LLC + Black Rose

883 107 16
                                    

Ep - 8

ကျနော် အဆုံးအစ မရှိတဲ့ လမ်းမကြီးတစ်ခုပေါ်
ခြေဦးတည်ရာမဲ့စွာ လမ်းလျှောက်နေတယ်

ဒီလိုအချိန်တွေဆို....အဖေနဲ့ အမေကို အရမ်းလွမ်းတာပဲ

ကျနော် ငယ်ငယ်ကဆို ကျောင်းမှာ တစ်ယောက်ထဲ
အပယ်ခံဖြစ်နေလို့ ငိုပြီး အိမ်ပြန်လာရင် အမေက
ကျနော့်ကို သူမရဲ့ ရင်ခွင်ထဲထည့်ပြီး ချိုသာတဲ့
စကားတွေနဲ့ နှစ်သိမ့်ပေးလေ့ရှိတယ်....

အဖေကတော့ ကျနော့်ကို ရီစရာတွေပြောပြတယ်
ကလိထိုးတယ်.....သူ့ဂုတ်ပေါ်တက်စီးခိုင်းတယ်

အဲ့တုန်းက အချိန်တွေဆီ ပြန်သွားလို့ရရင် သိပ်
ကောင်းမှာပဲ....နာကျင်ခြင်းမရှိတဲ့ ကလေးဘဝ....

အခုတော့....ကျနော့်မှာ အမေမရှိတော့ဘူး.....
အဖေတော့ ရှိသေးတယ်လေ

အဖေ....ရုတ်တရက်ကြီး အဖေ့ကို လွမ်းလာတယ်
ကျနော်သူ့ကို မုန်းပေမယ့်လည်း.....ကျနော့်မှာ
ခင်တွယ်စရာ ဆွေမျိုးသားချင်းဆိုလို့ အဖေပဲ
ရှိတော့တာလေ.....

ကျနော် အဖေနဲ့ မတွေ့တာ ဘယ်နှစ် နှစ်တွေတောင်
ရှိနေပြီလည်း မသိဘူး....
ကျနော် အထက်တန်းပြီးကတည်းက Tae Hyung နဲ့
အတူတူ အိမ်ဝယ်ပြီး နေလိုက်တာ
အိမ်ပြောင်းပြီး နောက်ပိုင်း သူနဲ့ မတွေ့ဖြစ်တော့ဘူး

အချိန်တွေ ဒီလောက်တောင်ကြာသွားပြီပဲ
သူလည်း နောက်မိန်းမ ထပ်ယူပြီး အိမ်ပြောင်းသွားပြီ
ထင်ပါရဲ့.....အော်....ဘယ်လိုပဲဖြစ်ဖြစ်ပါ
အရင်အိမ်ကိုပဲ သွားကြည့်ဦးမယ် အဖေနဲ့ တွေ့တွေ့
မတွေ့တွေ့.....

+*+*+*+*+*Love Like Caffeine*+*+*+*+*+

ကျနော့်ရဲ့ အရင်အိမ်ကို ပြန်တော့......
TV show room မှာပြထားတဲ့ TV တစ်လုံးကို
ဘာရယ်မဟုတ်ဘူး လှမ်းကြည့်လိုက်တယ်

*Nae....ဒီနေ့ သတင်းထူးကတော့ Gwangju နဲ့
Icheon အနီးအနားတစ်ဝိုက်မှာ လူသတ်မှုတွေ
ခဏတိုင်း ဖြစ်နေတယ်ကြားပါတယ်.....သက်သေ
အထောက်အထား မယ်မယ်ရရလည်း မကျန်ခဲ့ပါဘူး
မှန်းချေအရတော့ အုပ်စုလိုက် သတ်ဖြတ်ခဲ့တယ်လို့
ရဲတွေက ပြောကြားခဲ့ပါတယ်....အသတ်ခံရတဲ့ လူ
အများစုကလည်း စီးပွားရေးမှာ အောင်မြင်ကြပြီး
မှောင်ခို နယ်ပယ်တွေမှာ လုပ်ကိုင်နေကြတယ်လို့
သတင်းရရှိပါတယ်....အဲ့နယ်ပယ်ထဲက လူတွေ
အချင်းချင်း မကျေနပ်ကြလို့ ဂိုဏ်းအုပ်စုလိုက်
သတ်ဖြတ်ခဲ့တယ်လို့လည်း မှန်းချက်ချလို့ရပါတယ်*

Love like CaffeineTahanan ng mga kuwento. Tumuklas ngayon