Girl....Don't Lie ( Part-7)

1K 88 24
                                    

Yoonaတို့ ဥယျာဉ်​ထဲ ပတ်​​ပြေး​ဆော့ကြပြီး ​ကျောင်းမတတ်​ခင်​ အတန်းထဲကို ပြန်​၀င်​လာကြသည်​။ Yuriက​တော့ သူ့ညီမ Vivian ဆီ သွားလိုက်​အုံးမယ်​ဆိုပြီး Vivian တို့အတန်း​ရှေ့မှာ​နေခဲ့တယ်​...
.... Vivianအတန်းထဲ ၀င်​လာ​တော့ ​ကောင်​မ​လေး​တွေက "Kwon Yuri ငါတို့အတန်းထဲ လာပြန်​ပီ ထူးဆန်းတယ်​ သူ့ညီမဆီလာတာ​နေမှာပါ.... "ဆိုပြီး ရုတ်​ရုတ်​သဲသဲဖစ်​​နေကြသည်​။ သူ့ညီမက​တော့
"ဘာလာလုပ်​တာလည်း ...."
"Aww ငါ ည​နေကျ နင့်​ကို လိုက်​ပို့​ပေးမယ်​လို့ လာ​ပြောတာပါ....."
"မနက်​က​ပြောထားတယ်​​လေ ဘာလို့ ထပ်​​ပြော​နေတာလည်း..."
"နင်​​မေ့​နေမှာဆိုးလို့ လာသတိ​ပေးတာ...."
"အမ​လေး Kwon Yuriတ​ယောက်​ စိတ်​ကပုံမှန်​​ရော ဟုတ်​ရဲ့လား ​ဆေးမှား​သောက်​လာတာများလား..."
သူ့ညီမ​ပြောတာကို နားမ​ထောင်​ဘဲ Fanyတို့ကို လှမ်းကြည့်​​တော့ Fanyတို့က Yuri ကို သတိမထားမိဘဲ ဖုန်းကိုသာ ကြည့်​​နေသည်​။ Yuriလည်း Fanyတို့ ​ရှေ့သွားရပ်သည်။ Bora​လည်း ဘယ်​သူလည်းဆိုပြီးေ​​မာ့ကြည့်​လိုက်​​တော့
"ဟာ... Yuri oppa ဘာလာလုပ်​တာလည်း.. ..."
"ညီမ​လေးဆီ ခဏလာရင်း Fanyတို့ကို လာနှုတ်​ဆက်​တာ ​တော်​ကြာ ​တွေ့ရင်​နှုတ်​ဆက်​ပါ​နော်​​ပြောပြီး Yuriကကျ မမြင်​ချင်​​ယောင်​​ဆောင်​​နေတာလို့ ​ပြောမှာဆိုးလို့...."
Boraက နှုတ်​ဆက်​​ပေမယ့်​ Tiffanyက​တော့ Yuriကို ပြုံးပြပြီး ဖုန်းကိုသာ ပြန်​ကြည့်​​နေ​လေသည်​။
"Tiffany shii ဘာ​တွေဒီ​လောက်​ စိတ်​၀င်​တစားကြည့်​​နေတာလည်း... ကျွန်​​တော့်​ကို​တောင်​ မနှုတ်​ဆက်​ဘူး စိမ်းကား​နေတယ်​😢😢"
"Aww စိမ်းကားတာမဟုတ်​ပါဘူး ကျွန်​မ Seohyun unnieရဲ့ liveကြည့်​​နေလို့ပါ လွှတ်​သွားမှာဆိုးလို့ပါ အခုမှ Seohyun ရဲ့ liveမှီဖူးတာ အာ့​ကြောင့်​ပါ😢😢"
"အဲ့တာဆိုလည်း ကြည့်​ပါဗျာ မ​နှောင့်​ယှက်​​တော့ဘူး​နော်​ သွားပြီ.... အာ​ညောင်​..."
"အာ​ညော်​ Yuri oppa......."
