Girl...Don't Lie(Part-9)

1K 97 17
                                    

Yoona သီချင်းဆိုပြီး Taeyeonတို့ဆီ ပြန်​လာထိုင်​တယ်​.... ​coffeeတစ်​ငုံစာ​လေးကို ​မော့လိုက်​ပြီး....
"Hyung​တွေ..... ငါ​ပြောစရာရှိလို့ ​ပြောစရာဆိုတာထက်​.... ရင်​ဖွင့်​ချင်​တာ တိုင်​ပင်​ချင်​တာကွာ..."
"ရင်​ဖွင့်​ချင်​တာများ ရင်​ခွဲရုံသွား​ပေါ့ကွ😜😜😜"
"Hyung Sooyoung မ​နောက်​ပါနဲ့ကွာ.... ငါ ​တကယ်​ ခံစား​နေရတာ...."
"အချစ်​အ​ကြောင်းလား...."
"Omm ဟုတ်​တယ်​ Taeyeon...."
"အချစ်​အ​ကြောင်းဆိုရင်​ ငါတို့ထက်​ ဟို​ကောင်​ Yulက ပို သိတယ်​ နှံ့စပ်​တယ်​ဟ....."
"ငါ​လေ.. ... တခါမှမဖြစ်​ဖူးတဲ့ ခံစားချက်​တခု ဖြစ်​​ပေါ်​နေတယ်​..... ငါ​လေ .... အဲ့​ကောင်​မ​လေးကို ချစ်​မိ​နေတာလား မသိဘူး...."
"ဘယ်​သူလဲ.. ..."
"မင်းကို ပါးရိုက်​လိုက်​တဲ့ Jessica jung လား...."
"မင်း ဘယ်​လိုသိတာလည်း Sooyoung.. ..."
"သိတာ​ပေါ့ကွ..... ငါက မင်း​ဘေးမှာထိုင်​တာ​လေ..... မင်းသူ့ကို ခိုးခိုးကြည့်​​နေတာ ငါသတိထားမိ​သေး...... ​နေ့လည်​က မင်း Tylerနဲ့ သူ့ကို J၀င်​ပြီး တလွဲ​တောင်​ ​အော်​ခဲ့​သေး😂😂"
"သူ တလွဲ​အော်​တာ အဲ့တာ​ကြောင့်​လား😂😂"
"Omm ဟုတ်​တယ်​ Taeyeon သူ J၀င်​​နေတာ​လေ.... "
"အဲ့တာကို ငါ​ပြောချင်​တာ.... ငါ Jessica ကို ချစ်​​နေပီ ဒါ​ပေမယ့် Tylerက ငါ့ထက်​ jessicaကို အရင်​ဖွင့်​​ပြောလိုက်​တယ်​.... Sicaက သူ့ကို ပြန်​အ​ဖြေ​ပေးမှာ ငါစိုးရိမ်​တယ်​ကွာ.. ..."
"မင်းလည်း ဖွင့်​​ပြော​ပေါ့ကွ အချိန်​မှီပါ​သေးတယ်​..... Jessica က Tylerကို အ​ဖြေ​ပေး​သေးတာမှမဟုတ်​တာ....."
"ငါ ဘယ်​လို ဖွင့်​​ပြောရမလည်း..... ငါ​ကြောက်​တယ်​.. ...Taeyeon yrr..."
"ဟာကွာ မင်းကလည်း ​ယောင်္ကျား​လေးမဟုတ်​လား ဘာမှ​ကြောက်​မ​နေနဲ့.... ငါဆို ငါစိတ်​၀င်​စား​နေတဲ့ ​ကောင်​မ​လေးတ​ယောက်​ကို အတင်းဝင်​​ရောလိုက်​တာ အခုဆို သူနဲ့ငါ ​တော်​​တော်​​လေး ခင်​​နေပြီလို့​ပြောရမလား....."
"အလဲ့ ဘယ်​သူလည်း...."
"Tiffanyတဲ့ သူ့နာမည်​က ...."
"​ချောလား မိတ်​ဆက်​​ပေး..."
"Omm အရမ်း​ချောတယ်​ Sooyoung 😍😍 ကြုံရင်​ မိတ်​ဆက်​​ပေးမယ်​​လေ... သူက yuriနဲ့​တော့ သိတယ်​ဟ.... ဘယ်​လိုသိတာလည်း မသိဘူး...."
"Aww Kim Taeyeon ရယ်​ Kwon Yuriဆိုတဲ့​ကောင်​က ​ဒီလိုဘဲ မိန်းက​လေး​တွေနဲ့ ခင်​​နေသိ​နေကြဘဲကို...."
