I Can See Your Love Through Your Eyes Ch-17

947 103 4
                                    

Ten's POV

Taeyong ကိုနိုင်စားနေတဲ့မြင်ကွင်းတစ်ခုသာကျနော့်ကိုဒေါသထွက်စေနိုင်တာ။
Taeyong ချစ်ရတဲ့ Jaehyun ကိုမြင်ရင်သာမနာလိုဖြစ်မိတာ။
ကျနော် Taeyong ကိုမချစ်တော့ဘူးလို့ကိုယ့်ကိုကိုယ်အကြိမ်ကြိမ်တားနေမိတယ်။ဒါပေမယ့် ကျနော့်ရဲ့ mission မအောင်မြင်ခဲ့ဘူး။ ပြေးနေရင်းနဲ့မုဆိုးကျော့ကွင်းထဲမှာမိတဲ့ယုန်ငယ်တစ်ကောင်လို  အကြိမ်ကြိမ်တားနေလျက်နဲ့ Taeyong ကိုပိုပိုချစ်မိနေခဲ့တာ။ နောက်ဆုံးကျနော်သိလိုက်တာက Taeyong ဟာကျနော့်ကိုဖြည်းဖြည်းချင်းသတ်နေတဲ့ လက်နက်မဲ့လူသတ်သမားတစ်ယောက်ပဲဆိုတာ။

ဒဏ်ရာဟောင်းတွေပြန်ထလာလို့ တိုက်အောက်ကဆိုင်လေးတစ်ဆိုင်ကနေ ဘီယာဗူးတွေဝယ်ပြီး ကိုယ့်ရဲ့နာကျင်မှုတွေကိုဖြေသိမ့်နေခဲ့မိတယ်။

Ten's POV End

****************

Taeyong 's POV

"ကဲ  ပြန်ရောက်ပါပြီ  ဒီနေ့တော့ ramen နဲ့ပဲဖြေသိမ့်ကြတာပေါ့   Ya Ten မင်းသောက်နေတာလား"

ကျနော့်ကိုမှအားမနာ ကျနော်မရှိတုန်းအားရပါးရသောက်နေတဲ့ Ten ကိုကျနော်စိတ်ပျက်တဲ့လေသံနဲ့မေးလိုက်မိတယ်။

"Taeyong~"

ရီဝေနေတဲ့မျက်လုံးနဲ့ကျနော်ကိုပြန်ခေါ်တဲ့ Ten ကိုကျနော်စိတ်ပျက်ပျက်နဲ့စုတ်တချက်သပ်လိုက်မိတယ်

"ကျွတ်      မင်းကွာာ ငါမရှိတုန်းသောက်နေတာလား စိတ်ပျက်တယ်"

"Taeyong  မင်းမသိဘူး။  မင်းလုံးဝမသိဘူး  ငါဘယ်လောက်ခံစားနေရလဲဆိုတာမင်းမသိဘူးမဟူတ်လား ငါ့ရင်ဘတ်ကြီးစုတ်ပြတ်သပ်နေပြီကွ"

ရင်ဘတ်ကိုထုကာပြောလာတဲ့ Ten ကိုကျနော်မှင်သက်စွာငေးကြည့်နေမိတယ်။

"မင်းကြောင့်ရလာတဲ့ ငါ့နှလုံးသားကနာကျင်မှုတွေကလေ ရင်ဘတ်ကိုဖိထားလျက်နဲ့တောင် ဆည်ပြိုသလိုဒလဟောထွက်ရင်ထွက်လာတာ"

"-----"

"ငါဘာပဲလုပ်ခဲ့လုပ်ခဲ့ဘယ်တော့မှနောင်တမရတတ်ဘူး။ ဒါပေမယ့် မင်းကိုချစ်ခဲ့တာတော့နောင်တရတယ်  ဘာလို့လည်းဆိုတော့ငါပေးဆပ်သလောက်မင်းအချစ်ကိုမရခဲ့ဘူးလေ"

I Can See Your Love Through Your Eyes Where stories live. Discover now