Yuriလည်း ထွက်​သွား​ရော Vivianတ​ယောက်​ Fanyတို့ရှိရာ အ​နောက်​ကိုလှည့်​ပြီး
"နင်​တို့နှစ်​​ယောက်​ထဲက ဘယ်​သူ့ကို ငါ​ယောင်းမ​တော်​ရမှာလည်း😜😜"
Vivian​မေးခွန်းကို Bora တ​ယောက်​ Fanyကို လက်​ညှိုးထိုးပြပြီး အသံတိတ်​​ဖြေလိုက်​သည်​။
"Eye smile Queen​လေးကို ​ယောက်​မ ​တော်​ရမှာ​ပေါ့..... 😜😜"
Vivian တ​ယောက်​ Fanyကို စလိုက်​​တော့ Fany ​ပေတံနဲ့ Vivian ကို ဖွဖွ​လေးရိုက်​လိုက်​သည်​။
Yulအတန်းထဲ ၀င်​လာ​တော့
"​ပေါ်လာပီ ငါတို့က မင်းကို မင်းညီမအတန်းထဲမှာဘဲ ​နေ​တော့မယ်​ ထင်​​နေတာ....."
"ဟီး ငါ့မင်းသမီးနဲ့ စကား​ပြော​နေလို့ပါ လန်​ဘားရာ...."
"သူကျ သူ့မင်းသမီးနဲ့ စကား​ပြောချင်​တယ်​ ငါ့ကျ သူ့ညီမကို အိမ်​ပြန်​မပို့ခိုင်းဘူး Yulစုတ်​..."
Yoonaတ​ယောက်​ Yulကို စလိုက်​သည်​။ အမှန်​က Yulကို စချင်​တာထက်​ Sicaကို သ၀န်​တို​အောင်​ မသိမသာစလိုက်​ခြင်းဖြစ်​သည်​။ Sicaကို မသိမသာ ခိုးကြည့်​လိုက်​​တော့ သူထင်​ထားတဲ့အတိုင်းဘဲ Sicaရဲ့ မျက်​နှာ​လေး စူပုပ်​​နေပြီ​လေ.... Sicaရဲ့ စူပုပ်​ပုပ်​မျက်​နှာ​လေးကို ကြည့်​ပြီး Yoona ပြုံး​နေ​လေသည်။
✂✂✂✂✂
ည​နေ​ကျောင်းဆင်း​တော့ Vivianရဲ့ကားကို ၀ပ်​​ရှော့က လာမပို့​သေးတာနဲ့ ဖုန်းလှမ်းဆက်​​တော့ ၆နာရီ​လောက်​မှ ပြင်​လို့ပြီးမှာဆိုတဲ့အတွက်​​ကြောင့်​ Yuriတ​ယောက်​ သူ့ညီမကို အိမ်​ပြန်​လိုက်​ပို့​ပေးသည်​။ လမ်းမှာ Yuri ကား​မောင်း​နေရင်း
"အကြိမ်​ကြိမ်​ ငါ​လေ ခိုးကြည့်​တိုင်းမှာ မင်း​လေး​ပေးတဲ့ အပြုံးဟာ ကမ္ဘာ​မြေ ငြိမ်းချမ်း​အောင်​ လှ​နေလိုက်​တာ....." ဆိုပြီး သီချင်းစာသား​လေးကို ညည်းလိုက်​​တော့ Vivian တ​ယောက်​ Yuriကို လှမ်းကြည့်​ပြီး
"Yul . ..."
"Onn​ပြော..."
"Tiffany Hwang ကို သ​ဘောကျ​နေတာလား ....."
"နင်​ ဘယ်​လိုသိလည်း.. .."