Sooyoung နဲ့ Taeyeon ​ပြောတာ​တွေ နား​ထောင်​ရင်း .....
"စကားမစပ်​​လေ ငါက Jessica အ​ကြောင်း​ပြော​နေတာက​နေ ဘယ်​နဲ့​ကြောင့်​ Tiffany အ​ကြောင်း ​ရောက်​သွားတာလည်း 😏😏"
"ဟီး ငါက မ​ကြောက်​ဖို့ ဥပမာ​ပြောပြတာပါကွာ...... မ​ကြောက်​နဲ့ ရဲရဲတင်းတင်းသာ ဖွင့်​​ပြောလိုက်​ သူလက်​ခံရင်​လည်း ​ပျော်​​ပေါ့ကွာ... ဒါ​ပေမယ့် မင်းရဲ့ ပါး​တော့ သတိထား အချခံ​နေရအုံးမယ်​😂😂ဟိုက လက်​သွက်​တယ်​​နော်​....."
"Apk ဒါဆို ​ကျောင်းဖွင့်​ရင်​ ငါဖွင့်​​ပြောလိုက်​မယ်​....."
"Yeah..... Fighting yoong💪💪💪"
Sooyoung နဲ့ Taeyeonတို့ အား​ပေးမှု​ကြောင့်​ Yoona အားရှိသွားပီး ​ကျောင်းဖွင့်​ရင်​ Jessica ကို ဖွင့်​​ပြောဖို့ ဆုံးဖြတ်​ချက်​ချလိုက်​သည်​။ စားပြီး​သောက်​ပြီး​နောက်​ Yoonaတို့ အိမ်​ပြန်​သွားကြ​ပေမယ့်​ Yuriက​တော့ မြစ်​ကမ်း​ဘေးမှာ ထိုင်​ပြီး ဘီယာ​သောက်​​နေရင်း
"Yuri.... မင်း ဘာမှ ​လျှောက်​​တွေးမ​နေနဲ့ သူတို့နှစ်​​ယောက်​က ရိုးရိုးသားသား ခင်​ကြတာ ​နေမှာပါ မိန်းက​လေးနဲ့ ​ယောင်္ကျား​လေး စကား​ပြောတိုင်း ရင်းနှီးတိုင်း..... သ​ဘောကျ​နေကြတာမှ မဟုတ်​တာ ​လျှောက်​မ​တွေးနဲ့​တော့....အ​တွေးလွန်​ရင်​ ပင်​ပန်းတယ်​ကွ....."ဆိုပြီး ကိုယ့်​ကိုကိုယ်​ နှစ်​သိမ့်​​နေတယ်​....... ဘီယာ နှစ်​ဗူးကုန်​​တော့ Yuri အိမ်​ကို ပြန်​​မောင်းလာပြီး အခန်းထဲမှာ အ၀တ်​မလဲဘဲ ကုတင်​​ပေါ်ကို ပစ်​လှဲလိုက်​တယ်​....
Jessicaက​တော့ ရုပ်​ရှင်​ကြည့်​​နေရင်း Yoonaမျက်နှာကို မြင်​​ယောင်​မိတယ်​.....
"အား....... ငါ့ကို စိုက်​ကြည့်​ပြီး သီချင်းဆို​နေတာကို ဘာလို့ခဏခဏ မြင်​​ယောင်​​နေတာလည်း..... ဘာလို့ သူ့အသံကို ခဏခဏကြား​နေရတာလည်း Jessica Jung.. ... နင်​ရူး​နေတာလား......"
Yoonaကလည်း ​ခေါင်းအုံး​လေးကို ဖက်​ပြီး Jessicaကို ဘယ်​လို ဖွင့်​​ပြောရမလည်းဆိုပြီး ​တွေး​တော​နေ​လေရဲ့...........
✂✂✂✂✂✂✂✂✂
ကျောင်းပိတ်​လို့ Kwon Yuriတ​ယောက်​က​တော့ ​နောက်​​ကျတဲ့ အထိ အိပ်​​နေ​ပေမယ့်​... Yoonaက​တော့ ရုပ်​ရှင်​ကြည့်​ချင်​လို့ အိမ်​က​နေ ​​​ခွေဆိုင်​ရှိရာကို ထွက်​လာလိုက်​တယ်​.....လမ်းမှာ စက်​ဘီးနဲ့ ​ကောင်​မ​လေး တ​ယောက်​ လဲ​နေတာ​တွေ့​တော့ ကားကိုရပ်​ပြီး ဆင်းကြည့်​လိုက်​တယ်​..... စက်​ဘီးနဲ့လဲ​နေတဲ့ ​ကောင်​မ​လေးတ​ယောက်​က Sicaဖြစ်​​နေ​တော့ Yoona အရမ်းစိုးရိမ်​သွားတယ်​....
