမကိုကျ သူ့လို ငပွေနဲ့တွေ့မှာတအားစိုးရိမ်တာ အပြင်ပန်းမှာ သူတို့ မောင်နှမနှစ်ယောက် မတည့်ဘူးလို့ထင်ရပေမယ့် တကယ်တမ်း တယောက်ကိုတယောက် ဂရုစိုက်ကြပါတယ်...."
"Aww နင့်ထဲ အဲ့ကောင်မလေးပုံရှိလား"
"နင် Instagram သုံးလား သူ့အကောင့်ရှိတယ်လေ ၀င်ကြည့်လိုက်...."
Sicaလည်း သူ့phကိုဖွင့်ပြီး Instagram ကိုဖွင့်ကာ
"နာမည်ပြော sunny...."
"Vivianrepublic"
Sicaလည်း Sunnyပြောတဲ့ နာမည်ကို IGမှာ ရှာကြည့်ပြီး
"Awwကောင်မလေးက ချောသားဘဲ....."
"Jelly..."
"ဘာ jellyလည်း "
"Aww ငါ Jelly၀ယ်လာတယ် နင်စားအုံးမလားလို့ မေးကျိတာပါ xD"
"မစားဘူး နင်ဘဲအ၀စား😒😒"
Sicaနဲ့ Sunnyတို့ ပြောတဲ့စကားကို Yoonaအကုန်ကြားနေရသည်။ Sicaတို့က တိုးတိုးပြောကြတာဆိုပေမယ့် Yoongက နားပါးတော့ အကုန်ကြားရသည်။ Vivianပုံကို ကြည့်ပြီး နှုတ်ခမ်းထော်လာလိုက် တယောက်တည်း ပွစိပွစိပြောနေတဲ့ Sicaကို ကြည့်ရင်း Yoongပြုံးနေမိသည်။
✂✂✂✂✂✂✂✂
Yuriမုန့်ဆိုင်မှာ Tiffanyတို့နဲ့ အတူ မုန့်စားနေသည်။Yuriကတော့ မုန့်မစားဘဲ Tiffany မျက်နှာလေးကို ထိုင်ကြည့်နေသည်၊ Boraက Fanyကို စိုက်ကြည့်နေတဲ့ Yuriကို
"Yuri shii Yuriလည်း မုန့်စားအုံးလေ...."
သူ Tiffanyကို ကြည့်နေတာ Boraမိသွားသောကြောင့် Yuriရှက်သွားပြီး မုန့်ကိုငုံ့စားလိုက်သည်။
"Yuriနဲ့ Tiffanyက ဘယ်လိုတွေ့ကြတာလည်း"
Boraမေးခွန်းကို Tiffanyအအေးသောက်ရင်း ပြန်ဖြေလိုက်သည်။
"ငါ ဟိုတလောက ညကြီးမိုးချုပ်ဟာ ခေါင်းကလည်းအရမ်းကိုက် ဆေးသောက်လည်းမပျောက် နောက်ဆုံး သောက်ရင်းဆေးက ကုန်သွားလို့ အပြင်ထွက်ဆေးဝယ်ရင်း အမူးသမားတွေက ငါ့ကို ဆွဲလားရမ်းလားလုပ်နေတုံး သူက၀ယ်ကယ်ပေးတာ..."
"Aww Oppa yuriက Fanyရဲ့ Heroလေးပေါ့"
"ဒါပေါ့ ငါ့ Heroလေး"
"Fanyကို အားကျလိုက်တာ Yuri oppaလို Heroချောချောလေး ရထားလို့...."
"Boraကတော့ မြှောက်ပြန်ပြီ ဘာစားအုံးမလည်း မှာလေ..."
"မြှောက်ပြောတာမဟုတ်ဘူး တကယ်ပြောတာ Yuri oppaက တကယ်ချောတာ oppaနဲ့ခုလိုထိုင်ပြီး မုန့်စားရမယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး Fanyမကို ကျေးဇူးအရမ်းတင်တာဘဲ...."
"Boraပြောတာနဲ့ ကျွန်တော် မနေတတ်တော့ပု😁😁"
"Yuri oppa chawကို လမ်းမှာတွေ့ရင် ခေါ်ရမယ်နော် မသိချင်ယောင်မဆောင်နဲ့ chawလည်း တွေ့ရင် Yuri oppaလို့အော်ခေါ်မှာ...."
"Haha ဟုတ်ပါပီ ခေါ်မှာပါဗျာ...."
"Pတော့လေ Yuri oppa, chawကိုလေ Sooyoung oppaတို့နဲ့မိတ်ဆက်ပေးပါ့လား သူတို့နဲ့ခင်ချင်လို့ပါ"
"Ommပါ မိတ်ဆက်ပေးမယ်..."
"Pတော့လေ Yuri oppa..."
Kwon Yuriတယောက် တော်တော်စိတ်ညစ်လေပြီ.... Tiffanyနဲ့စကားပြောချင်လို့ မုန့်ခေါ်ကျွေးပါတယ်ဆို Boraငတိမနဲ့ဘဲ အချိန်ကုန်သွားတယ် Tiffanyနဲ့ သိပ်စကားမပြောလိုက်ရပါ... Boraကို မုန့်စားဖို့ခေါ်ခဲ့မိတာ မှားသွားတယ်လို့တောင် တွေးနေမိသည်။ မုန့်စားပြီးနောက်
"Yuri oppa....."