" ငါ့အတန်းထဲ လာတယ်​ ငါနဲ့စကား​ပြောရင်း နင့်​မျက်​လုံးက Fanyတို့ ခုံဘက်​မှာ.. ပီး​တော့ ငါနဲ့ စကား​ပြောပီးတာနဲ့ မပြန်​ဘဲ Tiffany တို့ဆီ သွားပြီး စကား​ပြောတယ်​..... ငါသူတို့နှစ်​​ယောက်​ထဲက ဘယ်​သူ့ကို ​ယောင်းမ ​တော်​ရမှာလည်း ​မေး​တော့ Boraက Fanyကို လက်​ညှိုးထိုးပြတယ်​...အခုလည်း နင်ဆိုတဲ့ သီချင်းက Fanyကို ရည်​စူးတာ ငါသိတာ​ပေါ့ Fanyက Eye smile queen​လေ..."
"Omm ဟုတ်​တယ်​​ ငါ Fanyကို သ​ဘောကျ​နေတာ "
"Fanyကို အရင်​လူ​တွေလို နင်​ဘယ်​နှရက်​တွဲဖို့ စိတ်​ကူးထားလည်း...."
"Fanyကို ငါ့ဘ၀တသက်​တာလုံးရည်​ရွယ်​ထားတာဟ...."
"အပို​တွေ​ပြောပြန်​ပြီ Kwon yuriရယ်​......"
"ငါတကယ်​ ​ပြောတာ ခု​နောက်​ပိုင်း Fany​ကြောင့်​ ငါ လိမ်​မာ​နေပီ အရင်​လိုမ​ပွေ​တော့ဘူး...."
Vivian လည်း Yuri လက်​​မောင်းကို ဆွဲဆိတ်​လိုက်​​တော့
"အား... နာတယ်​ဟ ဘာလို့ ဆွဲဆိတ်​တာလည်း....😠"
"Aww ငါ အိမ်​မက်​မက်​​နေတာလား သိချင်​လို့...."
"သိချင်​ရင်​ ကိုယ့်​လက်​ကို ဆွဲဆိတ်​ပါ့လား😒😒 ဘာလို့ ငါ့ကို ဆွဲဆိတ်​တာလည်း.. ..."
"နာမှာဆိုးလို့😜"
"ကိုယ့်​အသား နာမှကြသိတတ်​တာ လဒမ​လေး....."
"နင်​ သူနဲ့ ဘယ်​လိုစ​တွေ့တာလည်း...."
Yuriလည်း Tiffany နဲ့ ​တွေ့ခဲ့တဲ့ အ​ကြောင်းကို ပြန်​​ပြောပြလိုက်​သည်​။
"Aww... super hero ​ပေါ့ နင်​က 😂😂"
"ဟီး.... ငါ့ကို Fanyနဲ့ ​အောင်​သွယ်​​ပေးပါ့လား...."
"ငါနင့်​ကို ​စောင့်​ကြည့်​အုံးမှာ.... နင်​တကယ်​ ​ပြောင်းလဲမှ ​အောင်​သွယ်​​ပေးမှာ မဟုတ်​ရင်​ Noဘဲ....."
"အခုငါ လိမ်​မာ​နေပြီ.... ဘယ်​သူ့​ကြောင့်​လည်း....
"
"ကန်​​တော့ပါ​သေးရဲ့😒😒😝😝"
"Apk😒😒😒"
Vivianကို အိမ်​ပြန်​ပို့​ပေး​တော့ Yuriရဲ့ဦး​လေး Vivian ရဲ့အ​ဖေက သူတို့နဲ့အတူ ညစာစားသွားဖို့ ​ခေါ်လို့ Yuri သူ့ဦး​လေးတို့နဲ့ အတူ ညစာစားလိုက်​တယ်​.... ပြီး​နောက်​ အိမ်​ကိုပြန်​လာ​တော့....
"သား ထမင်းစား​တော့မလား အ​မေခူးထားလိုက်​မယ်​....."
"​တော်​ပြီ မစား​တော့ဘူး Vivian ကားပျက်​​နေလို့ လိုက်​ပို့​ပေးရင်း ဦး​လေးတို့ အိမ်​မှာ စားခဲ့လိုက်​ပြီ.... ဦး​လေးက​ပြောတယ်​ အ​ဖေ့ကို ​လက်​​ဆောင်​အတွက်​ ​ကျေးဇူးတင်​ပါတယ်​တဲ့...."