"ဟင်​ Jessica shii.... ဘယ်​လိုဖြစ်​တာလည်း😨😨"
"ဟင်​ Yoona shii....."
"Yoona မshiiနဲ့ ဘာဖြစ်​တာလည်းလို့...မြန်​မြန်​​ပြောပါ ဟင်​ လက်​မှာလည်း ​သွေး​တွေနဲ့ ​ဆေးရုံသွားကြမယ်​လာ...."
"နည်းနည်းဘဲ ပွန်းသွားရုံပါ ကျွန်​မအဆင်​​ပြေပါတယ်​...."
လဲ​နေရာမှ Sica အားယူပြီး ထ​ပေမယ့်​ ​ခြေ​ထောက်​က ​ခေါက်​သွား​တော့ လမ်းမ​လျှောက်​နိုင်​ဘဲ နာကျင်​​နေ​တော့.... Yoona တ​ယောက်​ Sicaကို ​ပွေ့ချီလိုက်​တယ်​....ရုတ်​တရက်​ Yoona​ရဲ့​ပွေ့ချီတာခံရ​တော့
Sicaတ​ယောက်​ လန့်​သွားပြီး..
"ဘာလုပ်​တာလည်း Yoona shii ​ကျွန်​မကို ​အောက်​ချ​ပေးပါ...."
"မချ​ပေးဘူးဗျာ ပါးရိုက်​ချင်​ရိုက်​"
Jessicaကို ​ပွေ့ချီပီး သူ့ကားထဲကို ထည့်​လိုက်​တယ်​....ပြီး​တော့ သူမရဲ့ စက်​ဘီးကိုလည်း ကား​​နောက်​ခန်းထဲ ထည့်​လိုက်​ပြီး Yoonaကားထဲကို ပြန်​၀င်​လာတယ်​... ပြီး​တော့ Jessica ကို ခါးပတ်​ပတ်​​ပေးလိုက်​တယ်​.... Sicaက​ Yoonaတ​ယောက်​ သူ့ကို ဂရုစိုက်​​ပေးလို့ ​ပျော်​တာ​ရော ခုန ​ပွေ့ချီတုံးက အချိန်​ကို ပြန်​​တွေးပြီး ရင်​​တွေခုန်​​နေတာနဲ့ ဘာစကားမှ မ​ပြောနိုင်​ဘဲ ဖြစ်​​နေတယ်​.... Yoona ကား​မောင်းရင်း...
" စက်​ဘီး​မှောက်​တာလား Jessica shii...."
" မဟုတ်​ပါဘူး ဆိုင်​ကယ်​တစ်​စီး​လေ ကျွန်​မကို တိုက်​မိမလို့ဖြစ်​လို့ ​ရှောင်​ရင်း လဲသွားတာပါ...."
"အဲ့ ဆိုင်​ကယ်​သမားက ပြန်​မ​တောင်းပန်​ဘူးလား"
Sicaက ​ခေါင်းခါပြ​တော့.....
"ဟူး.....ဘယ်​လို​ကောင်​မှန်းမသိဘူး...... ​ဆေးရုံသွားမယ်​.. ...."
"အာညီး ​ဆေးရုံ​တော့မသွားပါနဲ့ ကျွန်​မ နည်းနည်းပါးပါး ပွန်းရုံပါ...."
"​ခြေ​ထောက်​​ခေါက်​တာကျ​တော့​ရော..."
"​ဆေးလိမ်းလိုက်​ရင်​ အဆင်​​ပြေမှာပါ... ကျွန်​မရဲ့ အိမ်​ကိုဘဲ လိုက်​ပို့​ပေးပါ​နော်​...."
Yoonaလည်း ​ပြောမရတဲ့အဆုံး Sicaရဲ့ အိမ်​ကိုဘဲ ​မေးပြီး ​မောင်းလိုက်​တယ်​...Sicaရဲ့ အိမ်​ကို​ရောက်​​တော့....
"ကျွန်​မ ဘာသာဘဲ..."
Sicaရဲ့ စကား​တောင်​ မဆုံး​သေး Yoonaတ​ယောက်​ သူ့ကို​ပွေ့ချီပြန်​တယ်​....