"ဗျာ😒😒😒...."
"Fanyကို အိမ်ပြန်လိုက်ပို့ပေးနိုင်မလားဟင် chaw သင်တန်းတက်ရအုံးမှာ မမှီတော့လို့..."
"တော်ပါသေးတယ်.... ဒင်းလေး ဒီတခါတော့ သိတတ်လို့ မသိတတ်ရင် လည်မျိုကို နင်းပြီး စားထားတာတွေ ပြန်ကလော်ထုတ်မလို့ 😏😏"
"Yuri ကျွန်မကို ပြန်ပို့ဖို့ အဆင်ပြေလား"
အတွေးထဲ Boraကို မေတ္တာပို့နေတော့ Tiffanyပြောတာကို Yuriမကြားသောကြောင့် Yuriကို နောက်တခေါက် Tiffany ပြန်မေးရသည်။
"Yuri shiii ဘာတွေတွေးနေတာလည်း ကျွန်မကို ပြန်လိုက်ပို့ဖို့ အဆင်မပြေဘူးနဲ့တူတယ်....."
Tiffanyနောက်တခေါက်ပြောမှ Yuri သတိပြန်ဝင်လာပြီး
"Thae..... အာညီး အဆင်ပြေပါတယ် လာ တက်ပါ ကားပေါ်"
"ကဲ Yuri oppaက လိုက်ပို့ပေးမယ်ဆိုတော့ ငါသွားပြီ Fanyရေ Have a wonderful date😜😜😜"
Tiffanyကို Boraလှမ်းစလိုက်တော့ Tiffanyတယောက် Boraကို မျက်စောင်းထိုးပြီး Yuriရဲ့ကားပေါ်တက်သွားသည်။ Tiffanyကို အိမ်ပြန်ပို့တဲ့ လမ်းတွင်
" Tiffanyက အိမ်တွင်းပုန်းလေးထင်တယ်..."
"ဘာလို့လည်း"
"ကျွန်တော် Tiffanyအိမ်ရှေ့က ဖြတ်သွားတာ ခဏခဏ ဒါပေမယ့် တခါမှ Tiffanyကို မတွေ့ရဘူး"
Yuriစကားကို ကြားတော့ Tiffanyရယ်ပြီး
"ကျွန်မက အိမ်တွင်းပုန်းလေးပါ အိမ်ထဲမှာနေပြီး ရုပ်ရှင်ကြည့်ရတာကို သဘောကျတယ်...."
"Aww ရုပ်ရှင် crazyပေါ့"
"Omm..."
"ဒါဆို လာမယ့် တနင်္ဂနွေကျ Tiffanyနဲ့အတူ ရုပ်ရှင်ကြည့်လို့ရမလား....."
"Ummmmm....... စဉ်းစားကြည့်လိုက်အုံးမယ်နော်..."
"Nae😍😍 စဉ်းစားပြီးရင် အကြောင်းပြန်နော်...."
"Nae..."
"ကျေးဇူးပါ Tiffany...."
"ဘာလို့လည်း..."
"အခုလိုခင်ခွင့်ပေးလို့.... အခုကစပြီး တွေ့တိုင်းခေါ်မှာနော် မသိချင်ယောင်မဆောင်ရဘူးနော်...."
"Ommပါ...."
Tiifanyကို အိမ်ပြန်ပို့ပေးပြီး Yuri အိမ်ပြန်လာတော့ တလမ်းလုံးအူမြူးလာတယ်.... သူစိတ်ဆိုးနေတဲ့ သူ့အဖေကိုတောင် နှုတ်ဆက်ပြီး သူ့အခန်းထဲဝင်သွားတယ်....... ရေချိုးရင်း သီချင်းအော်ဆိုလို့ဆို စာလုပ်ရင်း ရယ်လို့ရယ်နဲ့... ညအိပ်တော့လည်း ဖက်လုံးကြီးဖက်ပြီး ညနေကအကြောင်းတွေ ပြန်တွေးပြီး တော်တော်နဲ့ အိပ်မပျော်ဖြစ်နေတယ်....
Jessicaမှာလည်း စာလုပ်ပြီးလို့ ဖုန်းခဏသုံးရင်း IGမှာ Vivianပုံတွေပေါ်ပေါ်လာလို့ ဒေါသတွေထွက်နေသည်။
"နေပါအုံး ငါက Vivianပုံကို တွေ့တိုင်း ဘာလို့ ဒေါသထွက်နေရတာလည်း........ မဟုတ်မှလွဲလို့ ငါ Yoonaကိုများ စိတ်ဝင်စားနေတာလား မဖြစ်နိုင်တာ....အား.... ဘာမှတွေးမနေနဲ့ ဖုန်းပိတ်ပြီး အိပ်တော့😴😴"
Yoonaမှာလည်း ကုတင်ပေါ်လှဲနေရင်း နေ့လည်က Jessicaတယောက် Vivianကို J၀င်နေတာတွေ ပြန်တွေးပြီး ကျေနပ်နေသည်။