"Aww ​အေး​အေး ဒါဆိုလည်း ​ရေချိုးပီး နားလိုက်​​လေ...."
"Nae omar..."
Yuriလည်း ​အ​ပေါ်တက်​သွားပြီး ​ရေချိုးလိုက်​သည်​။ ​ရေချိုးပီး ဂိမ်းခဏ​ဆော့ရင်း ခဏအကြာ​တော့ စာကြည့်​စားပွဲမှာ ထိုင်​လိုက်​ပြီး စာလုပ်​​နေသည်​။ Yuriကဆိုး​တော့ဆိုး​ပေမယ့်​ ပညာ​ရေးမှာ​တော့ မ​ညံ့​ပေ စာကို အချိန်​မှန်​လုပ်​​သော​ကြောင့်​ အမှတ်​​ကောင်း​တော့ အမြဲတမ်းရသူဖြစ်​သည်​။....
Taeyeon တ​ယောက်​ အိမ်​စာ​တွေလုပ်​ရင်း ဗိုက်​ဆာလာလို့ နာရီကို ကြည့်​လိုက်​​တော့
"Ummm......ရှစ်​နာရီ​တောင်​ ရှိသွားပါ့လား ဗိုက်​ဆာလိုက်​တာ မုန့်​သွားစားအုံးမှ...."
ဆိုင်​ကယ်​ကို ယူပြီး မုန့်​ဆိုင်​ကို သွားသည်​။ မုန့်​ဆိုင်​​ရောက်​​တော့ ​ခေါက်​ဆွဲပြုတ်​ ယူပြီး ထိုင်​မယ်​လုပ်​​တော့ ​သူ့လိုဘဲ ​ခေါက်​ဆွဲပြုတ်​ ထိုင်​​စား​နေသည့်​ Tiffanyကို​တွေ့​ပြီး သူအရမ်း​ပျော်​သွား​လေသည်​။ Tiffanyက​တော့ သူ့ကို သတိမထားမိ အပြင်​က  ဖြတ်​သွားဖြတ်​လာလုပ်​​နေတဲ့ လူတချို့ကို လိုက်​​ငေး​နေသည်​။ Taeyeon လည်း ထိုင်​ခုံကို ယူပြီး Tiffany ​ဘေးနားသွားထိုင်​လိုက်​သည်​။
"ထိုင်​လို့ ရတယ်​မလား Tipany"
Tipanyဆိုတဲ့ နာမည်​​ကြားလို့ Fanyလှည့်​ကြည့်​လိုက်​​တော့...
"Aww ဟိုတ​နေ့က ဓာတ်​ကြိုးကိုး....ရပါတယ်​ ထိုင်​ပါ "
"ဟာ..... ကျွန်​​တော့်​နာမည်​က ဓာတ်​ကြိုးမဟုတ်​ပါဘူး..."
"ရှင့်​ရဲ့နာမည်​ကို မသိလို့ ဓာတ်​ကြိုးလို့​ခေါ်မိတာပါ sorry😁😁"
"ရပါတယ်​ဗျာ ကျွန်​​တော့်​နာမည်​က Kim Taeyeon..... မှတ်​ထား​နော်​....."
"Nae Taeyeon shiii....ဒါနဲ့ ကျွန်​မနာမည်​က Tipany မဟုတ်​ပါဘူး 😂😂 Tiffanyပါ....
"Ti...."
"​ခေါ်ရခက်​ရင်​ Fanyလို့ဘဲ​ခေါ်​လေ...."
"Fany😍😍omm​ ​နောက်​ဆို Fanyလို့ဘဲ ​ခေါ်မယ်​​နော်​....."
"Nae Taeyeon shii.. ...."
"Fany..... Shiiiလို့မ​ပြောပါနဲ့လား ကွန်​​တော့်​ကိုလည်း အတိုေ​ကာက်​ Tae Taeလို့​ခေါ်ပါ့လား...."