"ဒီ​ခြေ​ထောက်​နဲ့ ဘာ ကျွန်​မဘာသာလည်း.... "
Sicaရဲ့ အိမ်​ထဲကို ​ရောက်​​တော့ ဆိုဖာ​ပေါ်ကို ချလိုက်​ပြီး အိမ်​အ​နောက်​ထဲကို Yoona၀င်​သွားတယ်​....
ခဏ​ကြာ​တော့ ​ရေဇလုံတခုနဲ့ ပြန်​ထွက်​လာပြီး Sicaရဲ့ ​ရှေ့ကိုချလိုက်​တယ်​...
"​ခြေ​ထောက်​ကို ဒီထဲ ခဏစိမ်​ထား....ပြန်​လာမယ်​ ဘာမှမလုပ်​နဲ့​နော်​ ဒီတိုင်းထိုင်​​နေ" ဆိုပြီး အပြင်​ကို ထွက်​သွားတယ်​....Sicaလည်း Yoonaကို ကြည့်​ပြီး အူ​ကြောင်​​ကြောင်​နဲ့ ကျန်​ခဲ့တယ်​....Sicaလည်း Yoonaကို ​စောင့်​ရင်း ပျင်းလို့ Tvဖွင့်​ပြီး ရုပ်​ရှင်​ကြည့်​​နေလိုက်​တယ်​.....နာရီဝက်​​လောက်​ကြာ​တော့ Yoona​တ​ယောက်​ ပြန်​​ရောက်​လာပြီး.... ​ပုဝါကို ​ရေဆွတ်ပီး​​​ Sicaရဲ့ လက်​က​သွေး​တွေကို သုတ်​​ပေးပြီး ဒဏ်​ရာ​တွေကို ​ဆေးထည့်​​ပေး​​တယ်​...​​ဆေး​ကြောင့်​ စပ်​ပြီး Sicaတွန့်​သွား​တော့ Yoonaတ​ယောက်​ Sicaရဲ့ အနာ​ကို မစပ်​​အောင်​ မှုတ်​​ပေး​နေတယ်​..... အနာကို ​ဆေးထည့်​​ပေးပြီး အနာကပ်​ပလာစတာ ကပ်​​ပေးပြီး ဆိုဖာ​ပေါ်က​နေ ​အောက်​ကိုဆင်းထိုင်​လိုက်​တယ်​...ပီး​နောက်​ Sicaရဲ့ ​ခြေ​ထောက်​ကို ​ရေဇလုံထဲက​နေ ဆွဲယူပြီး သူ့ရဲ့​ပေါင်​​ပေါ်တင်​ရင်း ​ရေ​တွေကို ​သေချာသုတ်​​ပေး​နေတယ်​.... ပြီး​နောက်​ ၀ယ်​လာတဲ့ ​ဆေးပုလင်းထဲက ​ဆေးရည်​​တွေကို Sicaရဲ့​ခြေ​ထောက်​မှာ လိမ်း​ပေးပြီး ​သေချာနှိပ်​​ပေးရင်း ပတ်​တီးစည်း​ပေးလိုက်​သည်​။.... Sicaလည်း Yoonaကို ကြည့်​ပြီး ​တော်​​တော်​အံ့သြ​နေတယ်​... ဘယ်​​ယောင်္ကျား​လေးမှ သူ့ချစ်​သူကလွဲလို့ မိန်းက​လေး​တွေရဲ့ ​ခြေ​ထောက်​ကို ကိုင်​ဖို့​နေ​နေသာသာ အချို့​ယောင်္ကျား​လေး​တွေဆို ကိုယ့်​ချစ်​သူကို ဖိနပ်​စီး​ပေးဖို့​တောင်​ ၀န်​​လေးကြတာ Yoonaက​တော့ အဲ့လိုမဟုတ်​ ​ခြေ​ထောက်​ကို​တောင်​ ကိုင်​ပီး ​သေချာအားရပါရ​ဆေးလိမ်း​ပေး​နေ​သေး...
"Umm.... ရပြီ......ည​နေ​လောက်​ဆို သက်​သာသွားမှာပါ..."
"Gomawo Yoona shii...."
"မလိုပါဘူး.... ဒါနဲ့ ​နေ့လည်​စာ​ရော စားပြီးပြီလား..."
"အာညီး ခုနက ​နေ့လည်​စာ ၀ယ်​မလို့ အပြင်​ထွက်​ရင်း ​ဆိုင်​ကယ်​တိုက်​ခံရတာ😢😢"
"Ummmm...... ခဏ​စောင့်​ ထမင်းနဲ့ကင်​ချီရှိတယ်​မလား ကျွန်​​တော်​ ကင်​ချီထမင်း​ကြော်​​လုပ်​ပေးမယ်​...."
မီးဖို​ချောင်​ထဲမှာ ထမင်းချက်​ပြီး ကင်​ချီနဲ့ ထမင်း​ကြော်​​နေတဲ့ Yoona ကို Sica Tvကြည့်​​နေရာက ​လှမ်းကြည့်​ရင်း...အ​တွေးထဲမှာ....
"Aigooo.... ​ယောင်္ကျား​လေးဖြစ်​ပြီး မီးဖို​ချောင်​က ကိစ္စ​တွေလည်း လုပ်​တတ်​တာလား Yoonaရယ်​😍 အ​နောက်​​က​နေ ဟင်းချက်​​နေတဲ့ ခါး​လေးကို ဖက်​လိုက်​ရရင်​😍😍 "
Yoonaက​တော့ ထမင်း​ကြော်​ကို ပန်းကန်​ထဲထည့်​ပြီး Sicaဆီကို ​လျှောက်​လာတယ်​.... ပြီး​တော့ Sicaရဲ့ ​ဘေးနားဝင်​ထိုင်​ပြီး Sicaကို ထမင်းခွံ့​ကျွေးတယ်​....
"ရပါတယ်​ ကျွန်​မဖာသာ စားပါမယ်​......"
"Jessica ရဲ့ လက်​မှာ ဒဏ်​ရာရလို့ မစားနိုင်​မှာ ဆိုးလို့ပါ....."
"ရပါတယ်​.. . ကျွန်​မရဲ့ လက်​က ဒဏ်​ရာက​သေး​သေး​လေးပါ...."
"ဟုတ်​ပါပီဗျာ.. .."
Sicaကို ထမင်း​ကြော်​ ပန်းကန်​​ပေးပြီး သူခွံ့​ကျွေးတာ မစားလို့ စူပုပ်​​နေတဲ့ မျက်​နှာ​လေးနဲ့ Tvကို ထိုင်​ကြည့်​​နေတယ်​....Yoona​ကြော်​​ပေးတဲ့ ထမင်း​ကြော်​စားပြီး
"Omo..... Yoona shii.... ထမင်း​ကြော်​က အရမ်း​ကောင်းတယ်​...."
သူ့ထမင်း​ကြော်​ကို ​ကောင်းတယ်​​ပြောလို့ Yoonaတ​ယောက်​ စူပုပ်​ရာက​နေ ပြုံးလာပီး
"တကယ်​လား...."
"Omm ကျွန်​မ​တောင်​ မ​ကြော်​တတ်​ဘူး Yoonaက အရမ်း​တော်​တာဘဲ...."
"Jessica က ထမင်းမ​ကြော်​တတ်​ဘူးလား😳😳"
"Omm😁😁 ဟင်းသိပ်​မချက်​တတ်​ဘူး ကျွန်မရဲ့ Omarတို့က ​တစ်​လတစ်​ခါ ကျွန်​မဆီ အလည်​လာရင်​ ဟင်း​တွေ တစ်​လစာထည့်​လာတာ😁😁 သူတို့​ပေးတဲ့ ဟင်း​တွေနဲ့စားတာ ဟင်း​တွေကုန်​သွားရင်​ အပြင်​ထွက်​၀ယ်​စားတာ...."
"Aigoooo......Sicaက​တော့​နော်​ က​လေးကျ​နေတာပဲ.. .."
Yoonaတ​ယောက်​ Sica ထမင်းစား​နေတာကို စိုက်​ကြည့်​​နေတယ်​.....
"Yoona shii ဘာလို့ ဒီ​လောက်​စိုက်​ကြည့်​​နေတာလည်း မ​နေတတ်​​တော့ဘူး...."
"Aww Sicaရဲ့ နှုတ်​ခမ်းမှာ ထမင်းလုံးတင်​​နေလို့ပါ....."
Sicaရဲ့ နှုတ်​ခမ်း​ပေါ်က ထမင်း​လုံးကို ဖယ်​​ပေးရင်း Sicaရဲ့ နှုတ်​ခမ်း​လေးကို ကြည့်​ပြီး
Yoonaတ​ယောက်​ စိတ်​မထိန်းနို​င်​တာနဲ့
" အရမ်းချစ်​တယ်​......Sica....."ဆိုပြီး Sicaရဲ့ နှုတ်​ခမ်း​လေးကို နမ်းလိုက်​သည်​။

Girl....Don't LieWo Geschichten leben. Entdecke jetzt