"Thae....."
"Tae Taeလို့​ခေါ်ပါဆို😔"
"Aww nae Tae Tae...... ​ခေါက်​ဆွဲပြုတ်​​တွေ ​အေးကုန်​လိမ့်​မယ်​ စားလိုက်​ပါအုံး..."
"Fany​ပြောမှဘဲ ​ခေါက်​ဆွဲပြုတ်​ကို သတိရတယ်😁😁..."(ငမ်း​နေတာကိုး😏)
Fanyနဲ့ Taeyeon ​ခေါက်​ဆွဲပြုတ်​ အတူတူစားကြရင်း Taeyeonက​တော့ Fanyကို ခိုးခိုးကြည့်​​နေတာ Fanyက​တော့ သတိမထားမိ ​ခေါက်​ဆွဲပြုတ်​သာ ငုံ့စား​နေတယ်​.... စားလို့လည်းပြီး​ရော
"Fany ခဏ....."
Fanyရဲ့ နှုတ်​ခမ်းမှာ တင်​​နေတဲ့ ကြက်​ဥအဖတ်​​လေးကို Taeyeon လက်​နဲ့ဖယ်​​ပေးလိုက်​သည်​။ Fanyရဲ့ နှုတ်​ခမ်းကို Taeyeon လာကိုင်​လိုက်​ချိန်​မှာ
Fanyရဲ့ စိတ်​ထဲ....
"Arrrr.... သူ ငါ့နှုတ်​ခမ်းကို လာကိုင်​တာကို ဘာလို့ ငါက ရင်​​တွေတအားခုန်​​နေရတာလည်း ဒီလိုမျိုးတခါမှ မဖြစ်​ဖူးပါဘူး.....Fany စိတ်​ထိန်းစမ်း စိတ်​ထိန်းစမ်း......."
Taeyeon ရဲ့ စိတ်​ထဲမှာလည်း
"အား....... သူ့ရဲ့ ဖူး​နေတဲ့ ပန်းနု​ရောင်​ နှုတ်​ခမ်း​လေးက ငါ့ကိုဆွဲ​ဆောင်​​နေတယ်​.......... နမ်းမိ​တော့မှာဘဲ စိတ်​ထိန်း.. ..."
Taeyeon လည်း ကြက်​ဥအဖတ်​​လေးကို ဖယ်​​ပေးပြီး.....
" စားပြီးပြီဆို​တော့ ပြန်​လိုက်​အုံးမယ်​​နော်​ ကျွန်​မနဲ့ အတူ အ​ဖော်​လုပ်​ပြီး​တော့ စား​ပေးလို့ ​ကျေးဇူးပါပဲ Tae Tae...."
"ဟို..... Fany တ​ယောက်​တည်းလာတာလား......"
"ရှင်​..."
"​မေးချင်​တာက ...."
"ကျွန်​မ လမ်း​လျှောက်​လာတာပါ ကျန်းမာ​ရေးလည်း​ကောင်း​​အောင်​ ၀ိတ်​လည်းကျ​အောင်​...."
"ဒါဆို ကျွန်​​တော့်​ဆိုင်​ကယ်​​ပေါ်တက်​...."
"ရှင်​...."
"ကျွန်​​တော်​ပြန်​လိုက်​ပို့​ပေးပါရ​စေ ညကြီး မိန်းက​လေး တ​ယောက်​တည်း အပြင်​မှာရှိ​နေတာမ​ကောင်းဘူး​လေ...."
"ရပါတယ်​ ခါတိုင်းလည်း ကျွန်​မဒီလိုဘဲ သွား​နေကြကို......"
"ခါတိုင်းက ခါတိုင်း အခုက အခု မရဘူးဗျာ ကျွန်​​တော့်​ကို ခင်​ရင်​ တက်​ပါဗျာ....."
Taeyeon က ဇွတ်​​ခေါ်​နေတာနဲ့ Fanyလည်း အားနာပြီး ဆိုင်​ကယ်​​ပေါ်ကို တက်​လိုက်​သည်​။ Fanyကို အိမ်​ပြန်​ပို့​ပေးရင်း လမ်းမှာ
"Fanyက ညတိုင်း ဒီလို ထွက်​စား​နေကျလား...."
"တခါတ​လေ ဗိုက်​အရမ်းဆာမှပါ...."
"Aww....."
"Tae Taeက​ရော....."
"ကျွန်​​တော်​လည်း Fanyလိုဘဲ စာလုပ်​ရင်းဗိုက်​ဆာလာလို့ လာစားတာ...."
"Aww...."
"Fanyက ဘယ်​​မေဂျာကလည်း....."
" chemistryက​လေ..."
"ဒါဆို ကျွန်​​တော်​တို့နဲ့ ​မေဂျာတူတာ​ပေါ့.... ဘယ်​အတန်းကလည်း....."
"Cတန်းက...."
"အဲ့တာဆို fanyနဲ့ ကျွန်​​တော့်​ကြား Bတခုဘဲ ခြားတာ....ကျွန်​​တော်​က Aတန်းက...."
"Aww Tae Taeက ​တော်​သားဘဲ..."
"မ​တော်​ပါဘူးဗျာ...... နီးရက်​နဲ့ ​ဝေး​နေရတယ်​လို့ Taeရာ..."
"Thae..."
"ဘာမှမဟုတ်​ပါဘူး😁😁"
Fanyနဲ့ စကား​ပြောရင်း......Fanyတို့ အိမ်​နားကို ​ရောက်​​တော့ လမ်းကြားထဲက ဆိုင်​ကယ်​တစ်​စီးက ရုတ်​တရက်​ ထွက်​လာလို့ Taeyeon ဘရိတ်​အုပ်​လိုက်​​သောအခါ.... Fanyမှာ လန့်​ပြီး Taeyeonရဲ့ ခါးကို ဖက်​မိသွားသည်​။ Fanyသူ့ခါးကို လာဖက်​လို့ Taeyeonတ​ယောက်
"ဟာ....... Fany ငါ့ခါးကို လာဖက်​ပါ့လား ငါ့ရင်​ခုန်​သံ​တွေ မြန်​​နေတယ်​ဆိုတာ​လေ ငါ့နှလုံးကြီး ခုန်​​နေတယ်​ဆိုတာ ​ပေါက်​ထွက်​သွားမှာ​တောင်​ စိုးရိမ်​တယ်​......."
Fanyလည်း Taeyeon ခါးကို ဖက်​မိလို့.....
"လုပ်​ပြန်​ပြီ ရင်​​တွေခုန်​လာပြန်​ပြီ.... Fanyမ နင်​ဘယ်​သူ့အ​ပေါ်ကိုမှ သံ​ယောဇဉ်​ တွယ်​လို့ ချစ်​လို့မဖြစ်​ဘူး​လေ စိတ်​ထိန်းအုံး....."
သူတို့နှစ်​​ယောက်​ ရင်​ခုန်​မှု​ပေါင်းများစွာနဲ့.... ​နောက်​ဆုံး Fanyရဲ့ အိမ်​ကို ​ရောက်​လာသည်​။ Fanyဆိုင်​ကယ်​​ပေါ်ကဆင်းပြီး...
"အိမ်​အထိ လိုက်​ပို့​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​....Tae Tae....."
"ရပါတယ်​.. .."
ထိုစဉ်​ ရုတ်​တရက်​ မိုးရွာချလာ​တော့...
"ဟင်​ မိုး​ရွာလာပါ့လား သွား​တော့မယ်​​နော်​ Fany....."
"ဒီအတိုင်း မပြန်​ပါနဲ့ ကျွန်​မထဲမှာ မိုးကာရှိတယ်​ ရှာ​ပေးမယ်​.... Tae Taeခဏ အိမ်​ထဲဝင်​ထိုင်​လိုက်​ပါ​နော်​ မိုး​ရေ​တွေ စိုကုန်​ပြီး ဖျားလိမ့်​မယ်​ လာ...."
Fany​ခေါ်လို့ သူ့ရဲ့ အိမ်​ထဲကို Tae ၀င်​သွားလိုက်​သည်​။ Fanyက​တော့ သူ့အခန်းထဲ ၀င်​ပြီး မိုးကာအင်္ကျီရှာ​နေ​လေရဲ့...... ခဏအကြာ မိုးကာအင်္ကျီနဲ့ Fanyထွက်​လာပြီး
"​ရော့.... Tae Tae၀တ်​လိုက်​..."
"Fany ကတ​ယောက်​တည်း​နေတာလား..... "
"Ommm ဟုတ်​တယ်​ 😔 Fany omarက ​ရောဂါနဲ့ဆုံးသွားပြီ​လေ..Omarဆုံးပြီး ၆လအကြာ Appaက ​နောက်​မိန်းမ ယူသွားလို့ Fany အိမ်​ကဆင်းလာတာ..... ဒီအိမ်​က Fanyကို အရမ်းချစ်​တဲ့ Fany အ​ဒေါ် Hyoyeon ၀ယ်​​ပေးတာ....."
"Aww ကြားရတာ စိတ်​မ​ကောင်းလိုက်​တာ.... ကျွန်​​တော်လည်း တ​ယောက်​တည်း ​နေတာ..... Appaနဲ့ Omarက နိုင်​ငံခြားမှာ​လေ သူတို့က တစ်​လတခါ​တော့ ​ထောက်​ပံ့​ပေးပါတယ်​....."
"Aww... အချမ်း​ပြေ coffee ​သောက်​သွားပါအုံးလား ​ဖျော်​​ပေးမယ်​​လေ...."
"​နေပါ​စေ ကျွန်​​တော်​ ပြန်​​တော့မယ်​..... မိန်းမပျို​လေး တ​ယောက်​ အိမ်​မှာ ​ယောင်္ကျားတ​ယောက်​ ရှိ​နေတာ ပတ်​၀န်းကျင်​မြင်​ရင်​ မ​ကောင်းဘူး​လေ အခု အချိန်​ကလည်း ညဖြစ်​​နေ​တော့...... သွား​တော့မယ်​​နော်​ မနက်​ကျ ​ကျောင်း​ရောက်​မှ မိုးကာပြန်​​ပေး​တော့မယ်​ Fany...... good night​နော်​...."
Taeyeon လည်း Fanyကို နှုတ်​ဆက်​ပြီး အိမ်​ပြန်​သွားတယ်​.... အိမ်​ကို​ရောက်​​တော့ အ၀တ်​အစား​လဲပီး ကုတင်​​ပေါ်ကို ပစ်​လှဲလိုက်​တယ်​....
ပြီး​တော့ Fanyနဲ့အ​ကြောင်း​တွေ ပြန်​​တွေးပြီး ကြည်​နူးမှု​ပေါင်းများစွာနဲ့ အိပ်​​ပျော်​သွား​လေသည်​။
Yuriတ​ယောက်​ စာလုပ်​ပီး​နောက်​ ပြတင်း​ပေါက်​ကို လှမ်းကြည့်​လိုက်​​တော့
"ဟာ.... မိုး​တွေရွာ​နေပါ့လား ဒီည​တော့ မိုး​အေး​အေးနဲ့ ​ကွေး​တော့မယ်​​ဟေ့ မ​ကွေးခင်​ ငါ Diary စာအုပ်​ထဲ မ​နေ့က Fanyနဲ့​တွေ့ခဲ့တာ​လေး....​ရေးလိုက်​ပါအုံးမယ်​...."
Diaryထဲ Tiffanyနဲ့ သူ​တွေ့ခဲ့တာ​တွေ ပြန်​​ရေးပြီး Diaryစာလုပ်​​လေးကို ဖက်​ပြီး Yuri အိပ်​​ပျော်​သွား​လေသည်​။

Girl....Don't LieDonde viven las historias. Descúbrelo ahora